Showing posts with label Computer ပိုင်းဆိုင်ရာ. Show all posts
Showing posts with label Computer ပိုင်းဆိုင်ရာ. Show all posts
Tuesday, 21 October 2014
KMS Activator Ultimate 2014 v2.0 [Windows Vista,7,8,8.1 Activator](computer)
Window Activate မဖြစ်လို့စိတ်ညစ်နေတယ်
ဆိုရင်တော့ All In One လေးဖြစ်တဲ့ဒါလေးကိုသာဆောင်ထားလိုက်ပါ။ဘယ်လိုဝင်းဒိုးအမျိုးအစားတွေကို
လုပ်ပေးနိုင်လဲဆိုတာအောက်မှာဖော်ပြပေးထားပါတယ်
KMS Activator Ultimate 2014 v2.0 [Windows Vista,7,8,8.1 Activator]
ဟိုတုန်ကတော့  version 1.9 တင်ပေးခဲ့ဘူးတယ် ဒီတစ်ခေါက်တော့ version2.0 ကိုတင်းပေးလိုက်ပါ
တယ်။နားလည်းတယ်သူငယ်ချင်းတွေရှိသလိုနားမည်းသူငယ်ချင်းတွေလည်းရှိတယ် ။နားမည်သူတွေ...
Windows အားလုံးအတွက် Activator လေးကိုတင်ပေးလိုက်ပါတယ်။Activate မဖြစ်လို့စိတ်ညစ်နေတယ်
ဆိုရင်တော့ All In One လေးဖြစ်တဲ့ဒါလေးကိုသာဆောင်ထားလိုက်ပါ။ဘယ်လိုဝင်းဒိုးအမျိုးအစားတွေကို
လုပ်ပေးနိုင်လဲဆိုတာအောက်မှာဖော်ပြပေးထားပါတယ်။Net Framework 2.0 ကိုမိမိစက်ထဲမှာရှိဖို့တော့
လိုပါတယ်။မရှိရင်တော့ Google ကနေမိမိဝင်းဒိုးဆိုင်ရာကိုရိုက်ပြီးရှာဒေါင်းလိုက်ပါ။ဒီကောင်လေးကိုမိမိ
ဒေါင်းပြီးသိမ်းထားမယ်ဆိုရင်တော့မိမိကွန်ပြူတာမှာမည်သည့်ဝင်းဒိုးကိုမဆို Activated ဖြစ်စွာနဲ့အေးအေး
ဆေးဆေးအသုံးပြုနိုင်မှာပါ။(ဆောင်ထားသင့်ပါတယ်)ဒေါင်းလော့စ်ဖိုင်ထဲမှာအသုံးပြုနည်းကိုသေချာဖတ်ပါ...
Sunday, 19 October 2014
Computer အကြည့်များတဲ့သူတွေ
မျက်စိညောင်းညာခြင်းကို လျော့ပါးစေတဲ့ မျက်စိလေ့ကျင့်ခန်း
=================================
ခပ်သွက်သွက်ပြေးတာပဲဖြစ်ဖြစ်၊ ရေကူးတာပဲဖြစ်ဖြစ် လေ့ကျင့်ခန်းတစ်ခုခုကို နေ့စဉ်ပြုလုပ်ပြီး ခန္ဓာကိုယ်ကို ကြံ့ခိုင်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့က
အရေးပါတဲ့ ကိစ္စတစ်ရပ်ဖြစ်တယ်ဆိုတာကို လူတိုင်းနီးပါး
သိထားတဲ့ကိစ္စတစ်ခုပါ။ ဒါပေမယ့် သင့်မျက်လုံးကိုလည်း လေ့ကျင့်ခန်းလုပ်ပေးလို့ ရတယ်ဆိုတာကိုသိထားပါသလား။ မျက်လုံး လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့် မျက်လုံးကျန်းမာရေးကို ကောင်းမွန်စေသလို
မျက်စိညောင်းညာခြင်းကိုလည်း လျော့ပါးစေပါတယ်။ ဒါကြောင့် မျက်လုံးလေ့ကျင့်ခန်းလေးတွေကို လုပ်ပြီး
မျက်စိကို ကောင်းမွန်အောင် ထားနိုင်ကြဖို့ အောက်မှာ လွယ်ကူရိုးရှင်းတဲ့ မျက်လုံးလေ့ကျင့်ခန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ကုလားထိုင်မှာ သက်တောင့်သက်သာအနေအထားနဲ့ ထိုင်ပါ။ လက်ဖဝါးနှစ်ဖက်ကို ပူနွေးလာတဲ့အထိ ပွတ်ပါ။ ပူနွေးလာရင် မျက်လုံးနှစ်လုံးကို ညင်သာစွာမှိတ်ပြီး လက်ဖဝါးနဲ့ အုပ်ထားပါ။
မျက်စိကိုဖိပြီးအုပ်မထားပါနဲ့။ လက်ဖဝါးအခွက်ထဲနဲ့ မျက်စိကိုအုပ်၊ အလင်းရောင်မဝင်အောင် လက်ချောင်းလေးတွေကို မဟအောင်ထားပါ။ နှာတံနဲ့ လက်ဖဝါးကိုလည်း ထိနေအောင်ထားပါ။
မှောင်မည်းတဲ့ ပတ်ဝန်းကျင်လိုသဘောထားပြီး အမှောင်ထဲကို အာရုံစူးစိုက်လိုက်ပါ။အသက်ပြင်းပြင်းရှုသွင်းလိုက်ပါ။ ပျော်ရွှင်ဖွယ်အမှတ်တရလေးတွေကို စဉ်းစားနေပါ။ မှောင်မည်းတဲ့ဝန်းကျင်ကိုသာ မြင်ရပြီဆိုရင် လက်ဖဝါးကို အသာလေးဖယ်လိုက်ပါ။
ဒီလိုမျိုးလေ့ကျင့်ခန်းကို ၃ မိနစ်လောက် လုပ်ပေးပါ။
၂။ မျက်စိကို တင်းတင်းလေးမှိတ်လိုက်ပါ။ ၅ စက္ကန့်လောက်ကြာရင် ပြန်ဖွင့်ပါ။ ၅ စက္ကန့်လောက် ကြာရင်
တင်းတင်းလေးပြန်မှိတ်ပါ။ ဒီလိုမျိုးလေး ၇ ကြိမ်၊ ၈ ကြိမ်လောက် လုပ်ပေးပါ။
၃။ မျက်လုံးလေးမှိတ်ပြီး လက်ချောင်းလေးတွေနဲ့ စက်ဝိုင်းပုံသဏ္ဍာန်လှုပ်ရှားမှုနဲ့ နှိပ်ပေးပါ။ တအားဖိပြီး
မနှိပ်ပါနဲ့။ အားဖျော့ဖျော့လေးနဲ့နှိပ်ပါ။
၎။ လက်ချောင်းသုံးချောင်းနဲ့ အပေါ်မျက်ခွံကို ဖိပေးပါ။ ၂ စက္ကန့်လောက် ဖိပြီး လျော့ချလိုက်ပါ။ ၅ ကြိမ်ခန့် လုပ်ပေးပါ။
၅။ သက်တောင့်သက်သာအနေအထားနဲ့ထိုင်ပါ။ မျက်လုံးကို နာရီလက်တံအတိုင်း လှည့်ပါ။
မျက်တောင်ခတ်ပါ။ နောက် နာရီလက်တံပြောင်းပြန်လှည့်ပါ။ ငါးကြိမ်လောက်လုပ်ပေးပါ။
၆။ မှန်ပြတင်းပေါက်နဲ့ ၆ လက်မလောက်အကွာမှာထိုင်ပါ။ မျက်စိအနေအထားနဲ့ အနေအတော်လောက်မှာ ထင်သာမယ့်အရောင်တခုနဲ့ အမှတ်လေးချစ်လိုက်ပါ။ အဲဒီအမှတ်လေးနေတဆင့် အဝေးတစ်နေရာကို ၁၅ စက္ကန့်လောက် စူးစိုက်ကြည့်လိုက်ပါ။ ပြီးရင် အမှတ်ကလေးကိုပဲ ၁၅ စက္ကန့်လောက် ပြန်ကြည့်ပေးပါ။
ဒါမှမဟုတ် ခဲတံတစ်ချောင်းကို လက်တစ်ကမ်းအကွာမှာ ကိုင်ပြီး စူးစိုက်ကြည့်ပါ။ နှာခေါင်းနားရောက်အောင် တဖြည်းဖြည်း ဆွဲယူလာပါ။
ပြီးရင် လက်တကမ်းအကွာကို တဖြည်းဖြည်း ပြန်ရွှေ့လိုက်ပါ။ ၁ဝ ကြိမ်လုပ်ပေးပါ။
၇။ နံရံတစ်ခုနဲ့ မျက်နှာချင်းဆိုင်ထိုင်ပါ။ ပြီးရင် ခေါင်းကိုမလှုပ်ပဲ မျက်လုံးနဲ့ နံရံပေါ်မှာ စာရေးပါ။ ပထမတော့ခက်ခဲတဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။
လေ့ကျင့်ရင်းနဲ့ ပျော်စရာလေးတစ်ခု ဖြစ်လာတာကို တွေ့ရမှာပါ။
စာလုံးကြီးကြီးရေးလေ ထိရောက်မှု ပိုရှိလေပါပဲ။
၈။ ရှေ့မှာ နာရီကြီးကြီးတစ်လုံးရှိနေတယ်လို့ မှတ်ယူထားပါ။ နာရီရဲ့ အလည်ဗဟိုတည့်တည့်ကို ကြည့်နေပါ။
နာရီမှတ်ကိုကြည့်ပါ။ ဗဟိုကိုပြန်လာပါ။ နောက်နာရီမှတ် တစ်ခုကို ထပ်ကြည့်ပါ။ ဗဟိုကိုပြန်ကြည့်ပါ။
နာရီလက်တံ ၁၂ ခုပြည့်အောင်လုပ်ပြိးသွားရင် လုံလောက်ပါပြီး။ ဒီလေ့ကျင့်ခန်းကို မျက်လုံးမှိတ်ပြီးတော့လည်း လုပ်လို့ရပါတယ်။
၉။ ပေ ၁၅ဝ အကွာအဝေးလောက်မှာရှိတဲ့ အရာဝတ္ထုတစ်ခုခုကို စက္ကန့်အနည်းငယ်လောက် စူးစိုက်ကြည့်ပါ။
တဖြည်းဖြည်းနဲ့ ပေ ၃ဝ အောက်ရှိတဲ့ အရာဝတ္ထုဆီကို အကြည့်ပြောင်းလိုက်ပါ။
စက္ကန့်အနည်းငယ်လောက်ကြာရင် အဝေးမှာရှိတဲ့ အရာဝတ္ထုဆီကိုပြန်ကြည့်လိုက်ပါ။ ငါးကြိမ်လောက်
လုပ်ပေးပါ။
၁ဝ။ ဝေးနိုင်သမျှ ဝေးတဲ့ နေရာမှာရှိတဲ့ အရာဝတ္ထုတစ်ခုကို ကြည့်ပါ။ နာရီဝက်အကြာမှာ တခါလောက် အဝေးကိုကြည့်ပေးပါ။ ဒီလိုမျိုးကြည့်ပေးခြင်းဟာမျက်လုံး အမြင်စွမ်းအားကို ထိန်းထားပေးနိုင်သလို၊ အမြင်အာရုံယိုယွင်းလာခြင်းကိုလည်း ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။
၁၁။ မျက်လုံးကို အပေါ်ကြည့် အောက်ကြည့် ကြည့်ပေးပါ။ ၈ ကြိမ်လောက်လုပ်ပြီး၊ ညာကြည့်၊ ဘယ်ကြည့်
ကြည့်ပေးပါ။ ၈ ကြိမ်လောက်လုပ်ပါ။ ကြည့်အခါမှာ မျက်လုံးကို ဖိပြီး မကြည့်ပါနဲ့။ ဖိပြီးကြည့်ရင် အမြင်အာရုံကို ပိုမိုဆိုးဝါးစေတာကြောင့် ဖွဖွလေးပဲမျက်လုံးကို ရွှေ့လျားပါ။
လေ့ကျင့်ခန်းတစ်ခုကို အချိန်ကြာကြာလုပ်တာထက်စာရင် မှန်မှန်လေးလုပ်ဖို့က ပိုအရေးကြီးပါတယ်။
ကွန်ပျူတာသုံးလို့ပဲဖြစ်ဖြစ် အလုပ်တစ်ခုကို အာရုံစိုက်ပြီးအချိန်အကြာကြီး အလုပ်လုပ်နေစဉ်မှာ မျက်လုံးကို ဟိုဟို၊ ဒီဒီရွှေ့လျားအလုပ်လုပ်စေပါ။ အလုပ်လုပ်နေစဉ် အတွင်းမှာလည်း အဝေးတနေရာကိုကြည့်ပြီး
မျက်လုံးညောင်းညာမှုကို ဖြေလျှော့ပါ။ လက်ဖဝါးနှစ်ဖက်ကိုပူအောင်ပွတ်ပြီး မျက်လုံးပေးမှာအုပ်ပေးထားတဲ့ နည်းကတော့ အကောင်းဆုံးပါပဲ။ ခဏခဏ မျက်တောင်ခတ်ပါ။ မျက်လုံး ညောင်းပြီးစပ်နေတဲ့အခါ အခြေအနေပေးရင် ရေအေးလေးနဲ့ မျက်လုံးကို ဆေးကြောပေးလိုက်ပါ။
credit to .>>>( Sarmicmantra)
Computer Error(MSVCR100.dll error fixed)ဖြေရှင်းနည်း
MSVCR100.dll error fixed
application တစ်ခုတစ်ခုဖွင့်လို့ ဒီလိုစာပေါ်လာရင် အောက်က လင့်ကိုသွားပြီး ဒေါင်လိုက်ပါ အင်းစတော့လုပ်လိုက်ပါ ဒါဆို အဆင်ပြေသွားပါလိမ့်မယ်
ဒီကို သွားပါနော်
Thursday, 9 October 2014
ကွန်ပျုတာ မ hang ခင်သိထားသင့်တဲ့ အချက်များ
ကွန်ပျုတာ မ hang ခင်သိထားသင့်တဲ့ အချက်တွေဖြစ်ပြီး ပုံမှန်ဂရုစိုက်ပြီး လုပ်စေချင်တာပါ။ ဒါပေသိ မလုပ်ဖြစ်လို့ ကွန်ပျုတာ hang နေပီဆိုမှ လုပ်ချင်တယ်ဆိုရင်လည်း ကွန်ပျုတာကို ပြန်လည်သွတ်လပ်စေဖို့ လုပ်ဆောင်ရမည့် အချက်တွေပဲဖြစ်ပါတယ်။
၁။ run box မှာ msconfig လို့ရိုက်ပြီး startup tab မှ item တွေ အားလုံးကို disable all လုပ်ပြီး ctfmon ဆိုတဲ့ item တစ်ခုကိုပဲ check ပြန်လုပ်ပြီး ok နှိပ်ပါ။ restart ချမှာလား မေးရင် exist without restart ကိုနှိပ်ပြီး restart နောက်မှ လုပ်မယ်ပြောလိုက်ပါ။
၂။ run box မှာ services.msc လို့ရိုက်ပြီး ကိုယ့်ကွန်ပျုတာမှာ အသုံးမပြုဖြစ်တဲ့ services တွေ၊ အသုံးပြုမှု အလွန်နည်းတဲ့ services တွေကို disable လုပ်ထားပါ။
၃။ My computer အတွင်းရှိ data ထည့်သုံးထားသော Drive များကို Disk Clean up & Defragment ကို တစ်ပါတ် တစ်ခါဖြစ်ဖြစ် အားလပ်ချိန်များတွင် ပြုလုပ်ပေးပါ။ hardware ပိုင်းမှာလည်း တစ်လတစ်ခါဖြစ်စေ ဖုန်တွေကို မှုတ်ထုတ်ပြီး သန့်ရှင်းရေးလုပ်ပေးပါ။
၎။ ကွန်ပျုတာတွင် virus ရှိမနေအောင် ဂရိုတစိုက် စောင့်ရှောက်ပါ။ ရှိ/မရှိ ကြည့်ကြည့်ပေးပါ။ Antivirus တစ်ခုခုကို ပုံမှန် update လုပ်ပေးပြီး နေ့စဉ် virus scan လုပ်ပေးပါ။ usb drive များ၊ cd/dvd drive များ၊ download ချထားသည်များမှ software များ၊ ဖိုင်များကို အလွယ်တကူ click နှိပ် မဖွင့်မိပါစေနှင့်။ virus စစ်ပြီး virus မရှိမှ ဖွင့်သုံးပါ။ (ဒီ နံပါတ် ၄ သည် စက် hang စေသော အဓိကအချက်ထဲတွင် ပါပါသည်။)
၅။ အသုံးပြုတဲ့ software နှင့် hardware မျှတပါစေ။ ဒီလိုဗျာ ကိုယ့် ကွန်ပျုတာက hardware ပိုင်းမှာ အရမ်းအားနည်းနေရင် software ပိုင်းမှာ latest တွေ၊ ခဏစမ်းသုံးကြည့်တဲ့ software တွေကို ပြန်ဖြုတ်ပြီး hardware နှင့် မျှတအောင် ပြန်ချိန်ညှိဖို့တော့ လိုပါမယ်။ (ဒီ နံပါတ် ၅ သည်လည်း စက် hang စေသော အဓိကအချက်တစ်ခု ဖြစ်ပါသည်။)
၆။ နှစ်သက်ရာ speed up software တစ်ခုခုဖြင့် ကွန်ပျုတာကို ပုံမှန် Maintenance လုပ်ပေးပါ။
၇။ ကွန်ပျုတာမှာ install လုပ်ထားတဲ့ application software တွေက အရမ်းများပြီး virus နှင့် data defragment မလုပ်ဖြစ်လို့ စက် hand တယ်လို့ ယူဆရင်တော့ virus သတ်၊ data backup လုပ်ပြီး window အသစ်ပြန်တင်ဖို့ အဆင်ပြေမယ်ဆိုရင် တစ်ခါတစ်လေ window ပြန် တင်လိုက် ရင်လည်း စက်ကိုပြန်လည် သွတ်လတ်စေပါတယ်။
နံပါတ် ၁ အချက် ဘာကြောင့်လုပ်ရတာလဲ?
၁။ startup item တွေထဲမှာ ရှိတဲ့ application တွေက ကွန်ပျုတာစဖွင့်လိုက်တာနဲ့ နောက်ကွယ်ကနေ အလုပ်လုပ်နေစေတဲ့ application တွေရှိနေတဲ့ နေရာပါ။ virus program များရဲ့ မရောက်မဖြစ် နေရာလည်း ဖြစ်ပါတယ်။
software တော်တော်များများသည် install လုပ်ပြီးတာနဲ့ သူတို့ software ကို ကွန်ပျုတာ ဖွင့်လိုက်သည်နှင့် အသုံးပြုဖြစ်စေရန် ဒီ startup item ထဲမှာ ရောက်ရှိနေစေပါတယ်။ အဲ့ဒီအတွက် အကျိုးသက်ရောက်မှုက ကွန်ပျုတာရဲ့ boot speed အရမ်းနှေးစေပါတယ်။ ကွန်ပျုတာ အဖွင့်အရမ်းကြာလာပါတယ်။ ctfmon item တစ်ခုတည်းချန်ပြီး check လုပ်ရသည့် အကြောင်းက zawgyi keyboard လေးပျောက်သွားမှာဆိုးလို့ပါ။
နံပါတ် ၂ အချက် ဘာကြောင့်လုပ်ရတာလဲ?
၂။ ကွန်ပျုတာကို တကယ်လိုအပ်လို့ program ၂ ခု ၃ ခု တွဲပြီး အသုံးချပြီဆိုတဲ့အခါမှာ စက်ကို hang သွားစေတာဟာ ဒီနေရာမှာ မလိုအပ်ပဲ အလုပ်လုပ်နေတဲ့ service တွေကို run ခွင့်ပေးထားလို့ပါ။ ဒါကြောင့် ဒီ service တွေထဲက ကိုယ့်ကွန်ပျုတာမှာ အသုံးမပြုဖြစ်တဲ့ services တွေ၊ အသုံးပြုမှု အလွန်နည်းတဲ့ services တွေကို disable လုပ်ထားသင့်တာဖြစ် ပါတယ်။ ဒီလို disable လုပ်ဖို့က service တစ်ခုခြင်းရဲ့ အလုပ်လုပ်ပုံကို သိထားဖို့လိုပါမယ်။
နံပါတ် ၃ အချက် ဘာကြောင့်လုပ်ရတာလဲ?
၃။ ကွန်ပျုတာအသုံးပြုပီဆိုတဲ့အခါမှာ လိုအပ်တဲ့ data ၊ program တွေကိုခေါ်ယူအသုံးပြုတဲ့အပိုင်းအများဆုံးပါပါတယ်။ အဲ့ဒီအတွက် မလိုအပ်တဲ့ data တွေ၊ Temporary files ၊ စတာတွေကို ရှင်းထုတ်ပေးဖို့ Disk Clean up နှင့် လိုအပ်တဲ့ data တွေကို အစီအရီ ဖြစ်စေဖို့ Defragment ဆိုတာ ကွန်ပျုတာ မ hang စေဖို့ လုပ်ဆောင်သင့်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။ hardware ပိုင်းမှာ အသုံးပြုမှု ကြာလာတာနှင့်အမျှ ဖုန်မှုန်တွေက ကပ်နေနိုင်ပါတယ်။ အဲ့ဒါတွေက တစ်လတစ်ခါဖြစ်စေ ပုံမှန်ရှင်းထုတ်သင့်ပါတယ်။
နံပါတ် ၄ အချက် ဘာကြောင့်လုပ်ရတာလဲ?
၎။ ကွန်ပျုတာကို hang စေတဲ့ အဓိကအချက် ဖြစ်သလို တခြား ဘေးထွက်ဆိုးကျိုးတွေလည်းဖြစ်စေတဲ့အတွက် ဒီအချက်ကတော့ စက် hang တဲ့ ကွန်ပျုတာမှာ ဖြစ်စေ မ hang တဲ့ ကွန်ပျုတာမှာဖြစ်စေ ဂရုစိုက်သင့်တဲ့အချက်မို့ပါ။
နံပါတ် ၅ အချက် ဘာကြောင့်လုပ်ရတာလဲ?
၅။ စက်ကို hang စေတဲ့ အဓိကအချက်လို့ ဆိုထားသလို software ပိုင်းအသုံးပြုမှုနှင့် hardware ပိုင်းတပ်ဆင်မှုက မျှတဖို့ လိုအပ်ပါတယ်။ software ပိုင်းမှာ latest တွေပဲသုံးချင်တယ်။ နောက် software တွေကို မသုံးဖူးတာမရှိရအောင်ဆိုပြီး install လေးလုပ်ပြီး စမ်းစမ်းသုံးကြည့်ဖြစ်တယ်။ နောက်အသုံးချမှု နည်းတဲ့ software တွေကို ပြန်လည်း မဖြုတ်ဖြစ်ဘူးဆိုရင်တော့ hardware ပိုင်း upgrade လုပ်နိုင်မှ ဖြစ်ပါမယ်။ ကိုယ်စက်က hardware ပိုင်းလုပ်ဆောင်နိုင်မှုနှင့် ကိုယ်သုံးချင်တဲ့ software ပိုင်း အသုံးချမှု မျှတစေဖို့က စက်မ hang စေဖို့မှာ အဓိက ကျလှပါတယ်။
နံပါတ် ၆ အချက် ဘာကြောင့်လုပ်ရတာလဲ?
၆။ ဒီလို ကွန်ပျုတာကို speed up software တစ်ခုခုသုံးပြီးလုပ်ဆောင်တာဟာ ကွန်ပျုတာကို ပိုမိုကောင်းမွန်စေ ဖို့နှင့် Manual Maintenance လုပ်ဆောင်မှုတွေမှာ ကျန်ရှိနေတဲ့ function တွေကို လုပ်ဆောင်ပေးနိုင်တဲ့အတွက် ဒီလို ကိုယ်နှစ်သက်ရာ speed up software တစ်ခုခုကို လက်ကိုင်ထားပြီး လုပ်ဆောင်စေတာကလည်း စက်မ hang စေဖို့မှာ လုပ်ဆောင်သင့်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။
နံပါတ် ၇ အချက် ဘာကြောင့်လုပ်ရတာလဲ?
၇။ ဒီအချက်ကတော့ ကွန်ပျုတာကို ကုမ္ပဏီတွေ၊ အစိုးရဌာနတွေမှာ data တွေကို အချိန်နှင့်အမျှ အရေးပေါ် ချိတ်ဆက်အသုံးပြုနေရတဲ့ သူတွေအတွက် ကွန်ပျုတာ သွတ်စေဖို့ တစ်ခုတည်း အတွက်တော့ မသင့်တော်ပါဘူး။
ကျနော်ကတော့ ကွန်ပျုတာတစ်လုံးကို ကြည့်လိုက်လို့ software တွေ ပွစလောင်းလန်နေတယ်၊ virus လည်းရှိ တယ်၊ ပုံမှန် Maintenance လည်း လုပ်မထားဘူး၊ window အသစ်တင်ဖို့လည်း အဆင်ပြေတယ်ဆိုရင် တစ်ခါ တစ်လေ window အသစ်ပြန်တင်ပေးပြီး စက်ကို သွတ်လတ်စေပါ တယ်။ ဒါက နောက်ဆုံးအဆင့်အနေနဲ့ လုပ် တာပါ။ ပုံမှန်အားဖြင့်တော့ အပေါ်က ၆ ချက်နဲ့ပဲ အဆင်ပြေပါတယ်။
အဆင်ပြေပါစေ..
ရေးသာသူ Ko Lin-Thalarwaddy
http://thitsan-computer-training.blogspot.com
Thursday, 2 October 2014
ကွန်ပျုတာရှိရင် ကွန်ပျုတာသုံးရင် ဒီဟာလေးကိုတော့ သိထားသင့်ပါတယ်
ဘာလို့ ဒီလိုရေးလည်းဆိုတော့ အသုံးတည့်တယ် တတ်ထားသင့်တယ်လို့ ထင်တယ်
မြန်မာစာရေးမရဘူးလို့ ပြောလာတဲ့သူတွေမှာလည်း ဒီပြဿနာလေးကို တွေ့ ရလို့ ပါ
အဲ့မှာ Lenguage Bar လေး   ပျောက်သွားတဲ့လူတွေ ပြန်ဖော်ဖို့  နည်းလေးတွေရယ်
တခြား  ဘာသာစကား တစ်ခုခု  ပြောင်းရိုက်မယ်ဆို  ဒီစနစ်ကို မဖြစ်မနေ သုံးရမှာပါ
အခုလောလောဆယ် မြန်မာလိုရိုက်မယ် အင်္ဂလိပ်လိုရိုက်မယ် အဲ့ဆိုရင် Ctrl + Shift
မြန်မာလိုပဲ ရိုက်ရတယ် ၊ အင်္ဂလိပ်လိုရေးမရ၊ ပြောင်းမရဖြစ်တတ်တယ် ။အလားတူပဲ
အင်္ဂလိပ်လိုရေးလို့ ရပြီး  မြန်မာလိုရေးမရတာ ဖြစ်သွားတတ်ပါတယ် ။  အဲ့လိုအခါမှာ
မြန်မာစာကို   ပြန်ထည့်ပေးရပါမယ် ။ ထည့်နည်းကတော့ Control Pennl  ထဲကနေ
Regional Lenguage Option ဆိုတဲ့ setting ကို သုံးရပါမယ် ။ Window မှာဆိုရင်
Control Pennel =Regional and lenguages =Change Key boardကို တဆင့်စီ
နှိပ်ပါ လွယ်ပါတယ် ။ Window  XP ကိုပြောရရင်.Control Pennel => Regionnal
Keyboard Layout /IME ကို အမှန်ချစ်ပြီး  လိုချင်တဲ့   ဘာသာစကားကို ရွေးထည့်
မြန်မာစာ  ပျောက်သွားတဲ့သူက  Alpha Zawgyi Keyboard  ကိုပြန်ထည့်ရပါတယ်
အဲ့မှာ  မြန်မာလိုပဲ  ရေးရပြီး  Ctrl + Shift နှိပ်လည်း  အင်္ဂလိပ်လိုေ ရးမရတော့ရင်
US ကို ပြန်ရှာထည့်ပါ ။ နောက်တစ်ခုကတော့  ကိုယ်က  တရုပ်လို  ဂျပန်လိုရေးရင်
ဂျပန်စာ  တရုပ်စာကိုထည့်ပါ ။  ဥပမာ ရုရှားလိုရေးချင်ရင်  ရုရှားထည့်  အင်စတော
လုပ်စရာမလိုပဲ  မူလ၀င်းဒိုးမှာ ပါလာပြီးသား  ဘာသာစကား အများကြီးပါ ။  မြန်မာ
ဘာသာစကားကို  ရေးချင်လို့   ထပ်ပီးထည့်ရတာပါ ။  အင်စတော  ထပ်ထည့်စရာ
မလိုတဲ့  ဘာသာတွေကိုလည်း  ကိုယ်တိုင်လေ့လာကြည့်လိုက်ပါ သဘောတရားကို
နားလည်ထားနေရင် အခြားဘာသာ စကားတွေလည်း  ကိုယ်တိုင် ထည့်တတ်မှာပါ
နောက်နားက ဒီမှာ နီပေါတွေ ပညာကိုသင်ပေးတော့ သူတို့ ဘာသာလိုရေးချင်တာ
ထည့်ပေးဖူးတာနဲ့   တခြားဘာသာတွေလည်း  သုံးချင်ရင် ရေးချင်ရင်ဒီလိုပဲ လုပ်ဖို့ 
ဆိုတာကို သိစေချင်တာပါ ။ ပြီးတော့ အကြောင်းအမျိုးမျိုးကြောင့် Lenguage bar
ပျောက်သွားတဲ့  သူတွေကလည်း  အပေါ်က  setting အတိုင်းပါပဲ ။  ပုံကိုကြည့်ပါ
စောစော  ဘသာစကားထပ်ထည့်တာ မလို့  Add  ကနေသွားတာ အဲ့မှာ မလိုအပ်
ရင်  ကိုယ်မလိုတဲ့  ဘာသာစကားကို Remove နဲ့ ထည့်ပါ ပြဿနာလေးတစ်ခုကို
ပြောပြရရင် ကျနော်တို့ နားက  စက်ရုံတစ်ရုံရဲ့  သူဌေးဆီမှာ ကွန်ပျုတာတစ်လုံးကို
ပြဿနာတက်နေတာ  အင်္ဂလိပ်လို ရေးမရတာ  ကီးဘုတ်မှာ T ကို နှိပ်ရင် Tမလာ
ပဲ  အီတလီ  ဘာသာစကားတစ်ခု ၀င်နေတာ တွေ့ တယ် ပြန်မဖြုတ်တတ်တာရယ်
ကြောင့်ပြင်ဆိုင်ပို့ ရမဲ့   အခြေနေမှာ  မြန်မာသူငယ်ချင်း  အကူညီနဲ့ လာပြင်ပေးဖို့ 
ဆက်သွယ်လာပါတယ် ။ ပြင်ဆင်ခကို  ကြားပွဲစားက  မလေးရှားငွေ 50 ပေးဖို့ လဲ
သဘောတူကြတယ်ပေါ့ဗျာ ။ သူက   ကျနော့ဆိုဒ်ကို  ဒိုမိန်းဝယ်ပေးထားတဲ့သူပါပဲ
ဒီလိုနဲ့   Sunday မှာ  ပြင်ပေးဖို့ သဘောတူလိုက်တယ် ။လာခေါ်တယ် ပြန်ပို့ တယ်
ကြွေးတယ်  ပေါဗျာ ။ 50 ရတယ်ပေါ့ဗျာ ကျနော်တို့ စက်ရုံမှာ မနက်၈နာရီကနေပြီး
ည8နာရီအထိ  12နာရီလုပ်မှ  50ပဲရပါတယ် ။ အခု 15မိနစ်မကြာဘူး  ပြင်တာက
ဒါပေမယ့် ပညာဆိုတာလွယ်လွယ်ပေးရင်  တေးဖြစ်ဆို တဲ့ စကားပုံရှိနေလေတော့
ကျနော်သွား ကြည့်တယ်  စာရေးမက ဒီလိုဒီလို ပြောတယ် ။  ပြဿနာတက်တယ်
ဘာညာပေါ့ ။  ရေးမရတဲ့  ပြဿနာကိုတာ့  Lenguage bar  ထောက်ကြည့်လိုက်
သိလိုက်ပါပြီ ။ US လို့ ခေါ်တဲ့   အင်္ဂလိပ်ဖောင့်   ပျောက်နေတယ် ။ လုပ်လိုက်ရင်
15မိနစ်မကြာဘူး  သိပေမယ့်  အနည်းငယ်  စက်ကိုရှင်းလိုက်ပါတယ် ။ မြန်အောင်
သွက်အောင်လုပ်တယ် ။ ပြီးမှ  အထဲမှာရောက်နေတဲ့ အီတလီ ဘာသာကို ဖြုတ်ပီး
US  ဖောင့်ထည့်လိုက်တယ် ။ အဆင်ပြေသွားပါတယ်။  ဒီနေရာမှာ   ပုံလေးတစ်ခု
ဖတ်မိပါတယ် ။ သမီးစံ မျှဝေတာပါ ။ လူတစ်ယောက်က  ကားပျက်နေလို့ ကားပြင်
ဆိုင်ကို  ဖုန်းခေါ်ပီး  လာပြင်ခိုင်းလိုက်တယ်။  ပြင်တဲ့ဝပ်ရှော့ဆရာက   ဖွင့်ပြီးတော့
ကားကို  ဟိုခေါက်  ဒီခေါက်  လိုက်လုပ်တယ် ။ ပီးတော့ ကောင်းသွားတယ်ပေါ့ဗျာ
ကားပြင်ဆင်ခကိုေ ဒ်ါလာ100 လို့ ပြောတော့  ကားသမားက  တင်းသွားပြီးတော့
ခင်းဗျားဗျာ ..ဟိုခေါက်ဒီခေါက်လေးနဲ့  ဒေါ်လာ 100 ယူရသလား.. စလစ်ရေးပေး
ဝပ်ရှော့  ပိုင်ရှင်ဆီတိုင်မယ်  ဆိုတော့  ကားပြင်ဆရာက   ဒီလိုရေးပေးလိုက်တယ်
ဟိုခေါက်သည်ခေါက်ခ  1ဒေါ်လာ  ဘယ်နေရာကို  ခေါက်ရမယ်သိတဲ့  ပညာခက
99ဒေါ်လာတဲ့  ။ စာပေဟောပြောပွဲတစ်ခုမှာ  ပညာရဲ့အရေးပါပုံကို  ပြောဟောတာ
ဖေ့ဘွတ်မှာ  ဟိုနေ့ တွေ့ လို  လမ်းကြုံထည့်ရေးလိုက်တာ  ဆိုလိုချင်တာကတော့
ဒီပုံပြင်လးကို ဆိုဒ်ထဲမှာ   စာလာဖတ်သူတွေကို  ပညာလေးက  သေးပေမယ့်လည်း
သိထား တတ်ထားသင့်တာကို ပြောချင်တာပါ ။ အဲ့တော့  လုပ်ကြည့်ပါ အဆင်မပြေ
လိုအပ်သည်ရှိသော်  အီးမေးပို့ လိုက်ပါ ။ ကျနော် နားလည်းသလောက် ကူညီပါ့မယ်
အချိန်ရသလောက်ပေါ့ ။ ချက်တင်မှာ မမေးစေချင်တာက မသိလိုက် မဖြေလိုက်တာ
ရှိပါတယ် အကောင့်ကတော့ ဖွင့်ထားတယ်။စာတွေလည်းရောက်နေတယ် အလုပ်က
သူဌေးလာလို့  ပိတ်လိုက်တယ်ဆိုရင် ပို့ ထားတဲ့စာတွေမဖတ်ဖြစ် ပြန်ရှာမရတာတွေ
ဖြစ်ပါတယ် ။ ပြီးတော့ ပြန်ရှာရခက်ပါတယ်။ဒါကြောင့် မေးထဲကိုပဲ ပို့ ပေးစေချင်တာ
အီးမေးဆိုရင် ဖတ်ဖြစ်တယ်။စာပြန်တယ် မသိသေးတာ ရှာမတွေ့ သေးတာကိုတော့
မပြန်ဖြစ်ပါဘူး ။ ကဲစာလည်းရှည်ပါပြီ ။ ဆဲမှာလည်းစိုးရသေး လမ်းကြုံလို ၀င်ဖတ်မိ
ကြည့်မိသည်ရှိသော်  ဘယ်နိုင်ငံသွားသွား မြန်မာဖောင့်ကို  ထည့်တတ်  ရေးတတ်
ဘယ်လူမျိုး  ဘယ်နိုင်ငံ  သူငယ်ချင်းက  အကူညီတောင်းတောင်း  ထည့်ပေးတတ်
ပြုပြင်ပေးတတ်ရင်  ပညာတစ်ခု တိုးတာပါပဲ ။ ရုံးတွေမှာ  လုပ်နေကြပီးတော့လည်း
Excel နဲ့  Work ကလွဲပြီး  ဘာမှကိုမသိတဲ့ စာရေးမ  ရုံးလုပ်သမားတွေ အများကြီး
ရှိနေသေးတယ် ။  ပြီးတော့ XP ကို  အခြေခံ ရှင်းပြတာကလည်း  Xp ကို လုံးဝကြီး
မပစ်ပယ်နိုင်သေးပါဘူး  Window 7 ရဲ့  System Requirement  က   2GB ပါလို့ 
ဆိုထားပါတယ် ။ အဲ့တော့ ရုံးတွေမှာကတော့ အဲ့လောက်မမြင့်တာတွေ အများကြီး
ရှိနေပါတယ်။  စက်တွေကလည်း Excel နဲ့  Word ပဲသုံးမှာဆိုတော့  တအားမမြင့်
အကောင်းစားတွေလည်း မဟုတ်ပါဘူး တခါတလေ ကျနော်မြန်မာဖောင့်ထည့်လို့ 
သူတို့ အလုပ်လုပ်နေရင်း  Ctrl+shift  နှိပ်မိလို့   အတုံးလေးတွေ  ပေါ်လာတော့
မလုပ်တတ်  မကိုင်တတ်  ဖြစ်သွားပြီး Restart ပြန်ချလိုက်ရတာတွေ   ရှိပါတယ်
နောက်ပြီး အခုကိုယ်က  ဒီနည်းလေးကို  နားလည်နေလို့    တခြားတယောက်ရဲ့
ကွန်ပျုတာကိုသွားပြီး  အီတလီ ဘာသာထည့်ပေးပီး  သိမသိ စမ်းကြည့်လိုက်ပါ
ကျနော်လည်း အခုဆရာဝန်တွေလိုပဲ အခေါင်းထဲရောက်သွားတဲ့ လူနာကိုတော့
ထည့်မပြောဘူး ပြင်လို့ ကောင်းတာပဲ နမူနပြတာ ပျက်သွားတာတွေ ပြင်မရတာ
တွေလည်း ကြုံရပါတယ် ပိုက်ဆံတစ်ကျပ်မှမရပဲ စားပီးသောက်ပီး ခြေသလုံးကြီး
ခရီးစဉ်တွေလည်း အများကြီးပါ ကဲ....ကြိုက်ရင် လေ့လာပေတော့................။
Sunday, 21 September 2014
ကွန်ပျူတာ Passwords မေ့လို့ ဖွင့်လို့မရခဲ့လျှင်
ဇန်န၀ါရီလ ၄ ရက်၊ ၂၀၁၄ ခုနှစ်
ကိုယ့်ရဲ့ကိုယ်ပိုင် ကွန်ပျူတာလေးမှာ သူများမသိစေချင်တဲ့ အကြောင်းအရာ လေးတွေရှိလို့ Passwords နဲ့ပိတ်ထားကာမှ အချိန်ကြာလာ သောအခါ အမှုမဲ့အမှတ်မဲ့ နဲ့မေ့သွားတတ်ပါတယ်။ ထိုအခါ ကိုယ့်အတတ်နဲ့
ကိုယ် ကွိုင်တက်တော့တာပါဘဲဗျာ..။ ထိုအဖြစ်မျိုးကြုံတွေ့နေရသူတွေအတွက်ကော ၊ Passwords ဖွင့်နည်း
သိချင်သူတွေအတွက် နည်းလမ်းလေးများဖြစ်နိုင်သလောက် ဖော်ပြပေးလိုက်ရပါတယ်..။
◘◘နည်းလမ်း(၁)◘◘
ကွန်ပျူတာစသုံးတဲ့အခါ သို့မဟုတ် ၀င်းဒိုးတင်တဲ့အခါတွေမှာ Username မဖြစ်မနေပေးခဲ့ရပါတယ်။ ထိုအခါ ကွန်ပျူတာမှာ Username နဲ့ Administrator ဆိုပြီးအကောင့်နှစ်ခုဖြစ်သွားပါတယ်။ ဥပမာ Username မှာ MgMg လို့ပေးခဲ့ရင် MgMg နဲ့အတူ Administratorဆိုတဲ့အကောင့်က ပူးတွဲပါရှိလာပါတယ်။ မိတ်ဆွေက MgMg မှာ passwords ပေးထားခဲ့တယ်
ဒါပေမယ့် မေ့သွားပြီဆိုလျှင် ကွန်ပျူတာကို Restart ချလိုက်ပါ။ Restart ချလိုက်တာနဲ့တပြိုင်နက် F8 ဆိုတဲ့ Key ကိုအဆက်မပြတ်နှိပ်ပေးထားပါ။ နှိပ်ပါဟုဆိုရာတွင် ဖိထားခိုင်းခြင်းမဟုတ်ပါ။ ထိုအခါ Safe Mode မြင်ကွင်းကိုရောက်ရှိသွားပါမယ်။ Safe Mode ဆိုတဲ့စာသားနေရာကို
Arrow Key နဲ့ရွှေ့ပြီး Enter ခေါက်လိုက်ပါ။
အချိန်အနည်းငယ်တော့စောင့်ရပါမယ်။ ထိုအခါ
ကွန်ပျူတာသည် Safe Mode မြင်ကွင်းနဲ့ပွင့်လာပါလိမ့်မယ်။၎င်းတွင် Administrator နှင့်Username ( MgMg) ကိုတွေ့ရပါမယ်။ Username ( MgMg) သည် passwords မေ့နေသူရဲ့အကောင့်ပါ။ယခု Administrator အကောင့်ကိုဖွင့်လိုက်ပါ၊ Safe Mode နဲ့ဝင်ထားတာဖြစ်တဲ့အတွက် MgMg အကောင့်ကိုတော့ဝင်လို့ရမည်မဟုတ်ပါ။ Start> Control Panel မှ User
Accounts ( icon ) ကို ကလစ်လုပ်ဖွင့်ပါ။
User Account (box) ပေါ်လာပါမယ်။ ၄င်းတွင် "or pick an account to change" လို့တွေ့ရပါမယ်။ ထိုအခါMgMg ဆိုတဲ့အကောင့်ကို ကလစ်လုပ်လို့ရနိုင်ပါပြီ။ထိုအခါနောက်ထပ်မြင်ကွင်း
တစ်ခုပေါ်လာပါမယ်။ ၄င်းတွင် "What do you want to change about
account လို့တွေ့ရပါမယ်။ ၄င်းတွင် "Change the password" ကိုရွေးချယ်ပြီး password အသစ်တစ်ခုပေးပါ။ အရင်စဉ်းစားလို့မရတဲ့ password ကို ပင်ပန်းခံမစဉ်းစားပါနဲ့.။မေ့လိုက်ပါ
အရင်ကဇာတ်လမ်းလေး…..အဲ..ယောင်လို့.. တကယ်လို့ "Remove the password" ကိုရွေးရင် ဘာpassword မှထည့်စရာမလိုတော့ဘဲ ကွန်ပျူတာပွင့်လာပါလိမ့်မယ်။ "Type a new Password" မှာ passwords အသစ်ထည့်ပေးပါ။ မထည့်ချင်လဲ ဒီအတိုင်းထားပါ။
Change password ခလုပ်ကိုနှိပ်ပါ။ ကွန်ပျူတာကို ပုံမှန်အတိုင်း Restart လုပ်ပါ။ အကောင့်မှာ password တောင်းရင်လဲ ပတ်ဝေါ့ ပေးပြီးဝင်နိုင် ပါတယ်။ မတောင်းရင်လဲ ဒီအတိုင်းဘဲ ပွင့်သွားပါလိမ့်မယ်။
◘◘နည်းလမ်း(၂)◘◘
ကွန်ပျူတာမှာ အခြားသူတစ်ဦးဦးက၀င်လို့ရရင် (အခြား User ရှိရင် သူ့အနေနဲ့ဝင်ပါ)။ပထမနည်းအတိုင်းဆောင်ရွက်နိုင်ပါတယ်။
◘◘နည်းလမ်း(၃)◘◘
ယခုနည်းတွင် ကွန်ပျူတာရဲ့ CD Drive မှာ ၀င်းဒိုးစီဒီကိုထည့်ထားပါ။ BIOS သို့ဝင်ပြီးFirst Boot ကို CD-ROM သို့ပြောင်းပါ။ ကွန်ပျူတာကို ပြန် Restart လုပ်ပါ။ ကွန်ပျူတာ ပြန်ပွင့်တာနဲ့Press any Key to boot from CD ဆိုတဲ့စာသားပေါ်လာတာနှင့် တစ်ပြိုင်နက် ကီးခလုပ်တစ်ခုခုကို နှိပ်
လိုက်ပါ။ Screen ကိုသေသေချာချာကြည့်ပြီး ပေါ်လာတဲ့ ညွှန်ကြားချက်များ အတိုင်း သေသေချာချာပြုလုပ်ပါ။ ဥပမာ - Licensing Agreement ပေါ်ရင် F8 ကီးကိုနှိပ်တာမျိုးဖြစ်ပါတယ်။ 
မကြာခင် To set up Windows
XP … To repair a Windows XP..လို့ပေါ်လာရင် (R=Repair) ကိုရွေးချယ်လိုက်ပါ။ R ကီးကိုနှိပ်ပါ။ ဆက်ပြီးဆောင်ရွက်မှုများကိုကြည့်နေပါ။ ၀င်းဒိုးစ် reboot တစ်ချက်ပြန်ဖြစ်ရင် မည့်သည့်ကီးကိုမျှ ၀င်မနှိပ်ပါနဲ့။
ဆိုလိုတာက " Press any Key to boot from CD" ဆိုပြီးပြန်ပေါ်ရင် ကီးခလုပ်ကိုမနှိပ်ပါနဲ့။ အလိုလို install လုပ်နေပါလိမ့်မယ်။
မြင်ကွင်းဘယ်ဘက် အောက်ခြေကို သတိပြုကြည့်ပါ။ အဲဒီမှာ "Installing Device" progress bar ဆိုတာပေါ်ရင် "Shift+F10" ကီးများကိုနှိပ်လိုက်ပါ။ ၄င်းသည် အဓိကပြင်ရမယ့် နေရာဖြစ်ပါတယ်။Command console ပွင့်လာပြီး အဲဒီမှာပြင်ရပါ့မယ်။ "NUSRMGR.CPL" လို့၇ိုက်ထည့်ပြီး Enter ကီးကိုနှိပ်ပါ။
သင့်ရဲ့ User Account (box) ကိုမြင်ရပါမယ်။ ၄င်းတွင် password ကိုပြောင်းလိုကပြောင်း.. ဖယ်လိုက ဖယ်ထုတ်နိုင်ပါပြီ။ တကယ်လို့ password အသစ် မပေးချင်ရင် "Control user-passwords2" လို့ရိုက်ထည့်နိုင်
ပါတယ်။ မြင်ကွင်းများကို ပိတ်၊ command box ကနေထွက်ပြီး Repair လုပ်ငန်းစဉ်ကို ဆက်လုပ်ပါ။ လုပ်ငန်းအားလုံးပြီးရင် ကွန်ပျူတာကို သုံးနိုင်ပါပြီ..။
ကိုဥာဏ်မွန်(နည်းပညာစုစည်းမှု)
Saturday, 20 September 2014
အသုံးဝင်သော Command List များ
START > RUN > CMD
And Then Type These Commands According To Your Requirement.
COMMANDS:
1. Accessibility Controls - access.cpl
2. Accessibility Wizard - accwiz
3. Add Hardware Wizard - hdwwiz.cpl
4. Add/Remove Programs - appwiz.cpl
5. Administrative Tools - control admintools
6. Automatic Updates - wuaucpl.cpl
7. Bluetooth Transfer Wizard - fsquirt
8. Calculator - calc
9. Certificate Manager - certmgr.msc
10. Character Map - charmap
11. Check Disk Utility - chkdsk
12. Clipboard Viewer - clipbrd
13. Command Prompt - cmd
14. Component Services - dcomcnfg
15. Computer Management - compmgmt.msc
16. Control Panel - control
17. Date and Time Properties - timedate.cpl
18. DDE Shares - ddeshare
19. Device Manager - devmgmt.msc
20. Direct X Troubleshooter - dxdiag
21. Disk Cleanup Utility - cleanmgr
22. Disk Defragment - dfrg.msc
23. Disk Management - diskmgmt.msc
24. Disk Partition Manager - diskpart
25. Display Properties - control desktop
26. Display Properties - desk.cpl
27. Dr. Watson System Troubleshooting Utility - drwtsn32
28. Driver Verifier Utility - verifier
29. Event Viewer - eventvwr.msc
30. Files and Settings Transfer Tool - migwiz
31. File Signature Verification Tool - sigverif
32. Findfast - findfast.cpl
33. Firefox - firefox
34. Folders Properties - control folders
35. Fonts - control fonts
36. Fonts Folder - fonts
37. Free Cell Card Game - freecell
38. Game Controllers - joy.cpl
39. Group Policy Editor (for xp professional) - gpedit.msc
40. Hearts Card Game - mshearts
41. Help and Support - helpctr
42. HyperTerminal - hypertrm
43. Iexpress Wizard - iexpress
44. Indexing Service - ciadv.msc
45. Internet Connection Wizard - icwconn1
46. Internet Explorer - iexplore
47. Internet Properties - inetcpl.cpl
48. Keyboard Properties - control keyboard
49. Local Security Settings - secpol.msc
50. Local Users and Groups - lusrmgr.msc
51. Logs You Out Of Windows - logoff
52. Malicious Software Removal Tool - mrt
53. Microsoft Chat - winchat
54. Microsoft Movie Maker - moviemk
55. Microsoft Paint - mspaint
56. Microsoft Syncronization Tool - mobsync
57. Minesweeper Game - winmine
58. Mouse Properties - control mouse
59. Mouse Properties - main.cpl
60. Netmeeting - conf
61. Network Connections - control netconnections
62. Network Connections - ncpa.cpl
63. Network Setup Wizard - netsetup.cpl
64. Notepad - notepad
65. Object Packager - packager
66. ODBC Data Source Administrator - odbccp32.cpl
67. On Screen Keyboard - osk
68. Outlook Express - msimn
69. Paint - pbrush
70. Password Properties - password.cpl
71. Performance Monitor - perfmon.msc
72. Performance Monitor - perfmon
73. Phone and Modem Options - telephon.cpl
74. Phone Dialer - dialer
75. Pinball Game - pinball
76. Power Configuration - powercfg.cpl
77. Printers and Faxes - control printers
78. Printers Folder - printers
79. Regional Settings - intl.cpl
80. Registry Editor - regedit
81. Registry Editor - regedit32
82. Remote Access Phonebook - rasphone
83. Remote Desktop - mstsc
84. Removable Storage - ntmsmgr.msc
85. Removable Storage Operator Requests - ntmsoprq.msc
86. Resultant Set of Policy (for xp professional) - rsop.msc
87. Scanners and Cameras - sticpl.cpl
88. Scheduled Tasks - control schedtasks
89. Security Center - wscui.cpl
90. Services - services.msc
91. Shared Folders - fsmgmt.msc
92. Shuts Down Windows - shutdown
93. Sounds and Audio - mmsys.cpl
94. Spider Solitare Card Game - spider
95. SQL Client Configuration - cliconfg
96. System Configuration Editor - sysedit
97. System Configuration Utility - msconfig
98. System Information - msinfo32
99. System Properties - sysdm.cpl
100. Task Manager - taskmgr
101. TCP Tester - tcptest
102. Telnet Client - telnet
103. User Account Management - nusrmgr.cpl
104. Utility Manager - utilman
105. Windows Address Book - wab
106. Windows Address Book Import Utility - wabmig
107. Windows Explorer - explorer.
Windows တွေအတွက် Microsoft ကပေးတဲ့ အကောင်းဆုံးဆေးတစ်ခွက် - SC Command
 Kolin Lin     28 January 2013     06:44
F8 ကို နှိပ်ပြီး Last Known Good Configuration ထဲကနေဝင်မှ ဝင်းဒိုးတက်တယ်. ခက်နေတာက Start Normal Window ကနေဝင်ရင် ဝင်းဒိုးမတက်ဘူး. အကိုပြောသလို နောက်ဆုံး Install ထည့်ခဲ့တဲ့ ဆော့ဝဲလ်၃၊၄ခုကို Uninstall နဲ့ ပြန်ထုတ်ပစ်လိုက်တယ်။ အဲလိုပဲ..CCleaner နဲ့ Advanced System Care လို System Tools တွေကို အသုံးပြုပြီးတဲ့အခါတိုင်း စက်ကို Restart မချပဲ တခြားဆော့ဝဲလ်တွေ ထပ်ပြီး Install ထည့်လိုက်မိတယ်။ ကျနော်က System Tools တွေသုံးပြိးတဲ့ အခါတိုင်းတစ်ခါမှ Restart မချမိဘူး. ကျနော် သိလိုက်တော့ နောက်ကျသွားပြီ။ 
လိမ်ဖယ်၊လိမ်ဖယ်နဲ့ ဒီနေ့ ကျနော့် Blog လေး တစ်နှစ်ပြည့်သွားခဲ့ပါပြီ..။ ဒီ Blog လေးစစချင်း ရည်ရွယ်ချက်ပိုစ့်လေးမှာ ပါခဲ့တဲ့၊ ရေးခဲ့တဲ့ သူငယ်ချင်းတောင် အခုဆိုရင် ဒီ Blog လေးကနေ ပညာတွေ တတ်သွားလို့ သူ့သူငယ်ချင်းတွေ ကြားမှာ ဆရာတစ်ယောက် ဖြစ်နေပြီ..။ ဒီ Blog လေးကနေ ပညာတွေ တတ်သွားတဲ့ တခြား သူငယ်ချင်းတွေလည်း မနည်းတော့ပါ..။ မသိတာနဲ့ သိပ်နားမလည်တဲ့ အပိုင်းတွေကို ကျနော့်ဆီမှာ ဆက်သွယ်ပြီး မေးလာကြလို့ သူတို့က ပိုအတတ်မြန်တာ ထင်ပါတယ်..။ ကျနော့် Blog လေး တစ်နှစ်ပြည့်အနေနဲ့ Windows တွေအားလုံးအတွက် ဆေးတစ်ခွက်လို့ ပြောလို့ရတဲ့ SC Command လေးနဲ့ ဝင်းဒိုးတွေကို ပြန်လည်ပြုပြင်၊ သို့မဟုတ် ပုံမှန်ထက် ပိုမိုသွက်လက်စေမယ့် နည်းလမ်းလေးကို ကွန်ပျူတာနဲ့ ဝင်းဒိုးသုံးစွဲသူတိုင်း မဖြစ်မနေ ဆောင်ထားသင့်တဲ့ ၊ သိထားသင့်တဲ့ နည်းလမ်းလေး တခုအဖြစ် ပြန်လည် မျှဝေလိုက်ပါတယ်..။ ဒီအပေါ်က Comment လေးကတော့ Startup Repair အသုံးပြုနည်း ပိုစ့်မှ ကို Kolin Lin  ရေးထားခဲ့တဲ့ စာသားတွေထဲက အနည်းငယ်ကို ဒီပိုစ့်နဲ့ သက်ဆိုင်တဲ့အတွက် ပြန်လည် ဖေါ်ပြပေးလိုက်တာပါ..။ ဒီအစ်ကိုလိုပဲ ကျနော်အရင်တုန်းက ကြုံဖူးခဲ့ပါတယ်..။ ဒီနည်းကို မသိခင်တုန်းကတော့ ခဏခဏဝင်းဒိုး အသစ်တင်ခဲ့ရပါတယ်..။ ဒီလိုမျိုး Error ကြောင့် ဝင်းဒိုးမတက်နိုင်တော့တဲ့အခါ - F8 ကို နှိပ်ပြီး Last Known Good Configuration ထဲကနေဝင်မှ ဝင်းဒိုးတက်တယ်. ဆိုရင် ဒီနည်းနဲ့ Sc Command တွေကို ရိုက်ထည့်ပေးလိုက်ရင် ဝင်းဒိုးပြန်ကောင်းသွားပါလိမ့်မယ်..။ ကျနော့်လက်တွေ့ ကျနော့်ဆရာဆီမှာ ကျနော့်စက်က ဒီလိုဖြစ်သွားတယ်ဆိုတာ ဆရာ့ကို ပြောပြတော့ ကျနော့်ဆရာက ဒီနည်းနဲ့ လုပ်ပေးလိုက်တာ Starting Windows ပြန်ကောင်းသွားပြီး ပုံမှန်အတိုင်း ဝင်းဒိုးပြန်တက် လာပါတယ်..။ ဒါကလည်း ဒီ Comment လေးကို တွေ့မှ ဒီပိုစ့်ကို တင်ပေးဖို့ သတိရပြီး၊ စိတ်ကူးပေါ်လာတာ..။ နောက်ပိုင်းတော့ System Tools တွေကို အသုံးပြုပြီးတိုင်း စက်ကို Restart ချပြီးမှ ဆက်အသုံးပြုခဲ့လို့ ဒီလို Starting Windows မတက်နိုင်တော့တဲ့ error တွေကနေ ကင်းဝေးခဲ့ပါတယ်..။ အခုပြောမယ့် ဒီနည်းလေးက အခုလက်ရှိ ဝင်းဒိုးကောင်းနေတဲ့ အချိန်မှာလည်း Sc Command တွေကို CMD ထဲမှာ ရိုက်ထည့်ပေးဖို့ လိုအပ်ပါတယ်..။ အဲ့လိုလုပ်ထားတဲ့ ဝင်းဒိုးတွေမှာ Error တွေနည်းပြီး ၊ ဝင်းဒိုးကြောင်တာ၊ ဝင်းဒိုးပျက်တာတွေ အတော်လေးနည်းသွားတာကို ကျနော့်လက်တွေ့ သိခဲ့ရပြီးပါပြီ..။ တော်ယုံ ဗိုင်းရပ်စ်ကြောင့် မဟုတ်ရင်၊ Error ကြီးကြီးမားမား မဖြစ်ရင် ဝင်းဒိုးက သွက်လက်ပြီး သုံးလို့ ကောင်းနေပါလိမ့်မယ်..။ Starting ဝင်းဒိုးမတက်နိုင်တော့တဲ့ စက်တွေမှာလည်း F8 နဲ့ Windows Repair ကနေ Last Known Good Configuration သို့မဟုတ် Safe Mode and Command Prompt ထဲကို ဝင်လို့ ရခဲ့မယ်ဆိုရင် ဒီ Sc Command တွေကို ရိုက်ထည့်ပေးလိုက်ရင် ဝင်းဒိုး Error တော်တော်များများကို ပြန်ကောင်းစေပါတယ်..။ 
ဒီနည်းက Microsoft ကပေးထားတဲ့ ဝင်းဒိုးပြုပြင်နည်းတွေထဲက တခုပါပဲ..။ အခုဒီနည်းကို လက်ရှိဝင်းဒိုးကောင်းနေတဲ့ အချိန်မှာကတည်းက လုပ်ပေးထားကြပါ..။ ဝင်းဒိုးထဲမှာ ရှိနေတဲ့ Setting တွေနဲ့ System အပိုင်းတွေကို အားလုံး ပုံမှန်အတိုင်း အလုပ်လုပ်နိုင်အောင် CMD ထဲကနေ ကွန်ပျူတာကို ပြန်ပြီး လုပ်ခိုင်းတာ ဖြစ်တဲ့အတွက် ဆော့ဝဲလ်တွေ သုံးစရာ မလိုတဲ့ အတော်လေး ကောင်းတဲ့ ၊ အသုံးဝင်တဲ့ နည်းလေးပါ..။ ဒီ Sc Command တွေအားလုံး ရိုက်ထည့်ပြီးသွားရင် စက်ကို Restart ချပေးလိုက်ပါ..။ အောက်မှာ ဒီ Sc Command တွေကို ရေးပေးထားပါတယ်..။ ဒီစာသားတွေကို မိမိတို့ဝင်းဒိုးရဲ့ Notepad မှာ copy-paste နဲ့ ကူးထည့်ပြီး သေချာ သိမ်းထားလိုက်ပါဗျာ..။ ကွန်ပျူတာဝိစ္စာလို့ ပြောရမယ့် PRO တစ်ယောက်ဖြစ်ချင်ရင်တော့ ဒီ Sc Command တွေနဲ့ နောက်ပိုင်း တင်ပေးမယ့် CMD အသုံးပြုနည်းတွေမှာ ပါလာမယ့် စာသားတွေကို အာဂုံဆောင် အလွှတ်ရအောင် ကျက်မှတ်ထားဖို့ လိုအပ်ပါတယ်..။ ရိုးရိုးအပျော်တမ်းသမား တွေနဲ့ နည်းပညာ လေ့လာလိုက်စားတဲ့ ဝါသနာရှင်တွေကတော့ ဒီစာသားတွေကို Notepad ကနေ copy-paste နဲ့ CMD လို့ခေါ်တဲ့ ဝင်းဒိုး Command Prompt ထဲမှာ ကူးထည့်ပြီး Enter ခေါက်သွားလိုက်ရင် အဆင်ပြေပါပြီ..။ Command Prompt မှာလည်း Internal Command Prompt နဲ့ External Command Prompt ဆိုပြီး ခွဲထားတာမို့ ဒီးနည်းကို Internal Command Prompt မှာပဲ အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။ ဝင်ဒိုးဆေးရဲ့ အာနိသင်ကို ရှင်းပြရင်း စာလည်း ရှည်သွားပြီမို့ ဆက်လက်ပြီး အသုံးပြုနည်းကို  အားလုံးပဲ အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ပါ ပြပေးထားပါတယ်..။ အမှားမဖြစ်နိုင်တဲ့အတွက် ကွန်ပျူတာကိုင်တာ သိပ်မကျွမ်းကျင်သေးတဲ့သူများပါ အောက်ကပုံလေးတွေ အတိုင်း တခုချင်းစီ လုပ်ပေးနိုင်ပါတယ်..။ ဝင်းဒိုးတိုင်းမှာ လုပ်ရမှာ ဖြစ်တဲ့အတွက် အားလုံးပဲ ဆက်ကြည့်ပေးပါ..။
Sc Command - ဒီအောက်က စာသားတွေကို Notepad မှာ copy-paste နဲ့ မှတ်ထားလိုက်ပါ..။ ပြီးရင်တော့ အောက်ဆုံးက ပုံတွေအတိုင်း လုပ်ပေးပါ..။
sc
sc start
sc pause
sc interrogate
sc stop
sc config
sc description
sc failure
sc failureflag
sc sidtype
sc privs
sc qc
sc qdescription
sc qfailure
sc qfailureflag
sc qsidtype
sc qprivs
sc qtriggerinfo
sc qpreferrednode
sc delete
sc create
sc control
sc sdshow
sc sdset
sc showid
sc query
sc query eventlog
sc queryex eventlog
sc query type= driver
sc query type= service
sc query state= all
sc query bufsize= 50
sc query ri= 14
sc queryex group= ""
sc query type= interact
sc query type= driver group= NDIS
exit
အရင်ဆုံး ဒီအောက်က ပုံမှာ ပြထားတဲ့ အတိုင်း ကီးဘုတ်မှ Windows Logo + R နဲ့ Run Box ကို ဖွင့်လိုက်ပါ..။ ပေါ်လာတဲ့ Run မှာ cmd လို့ စာရိုက်ပြီး OK သို့မဟုတ် Enter ခေါက်လိုက်ပါ..။
ပထမဆုံး စာသားအနေနဲ့ အောက်ကပုံမှာ ပြထားတဲ့အတိုင်း sc လို့ရေးပြီး Enter ခေါက်ပေးလိုက်ပါ..။
ဒုတိယ ပုံမှာ ပေါ်တဲ့အတိုင်း ပေါ်လာရင် Y ကီးကို နှိပ်ပေးလိုက်ပါ..။
ပြီးရင်တော့ အောက်ကပုံတွေ အတိုင်း Notepad နဲ့ မှတ်ထားတဲ့ Sc Command စာသားတွေကို တခုချင်းစီ စလက်ပေး >> Right Click >> copy ယူပြီး >> CMD ထဲမှာ Right Click >> paste နဲ့ ထည့်ပြီး Enter ခေါက်သွားလိုက်ပါ..။
အပေါ်စာတပိုဒ် ပြီးသွားရင်တော့ Notepad ထဲမှာ ကျန်နေတဲ့ အောက်ကစာတပိုဒ်ကိုပါ ဆက်ပြီး ရိုက်ထည့်ပေးပါ..။ အားလုံးပြီးသွားရင်တော့ Exit နဲ့ Enter ခေါက်ပြီး ထွက်လိုက်ပါ..။
Sc Command စာသားတွေ အားလုံးရိုက်ထည့်ပြီးလို့ Exit နဲ့ ထွက်ပြီးသွားရင် အောက်ကပုံအတိုင်း စက်ကို Restart ချပေးလိုက်ပါ..။ စက်ပြန်တက်လာရင်တော့ အရင်ကထက် ပိုမိုကောင်းမွန်ပြီး အသုံးပြုရတာ သွက်လက်မြန်ဆန်နေပါလိမ့်မယ်..။ သေချာပိုပြီး သိချင်တဲ့သူများကတော့ ဒီနည်းမသုံးခင် မိမိဝင်းဒိုးရဲ့ အနေအထားနဲ့ ဒီနည်းသုံးပြီးမှ ဝင်းဒိုးရဲ့ အနေအထားကို ယှဉ်ပြီး လေ့လာကြည့်ပါ..။ ထူးခြားချက်တွေကို တွေ့ရမှာ အသေအချာပါပဲ..။ အားလုံးပဲ ဝင်းဒိုးအယ်ရာကင်းရဲ့ ပျော်ရွှင် နိုင်ကြပါစေဗျာ..။
Wednesday, 17 September 2014
ကွန်ပျူတာ(လက်တော့)ပြုပြင်နည်း သင်ယူဖို့ စာအုပ်ဖတ်ချင်ရင်
ကွန်ပျုတာရှိရင်ဒီစာအုပ်၇ှိသင့်တယ်ပျက်သော်ရှိပြင်ရအောင်ဖတ်ကြည့်
ကွန်ပျုတာပြုပြင်ထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ ဒီစာအုပ်လေးကအကူညီပေးပါလိမ့်
မယ်ပျက်သော်ရှိပြင်ရအောင်ဖတ်ထားသင့်ပါတယ်ဘာပဲဖြစ်ဖြစ်သင်တန်းတက်ပြီး
သင်ဖို့ အချိန်မရှိတော့ဘူး အလုပ်လုပ်ရင်း ဟာအုပ်ဖတ် လေ့လာကြည့်လိုက်ပါ
18-1-2014 ရက်စွဲနဲ့ ပြန်ပြင်ထားပါတယ် ယူလိုက်ပါ
 Download-TEACH YOURSELF REPAIRING PC (U AYE KO KO)
Sunday, 14 September 2014
မိမိကွန်ပျူတာ Hangs ရခြင်းအကြောင်း (၁၀)ချက်
Saturday, 13 September 2014
Latop ၀ယ်မယ်ဆိုရင် အကြမ်းမျဉ်း သိထားသင့်သော အချက်များ
.. အခုနောက်ပိုင်းမှာ ကျွန်တော်တို့ မြန်မာလူမျိုးတွေ တော်တော်များများ ကွန်ပျူတာနဲ့ အကျွမ်းတ၀င် ရှိလာသလို ကွန်ပျူတာကို အသုံးပြုတဲ့ အခါမှာလည်း အိမ်မှာထိုင်ပြီးတော့ တစ်နေရာထဲမှာပဲ အသုံးပြုနိုင်မဲ့ Destop Computer အစား ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုနိုင်သလို သွားလေရာ ယူဆောင် သွားနိုင်တဲ့ Latop Computer တွေကိုသာ ပိုပြီးတော့ အသုံးများလာတာ တွေ့ရပါတယ် .. အဲ့ဒီအတွက် အများစုအသုံးများတဲ့ Latop Computer တွေဝယ်တော့ မယ်ဆိုရင် မ၀ယ်ခင် သိထားသင့်တဲ့ လေ့လာထားသင့်တဲ့ အချက်လေးတွေကို နားလည်အောင် အကြမ်းမျဉ်း ရေးပေးသွားပါမယ် .. 
ဒီနေရာမှာ အသေးစိတ် မရေးပဲနဲ့ ဘာလို့ အကြမ်းမျဉ်း ရေးပေးရလည်း ဆိုတာကို ရှင်းပြချင်ပါတယ် .. ကွန်ပျူတာနဲ့  အရမ်းကြီး အကျွမ်းတ၀င် မဖြစ်သေးတဲ့ သူတစ်ယောက် အနေနှင့် ကွန်ပျူတာနဲ့ ပါတ်သတ်တဲ့ အကြောင်းအရာ တစ်ခုကို အသေးစိတ်ကျကျ ရှင်းပြနေတဲ့ အခါမှာ သူအနေနှင့် ဖတ်ရတာ တွေများလာရင် ဆိုလိုရင်းကို နားမလည်တော့ပဲ လည်ထွတ်သွားတက် ပါတယ် .. ဒါကြောင့် အများစု နားလည်နိုင်မဲ့ ပုံစံမျိုးနဲ့ ကျွန်တော် ရေးပေးသွားမှာ ဖြစ်ပါတယ် ..ကျွန်တော် ခေါင်းစဉ် နှစ်ခု ထားပြီး ရေးပေးသွားပါမယ် ..
( ၁ ) မ၀ယ်မှီဆန်းစစ်လေ့လာခြင်း
( ၂ ) Latop ၀ယ်ရန်ရွေးချယ်ခြင်း တို့ ဖြစ်ပါတယ် ..
( ၁ ) မ၀ယ်မှီဆန်းစစ်လေ့လာခြင်း
နံပါတ် ( ၁ ) အချက်လေးက အားလုံးအတွက် လိုအပ်ပါတယ် .. ဘာကြောင့်လည်း ဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လူတန်းစား ပေါင်းစုံရှိပါတယ် .. ချမ်းသာတဲ့သူ ၊ အလယ်အလတ်တန်းစား ၊ ဆင်းရဲတဲ့သူ စသည်ဖြင့် အမျိုးမျိုး ရှိပါတယ် .. ဒါကြောင့် လက်တော့ မ၀ယ်မှီမှာ မိမိကိုယ်ကိုယ် အရင်ဆုံး ဆန်းစစ်ဖို့ လိုအပ်ပါတယ် .. ဈေးကြီးပေးရမှ ဒီပစ္စည်းက ကောင်းမယ် ဆိုတာလည်း မမှန်ပါဘူး .. ဒီပစ္စည်းကတော့ ဘာကြောင့် ဈေးကြီးနေတာ ( ဥပမာ ။  ။ ဒီဇိုင်းပိုင်းမှာ ပိုပြီးတော့ ဆန်းသစ်နေလို့ အဲ့ဒီအတွက် တန်ဖိုး ပိုကြီးနေတာလား ၊ ဒါမှမဟုတ် အထဲမှာ ပါဝင်တဲ့ Hardware ပိုင်းဆိုင်ရာ ဆက်စပ်ပစ္စည်းတွေကပဲ ကောင်းနေလို့ ဈေးကြီးနေတာလား )  ဒါမှမဟုတ် ဘာကြောင့် ဈေးသက်သာနေတာလည်း ( ဥပမာ ။  ။ အထဲမှာဆင်ထားတဲ့ Hardware ဆိုင်ရာ ဆက်စပ် ပစ္စည်းတွေကတော့ ကောင်းနေပြီး ပုံစံက ပုံတုန်းကြီး ဖြစ်နေလို့လား ၊ အထဲမှာ ဆင်ထားတဲ့ Hardware ဆိုင်ရာ ဆက်စပ်ပစ္စည်းတွေက အနိမ့်စားတွေ ဆင်ထားလို့လား ဆိုတာကို ) ကွဲကွဲပြားပြား သိဖို့လိုပါတယ် .. ဒါမှသာ မိမိတို့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ Latop မျိုးကို သင့်တင့်တဲ့ ဈေးနှုန်းမျိုး ပေးပြီး ၀ယ်နိုင်မှာ ဖြစ်ပါတယ် .. 
အရင်ဆုံး မိမိက Latop ကိုဘာအတွက် ၀ယ်မှာလည်း ဆိုတာကို ဆန်းစစ်ပါ .. ပိုက်ဆံ ချမ်းသာလို့ ငွေဘယ်လောက် ကုန်ကုန် ဆိုရင်တော့  အခုနောက်ဆုံးပေါ်  Core i7 Latop မျိုးကို ဒီဇိုင်းပုံစံ လန်းလန်းလေးနဲ့ Brand ကောင်းကောင်း လေးနဲ့ ဈေးကြီး ပေးဝယ်လိုက်တာ ပြသနာ မရှိပေမယ့် ကိုယ်ကလည်း လက်ထဲမှာ ငွေကို ချင့်ချိန်နေရတဲ့သူ တကယ်လည်း လိုအပ်နေပါတယ် ဆိုတဲ့ သူမျိုးအတွက် ကျတော့ အရွေးမမှားဖို့ လိုအပ်ပါတယ် .. ဒါမှသာ မိမိတက်နိုင်တဲ့ ငွေကြေးပမာဏနဲ့ ကိုယ့်အတွက် တကယ်အသုံးဝင်တဲ့ Latop မျိုးကို ရွေးချယ် နိုင်မှာ ဖြစ်ပါတယ် .. 
အရင်ဆုံး Latop တစ်လုံး ၀ယ်တော့မယ် ဆိုရင် မိမိတို့က ဘာအတွက် သုံးမှာလည်း ဆိုတာကို စဉ်းစားပါ .. ဖျော်ဖြေမှုသက်သက် အတွက်ပဲ သုံးမှာလား ၊ ရုံးလုပ်ငန်း အတွက် သုံးမှာလား ၊ ကွန်ပျူတာပိုင်းဆိုင်ရာတွေ လေ့လာဖို့အတွက် သုံးမှာလား ၊ မိမိက လက်တော့ ၀ယ်ပြီးရင် ဂိမ်းအကြီးစားတွေ ဆော့ဖို့ အထိ စဉ်းစားထားလား ဆိုတာတွေကို ထည့်ပြီး တွေးဖို့ လိုပါတယ် .. ဒါမှသာ  မိမိလုပ်ချင်တာနဲ့ သင့်တင့် မျှတတဲ့ ပစ္စည်းမျိုးကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ် ..
ဖျော်ဖြေမှု အတွက်ပဲ သုံးချင်တယ် .. မိမိက သက်သက်မှတ်မှတ်ကြီး သုံးစရာတော့  မရှိဘူး အဝေးမှာ ရှိနေတဲ့ သူငယ်ချင်းတွေနဲ့ အင်တာနက်သုံးပြီးတွေ့မယ်  မိသားစုတွေထဲက အဝေးရောက်နေသူ တွေရှိရင်လည်း အင်တာနက်မှာ တွေ့မယ် ပျင်းတဲ့ အခါတွေမှာ ရုပ်ရှင်ကြည့်မယ် သီချင်းနားထောင်မယ် ဆိုတဲ့သူမျိုးကတော့ Hardware ပိုင်းဆက်စပ်ပစ္စည်းတွေ အရမ်းကြီး မမြင့်ရင်တောင် ဒီဇိုင်းလှလှ လေးနဲ့ ဈေးနှုန်းသင့်တင့်တာမျိုးလေးတွေ ဆိုရင် အဆင်ပြေပါတယ် .. 
နောက်တစ်ချက်ကတော့ ရုံးသုံး စာစီစာရိုက်သုံးမယ် လိုအပ်တဲ့ ဆော့ဝဲလ် တစ်ခုရမ်းထားပြီး အမြဲသုံးနေလို့ ရပါတယ် ဆိုတဲ့ သူမျိုးကျတော့ လည်းအပေါ်နဲ့ အရမ်းကြီးမကွာပါဘူး .. ကိုသုံးမဲ့ ရုံးသုံးလုပ်ငန်းတွေကို အဆင်ပြေပြေနဲ့ လုပ်ဆောင်နိုင်ယုံနဲ့ ရုံးတွေဘာတွေကို ယူသွားမယ် ဆိုရင် လည်းအမြင်တင့် စေမဲ့ ပုံစံမျိုးနဲ့ Hardware ဆက်စပ်ပစ္စည်းတွေက အရမ်းကြီး မမြင့်ရင်တောင် အလယ်အလတ်တန်းစားလောက် ဆိုရင်ကို သူ့အတွက် အဆင်ပြေစေပါလိမ့်မယ် ..
နောက်တစ်ချက် ကွန်ပျူတာပိုင်း ဆိုင်ရာတွေမှာ သုံးချင်ပါတယ်ဆိုတဲ့ သူမျိုးကျတော့ ပုံစံဒီဇိုင်း အရမ်း မကောင်း ရင်တောင် Hardware ပိုင်းဆက်စပ် ပစ္စည်းတွေကိုတော့ အကောင်းဆုံး ဖြစ်တာမျိုးတွေ ကို သုံးသင့်ပါတယ် .. မိမိတို့က ဆော့ဝဲတွေ ရမ်းမယ် စမ်းသပ်ချင်တာ တွေကို စမ်းသပ်မယ် ဖြုတ်မယ် တပ်မယ် ဒေါင်းလော့တွေ ခဏခဏ ချမယ် Upload တွေတင်မယ် ပြီးရင် စက်ကို အမြဲတမ်း ၂၄ နာရီပါတ်လုံး အသုံးပြုဖြစ်နေတဲ့ အခါတွေ ရှိမှာ ဖြစ်တဲ့ အတွက် မိမိတို့ ၀ယ်မဲ့ကောင်က Hardware ပိုင်း ဆက်စပ် ပစ္စည်း မြင့်တာနဲ့ အကြမ်းခံမဲ့ ကောင်မျိုးကို ရွေးချယ်ပြီး ၀ယ်ယူတာ ကပိုပြီး အဆင်ပြေစေပါလိမ့်မယ် .. ဖြစ်နိုင်ရင်တော့ Latop မ၀ယ်ပဲ Destop သာဝယ်ပေါ့ဗျာ .. ကျွန်တော်က Latop Crazy ဖြစ်တဲ့ သူအတွက် ရွေးချယ်လို့ရအောင် ပြောပြတာပါ .. ဒီလိုလူမျိုး အတွက်တော့ ဒီဇိုင်းပိုင်းထက် Hardware ပိုင်းစပ်ဆက် ပစ္စည်းတွေ ကောင်းမွန်တာမျိုးကို ရွေးချယ်သင့်ပါတယ် ..
နောက်ဆုံးတစ်ချက် ဂိမ်းသမားတွေကတော့ မိမိတို့ဝယ်မဲ့ လက်တော့မျိုးကို Hardware ပိုင်း သင့်တင့်ပြီး Ram , Graphic ပမာဏ များတာ မျိုးကို ရွေးချယ်ပြီး ၀ယ်ယူထားသင့်ပါတယ် .. အခုနောက်ပိုင်းမှာ ဆိုရင် Gamer တွေအတွက် သီးသန့် ထုတ်ပေးထားတဲ့ Latop Brand မျိုးတွေကို တောင်တွေ့နေရပါပြီ .. 
အပေါ်မှာ ကျွန်တော် နှိုင်းယှဉ်ပြ ထားတာ ကတော့ မိမိတို့အသုံးပြုမဲ့ ပုံစံနဲ့ အတက်နိုင်ဆုံး သင့်လျော်မဲ့ ပုံစံကို ရွေးချယ် နိုင်အောင် ဖော်ပြပေးထားခြင်း ဖြစ်ပါတယ် ..  တကယ်လို့ မိမိက ပိုက်ဆံလည်း တက်နိုင်တယ် ကောင်းကောင်းလည်း လိုချင်တယ် ဆိုရင်တော့ ဒီဇိုင်းပုံစံ လန်းလန်းနဲ့ Hardware ပိုင်းမြင့်တာတွေကိုသာ ၀ယ်သုံးပါ အဆင်ပြေပါတယ် .. ကျွန်တော်က ချင့်ချိန်ဝယ်ယူရမဲ့ သူမျိုးတွေအတွက် နှိုင်းယှဉ်ပြပေးတာ ဖြစ်ပါတယ် .. 
( ၂ ) Latop ၀ယ်ရန်ရွေးချယ်ခြင်း
 ကဲ မိမိကလည်း အပေါ်မှာ ပြောခဲ့တဲ့ အချက်လေးတွေနဲ့ ဆန်းစစ်ပြီးသွားပြီ လက်တော့ ၀ယ်တော့မယ်ဆိုရင် Hardware ပိုင်းဆက်စပ် ပစ္စည်းတွေကို ဘယ်လိုကြည့်ပြီး ရွေးချယ်နိုင်မလည်း Brand ချင်းအတူတူ Processor  Series  ချင်းတူရင်တောင် ဈေးနှုံးချင်း ဘာလို့ ကွာခြား နေတာလည်း ဆိုတဲ့ ခြားနားချက်လေးတွေကို ကြည့်တက်အောင် ရေးပေးသွားပါမယ် ..
နောက်တစ်ချက်ကတော့ Latop ၀ယ်မယ်ဆိုရင် Graphic ပါတာကို ရွေးဝယ်မလား Ram အနည်းအများကို ကြည့်ပြီး ၀ယ်မလား ဆိုတာကိုတော့ သိထားသင့်ပါတယ် .. ဘာလို့လည်း ဆိုတော့ Latop မှာ Ram နည်းရင် ထပ်တိုးလို့ ရပေမယ့် Graphic မပါရင်တော့ ထပ်ြ့ပီး အသစ်စိုက်လို့ မရပါဘူး .. ။ ဒါကြောင့် မိမိတို့က မ၀ယ်ခင်ထဲက မိမိတို့ဝယ်မဲ့ Latop မှာ Graphic ပါသလား မပါဘူးလား ဆိုတာကို လေ့လာသင့်ပါတယ် .. ဟုတ်ပြီ အဲ့ဒီ အချက်တွေကို ဘယ်လို ကြည့်ကြမလည်း  .. အောက်မှာ ဆက်သွားရအောင် ..
ကျွန်တော်တို့ Laptop တွေ ၀ယ်တဲ့ အခါမှာ ဈေးနှုံးကိုလည်း အရမ်းကြည့်လို့မရပါဘူး .. ကိုယ်ရဲ့ လိုအပ်ချက် ပေါ်လိုက်ပြီး ဆန်စစ်ပြီးမှ ၀ယ်သင့်ပါတယ် .. တစ်ချို့ Latop တွေက Design ပိုင်းကို ဦးစားပေး ထားတဲ့ အတွက် ပါဝင်တဲ့ Hardware အမျိုးစားချင်း တူရင်တောင် ဈေး ပိုကြီး နေတက်ပါတယ် .. တစ်ခါ တစ်လေ သတိထားပြီး ကြည့်ပါ .. Brand ချင်းလည်း တူတယ် ကျန်တဲ့ အမျိုးအစားချင်းလည်း တူတယ် .. ဒါပေမယ့် အဖြူရောင်နဲ့ အနက်ရောင် ပုံစံလေး နည်းနည်း ကွာသွားတာနဲ့ ဈေးလည်း ကွာဟ သွားတာမျိုး တွေ့ရပါလိမ့်မယ် ..
အရင်ဆုံး ကျွန်တော်တို့ Laptop ၀ယ်ဖို့အတွက် သူ့မှာ ပါဝင်တဲ့ အမျိုးအစားတွေကို သိဖို့ လိုပါလိမ့်မယ် .. အဲ့ဒီအတွက် ပြည်ပမှာ နေတဲ့ သူတွေပဲ ဖြစ်ဖြစ် မြန်မာပြည်က ဆိုင်တွေမှာ ၀ယ်မဲ့ သူတွေပဲ ဖြစ်ဖြစ် ဆိုင်က ပြထားတဲ့ Laptop နဲ့ ပါတ်သတ်တဲ့ အချက်အလက် တွေကို ဘယ်လို ကြည့်ပြီး ရွေးချယ်နိုင်မလည်း ဆိုတာကို အောက်မှာ ကျွန်တော် အမျိုးအစား တစ်ခုချင်း အလိုက် ရှင်းပြပေးထားပါတယ် ..
Processor
အရင်ဆုံး Processor ကိုကြည့်ပါ ... မိမိဝယ်မဲ့ လက်တော့က Intel လား AMD လား အရင်ဆုံး ခွဲခြားပါ .. ကိုက Intel ထဲကပဲ ၀ယ်ချင်တယ် ဆိုရင် မိမိဝယ်မဲ့ လက်တော့က Core i3 လား Core i 5 လား Core 2 Dual လား Core 2 Quad လား စသည်ဖြင့် ကြည့်ပါ .. ပြီးရင် မိမိတက်နိုင်တဲ့ ဈေးနှုံးနဲ့ Processor အမျိုးအစားကို ရွေးချယ်လိုက်ပါ .. ပိုက်ဆံတက်နိုင် ရင်တော့ နောက်ဆုံး ထွက်တဲ့ Processor အမျိုးအစားကို ရွေးချယ် ၀ယ်ထားတာ ပိုကောင်းပါတယ် ..
Operating system
နောက်တစ်ချက် Laptop Detail ထဲမှာ Operating System ဆိုပြီး ပါပါလိမ့်မယ် .. အဲ့ဒါက ဘာကို ပြတာ လည်းဆိုတော့ မိမိတို့ ၀ယ်မဲ့ Laptop မှာ အသုံးပြုမဲ့ Windows အမျိုးအစားကို ပြောတာ ဖြစ်ပါတယ် .. ကျွန်တော် တို့ အနေနဲ့ Laptop ၀ယ်တဲ့ အခါမှာ ပေးရမဲ့ တန်ဖိုးထဲမှာ အဲ့ဒီ Windows အတွက်ပါ ပါပြီးသား ဖြစ်ပါတယ် .. ကျွန်တော်တို့ Windows ကို ၀ယ်ပြီး သုံးရတာပါ .. Microsoft ® Windows 7 Home Basic စသည် ဖြင့် ဖော်ပြပေးပါလိမ့်မယ် ..
Memory
 Memory ပမာဏ ကိုတော့ Detail ထဲမှာ Mb နဲ့ ဖော် ပြမှာ ဖြစ်ပါတယ် . အဲ့ဒီအတွက် Laptop မှာ Ram ဘယ်နှစ် Gb ပါတယ် ဆိုတာကို သိဖို့ အတွက် အောက်မှာ ဖော်ပြထားတဲ့ Unit ရေတွက် ပုံလေးကို သိထားဖို့ လိုပါလိမ့်မယ်...
1 Bits = အငယ်ဆုံး unit
1 Byte= 8 Bits
1 kbyte =1024 Byte
1 Megabyte = 1024 kbyte
1 Gegabyte = 1024 Megabyte
1 Tetrabyte = 1099  Gegabyte  
ဒါမှသာ ကျွန်တော်တို့ အနေနဲ့ 4096 Mb ဆိုရင် 4 Gb ၊ 3072 Mb ဆိုရင် 3 Gb စသည်ဖြင့် အလွယ်တကူ သိနိုင်မှာ ဖြစ်ပါတယ် ..  ဒါဆိုရင် မိမိတို့ ၀ယ်မဲ့ Laptop မှာ Ram ဘယ်လောက် ပါတယ် ဆိုတာကို ခွဲခြားနိုင်လိမ့်မယ်လို့ ထင်ပါတယ် .. ဒီနေရာမှာ တစ်ခု သိထားရမှာက Laptop မှာ Ram ကို ထပ်ပြီး တိုးလို့ ရပါတယ် .. ဥပမာ ။  ။ ကျွန်တော်တို့က Ram 2 Gb ပဲ ပါတဲ့ Laptop ၀ယ်ထားတာ ဆိုရင် နောက်ထပ် 1Gb , 2 Gb ထပ်တိုးတာတို့ လုပ်နိုင်ပါတယ် ..
Screen
ဒီမှာက ဘာကို ကြည့်ရမလည်း ဆိုတော့ ကျွန်တော်တို့ ၀ယ်မဲ့ Laptop ရဲ့ Screen အရွယ် အစားကို  ကြည့်ရမှာ ဖြစ်ပါတယ် .. Screen အရွယ်အစား အကြီး အသေးကို လိုက်ပြီး မိမိရဲ့ Laptop အရွယ်အစားကလည်း အကြီး အသေး ကွာသွားပါလိမ့်မယ် .. 14" , 15.6" , 17.3" စသည်ဖြင့် အသီးသီး ရှိပါလိမ့်မယ် .. မိမိတို့ စိတ်ကြိုက် ရွေးချယ် နိုင်ပါတယ် ..
Hard disk
Hard Disk မှာ မိမိတို့ ၀ယ်မဲ့ Laptop မှာပါ ၀င်တဲ့ Hard Disk ရဲ့ ပမာဏကို ဖော်ပြပေး ပြီးသား ဖြစ်ပါတယ် .. 320 GB , 500 GB , 640 GB စသည်ဖြင့် အသီးသီး Hard Disk ရဲ့ Data တွေကို Store လုပ်ပေးနိုင်တဲ့ ပမာဏကို ဖော်ပြပေးမှာ ဖြစ်ပါတယ် ..
Optical Drive 
ဒီကောင်လေးကတော့ ဘာမှ အရေးမပါသလိုနဲ့ တော်တော် အရေးပါပါတယ် .. မိမိတို့ ၀ယ်မဲ့ Laptop မှာ Optical Drive ပါမပါတော့ သေချာ ကြည့်ဖို့ လိုပါတယ် .. ဘာလို့လည်း ဆိုတော့ ကျွန်တော်တို့ အနေနဲ့ Optrical Drive မပါတဲ့ Laptop ကို ၀ယ်မိပြီ ဆိုရင် နောက်ပိုင်း Windows အသစ်ပြန် တင်ချင်တာပဲ ဖြစ်ဖြစ် Software တွေ Install လုပ်ဖို့ အခွေထည့်ချင်ရင်ပဲ ဖြစ်ဖြစ် အဆင်ပြေမှာ မဟုတ်ပါဘူး .. ဒါကြောင့် Optical Drive ပါတာကို ရွေးချယ် ၀ယ်ယူဖို့ တိုက်တွန်းချင်ပါတယ် .. Optical Drive ပါတဲ့ Laptop တွေမှာ DVD-Super Multi Double Layer စသည်ဖြင့် ဖော်ပြထားပြီးတော့ Optical Drive မပါဘူး ဆိုရင်တော့ no ဆိုပြီး ဖော်ပြနေပါလိမ့်မယ် .. 
 Video Card 
အများစု မသိကြတဲ့ အထဲမှာ ဒီကောင်လေး ပါပါတယ် .. ဆိုင်က ပြတဲ့ Detail ကို ကြည့်ပြီး အများစုက မိမိဝယ်မဲ့ Laptop မှာ Video Card ပါမပါတောင် မသိကြပါဘူး .. Laptop မှာ Video Card မပါဘူး ဆိုရင် ကိုယ့်ဘာသာ အသစ် စိုက်လို့ ရမှာ မဟုတ်ပါဘူး .. ဒါကြောင့် ကိုယ်ဝယ်မဲ့ Laptop မှာ Video Card ပါမပါလည်း သေချာလေး ကြည့်သင့်ပါတယ် .. Video Card က Brand နှစ်မျိုးရှိပါတယ် ..  Nividia နဲ့ ATI ပါ .. မိမိတို့ ကြိုက်တဲ့ Brand ကို ရွေးချယ် နိုင်ပါတယ် .. တကယ်လို့ Video Card ပါတဲ့ Laptop တွေရဲ့ Detail ထဲမှာ Nividia Geforce  ® GT 520MX 1024Mb   ၊ ATI ™ Mobility Radeon ™ HD6630 1024Mb  စသည်ဖြင့် ဖော်ပြပေးပါလိမ့်မယ် .. ဒီနေရာမှာ တစ်ခု သိထား ရမှာက ပါဝင်တဲ့ Graphic ပမာဏ ကို Gb နဲ့ မဖော်ပြပဲ MB နဲ့ ပဲ ဖော်ပြမှာ ဖြစ်ပါတယ် .. 1 Gb ဆိုရင် 1024 MB ၊ 512 MB စသည်ဖြင့် ဖော်ပြပေး မှာ ဖြစ်ပါတယ် .. တကယ်လို့ Video Card မပါတဲ့ Laptop တွေမှာ ဆိုရင် Intel ® HD Graphics 3000 Intel ® GMA HD စသည်ဖြင့် ဖော်ပြပေးမှာ ဖြစ်ပါတယ် .. ဒါဆိုရင် မိမိတို့ ၀ယ်မဲ့ လက်တော့မှာ Video Card ပါမပါ ရွေးချယ် နိုင်လိမ့်မယ်လို့ ထင်ပါတယ် ..
 ဒါကတော့ ကျွန်တော်တို့ လက်တော့ ၀ယ်မယ်ဆိုရင် အဓိကထားပြီး သိထားသင့်တဲ့ ရွေးချယ်နိုင်တဲ့ အချက်လက် လေးတွေကို ဖော်ပြပေးထားတာ ဖြစ်ပါတယ် .. ကျန်တဲ့ Wifi , Bluetooth ပါမပါ သူ့မှာပါတဲ့ Battery Card က ဘယ်လောက် အသုံးခံလည်း ( 2 hour , 3 hour )  Laptop ရဲ့ အလေးချိန် စတာတွေကိုတော့ ကျွန်တော် တစ်ချက် ချင်း ရေးမပေးတော့ပါဘူး .. အပေါ်မှာ ရေးပေးခဲ့တဲ့ အချက်တွေကို ကြည့်ပြီး Laptop တစ်လုံး ၀ယ်ဖို့ အတွက် အနည်းနဲ့ အများ အထောက် အကူ ပြုနိုင်လိမ့်မယ်လို့ ထင်ပါတယ် .. 
ဒီပို့စ်လေးကို PDF ဖြင့် လိုချင်တယ် ဆိုရင် အောက်မှာ ယူလိုက်ပါ ..
Download  From  Ifile.it  ၊  Download  From  Ziddu  ၊  Download  From  Sharebeast
အားလုံးပဲ အဆင်ပြေကြပါစေ ... ကျေးဇူးတင်ပါတယ် ခင်ဗျာ ..
LinkWithin
Related Posts Plugin for WordPress, Blogger...