Saturday 20 September 2014

ကျွန်တော်နှင့် တိုင်ပတ်သွားသော Htc One









မင်္ဂလာပါ

ဒီနေ့တော့ နဲနဲအားနေတာနဲ့ ဟိုတစ်နေ့က တိုင်ပတ်ခဲ့တဲ့ HTC One ရဲ့ ဇာတ်လမ်းလေးကို တင်ပေးလိုက်
ပါတယ် :D .. အဖြစ်က ဒီလိုပါ သူငယ်ချင်း တစ်ယောက်က ဖုန်းဆက်ပြီးတော့မေးလာတယ် သူ Htc One
ဝယ်မလို့တဲ့ မြန်မာဖောင့်သွင်းလို့အဆင်ပြေပါသလားဆိုတော့ ကျွန်တော်လည်း ရပါတယ်လို့ အာမခံလိုက်
ပါတယ်။

ညပိုင်း အလုပ်ပြန်ချိန် လည်းရောက် ကိုတော်ချောက ဖုန်းကိုလာပြီးပေးသွားပါလေရော.. ကျွန်တော်လည်း
အေးဆေးပေါ့ အိမ်လည်းရောက်ရော လုပ်စရာရှိတာတွေ အကုန်လုပ်ပြီးတော့ HTC One လေးကိုကောက်
ကိုင်ပြီးတော့ လုပ်ငန်းစပါတော့တယ်

Bootloader Unlock အရင်လုပ် တယ် အဆင်ပြေတယ် နောက်ပြီးတော့ CWM Flash လုပ်တယ် အဲအထိ
အဆင်ပြေတယ် . နောက် Super User install လုပ်ပြီးတော့ Root ဖောက် လိုက်တယ် အဆင်ပြေ ပါသေး
တယ်။။ ခက်ပါတယ်ဆိုတဲ့ အဲဒီအဆင့်တွေ ကျော်သွားတော့ ပြီးသွားပြီပေါ့ မြန်မာဖောင့်ကတော့ အေးဆေး
မျက်စိမှိတ်ပြီးတော့ လုပ်လို့ ရတယ်ဆိုပြီး အေးဆေးနေလိုက်တာ .. လုပ်စရာကျန်သေးတဲ့ အိမ်အလုပ်တွေ
နဲနဲ ထလုပ်လိုက်သေးတယ် ပြီးသွားတာနဲ့ ဖုန်းပြန်ကိုင်လိုက်ပြီး မြန်မာဖောင့်သွင်းလိုက်တယ်.. ပြသနာက
အဲဒီမှာစတွေ့တော့တာပဲဗျာ..

APK တွေကို Install လုပ်ဖို့လက်ခံတယ် Superuser ကလည်းအလုပ် လုပ်တယ် root access လည်းဖြစ်တယ်
Font Folder မှာလည်း ဖောင့်ကဝင်တယ် ဒါပေမယ့် မြန်မာစာ လုံးဝမပေါ်ပါဘူးဗျာ... နဲနဲတော့ခေါင်းခဲသွား
ပြီ အရင်ဖုန်းတွေတုန်းက အဆင်ပြေ ပါတယ်ပေါ့.. ဒါနဲ့နောက်တစ်ခု Zawgyi Changer နဲ့ လုပ်တယ်မရဘူး..
ဒါလည်း လက်မလျှော့သေးပါဘူး ရှိသမျှ zawgyi changer အကုန်လုံး apk, exe ရှိသမျှ နည်းလမ်းအကုန်လုံး
နဲ့လုပ်တယ် မရပါဘူး..

Root explore ကနေဝင်ပြီးတော့ fallback font ပါသွင်းတယ်မရပါဘူး.. ဒါနဲ့ဖုန်းးကို restore လုပ် Format ချ။
ရှိသမျှအကုန်ပြန်ထည့် မရပါဘူး အဲဒါတွေနဲ့ ချည်းပဲ သံသရာလည်နေလိုက်တာ မိုးလင်းသွားတဲ့အထိပါပဲ.. ဒါနဲ့
တစ်ခုခုတော့ လွဲနေပြီဆိုပြီးတော့ Google ကြီးကိုအကူအညီ ထတောင်းလိုက်ရပါတော့တယ်.. Google ထဲဝင်
မိမှပဲ ကိုယ့်လိုလူတွေ အများကြီးဆိုတာ သွားတွေ့လိုက်ရတယ် အားတော့ ရှိသွားတယ် :P :P :P

ဒါနဲ့ ဟိုရှာ ဒီရှာ လုပ်လိုက်တာ မနက် ၇ နာရီထိုးမှပဲ XDA developer ဆိုဒ်ထဲကနေ mmfont.zip ဖိုင်လေးကို
သွားတွေ့ပါတယ် .. ဒါနဲ့ လက်တဲ့ စမ်းကြည့်လိုက်တာ .. ဟော ထင်မထားပဲ လုံးဝအဆင်ပြေသွားပါတယ်ဗျာ..
ဒါနဲ့ ကျွန်တော်လည်း ဒီပို့လေးကို ကျွန်တော့်လိုမျိုး တိုင်ပတ်နေသူများ ရှိရင် အဆင်ပြေပါစေဆိုပြီင်္းတော့ ဒီအကြောင်းလေးနဲ့ အတူ လိုအပ်တဲ့ ဆော့ဝဲလ် တွေကို တင်ပေးလိုက်ပါတယ်ဗျာ..

လိုအပ်တာလေးတွေ အောက်မှာယူလိုက်ပါ


Android
Super User
CWM Recovery
MM Font
 ဆိုင်မွန်စာကြည့်ဆိုဒ်မှ....
                                                From: အောင်ကျော်ခိုင်(ပုသိမ်) by မိုးညိုသား

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...