Tuesday 21 October 2014

ခရုသင်းအကြောင်း သိကောင်းစရာ

ခရုသင်း(သမင်ဖြူ) …………….

သမင်ဖြူ ရောဂါဆိုတာ Melanoytes လို့ခေါ်တဲ့ အရေပြားကို အရောင်ခြယ် ပေးတဲ့ cell ပျက်စီးသွား တာကြောင့် ကိုယ်ခန္ဓာအရေပြားပေါ်မှာ အဖြူကွက်တွေ ပေါ်လာတဲ့ ရောဂါကို ခေါ်ခြင်း ဖြစ်ပါတယ်။

အရေပြားကို အရောင်ဆိုးပေးတဲ့ (ပင်ဂမင့်) ခေါ် ဆိုးဆေးပစ္စည်း ချို့ယွင်းတာ ဖြစ်ပါတယ်။ ကွက်ပြီးဖြစ်နိုင်သလို တကိုယ်လုံးလောက် ဖြစ်သူတွေလဲရှိတယ်။ တဝက်လောက်က အသက် ၂ဝ မတိုင်ခင် ဖြစ်တယ်။ (မိုက်ကယ်ဂျက်ဆင်) မှာလဲ ရှိခဲ့တာမို့ ရောဂါနာမည်တောင် MJ Skin လို့ ပြောင်းခေါ်ကြမလားဘဲ။

ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကျဆင်းခြင်းကြောင့် မိမိခန္ဓာကိုယ်ရဲ့တစ်ရှုးတွေကို ပြန်လည်တိုက်ခိုက်တာ ဖြစ်ပါတယ်။ အခြားအချက် တစ်ခုကတော့ Melanoytes တွေကိုယ်တိုင်က သူတို့ကိုယ်ကို ပြန်လည်ဖျက်ဆီးတာ ဖြစ်ပါတယ်။

ကမ္ဘာ့လူဦးရေရဲ့ ၀.၅ မှ ၁ ရာခိုင်နှုန်းခန့် သမင်ဖြူ ဖြစ်ပွါးကြပါတယ်။ သမင်ဖြူရောဂါဟာ ယောကျာ်း ၊ မိန်းမ မရွေး လူမျိုးမရွေး တန်းတူညီတူ ဖြစ်ပွါးတတ်ပြီးတော့ Hyperthyroidism, Adrenocortical insufficiency, Alopecia areata and pernicious anaemia ရောဂါတွေနဲ့ ဆက်စပ်မှုလည်း ရှိတတ်ပါတယ်။

အဖြူကွက်တွေဟာ နေရာတစ်ခုတည်း (သို့) နေရာအနည်းငယ်ပဲ (focal pattern) ဖြစ်ပွားတတ်တဲ့သမင်ဖြူနဲ့ ခန္ဓာကိုယ်ရဲ့ တစ်ဘက်တည်း(ဘယ်/ညာ) (segmental vitiligo) ဖြစ်ပွားတတ်တဲ့ သမင်ဖြူတွေကတော့ မပြန့်ပွားနိုင်ပါဘူး။ ခန္ဓာကိုယ် အနှံ့အပြားဖြစ်ပွားတဲ့ သမင်ဖြူ (generalized vitiligo) ကတော့ ခန့်မှန်းရ ခက်ပါတယ်။

အများအားဖြင့်တော့ အဖြူကွက်တွေက ပိုများလာပြီး အချိန်ကြာလာတာနဲ့အမျှ ပိုမိုပြန့်ပွား တတ်ပါတယ်. တစ်ချို့လူတွေမှာတော့ ပြန့်ပွားမှုနှေးကွေးပြီး နှစ်ပေါင်းများစွာ ကြာပါတယ်.။ တစ်ချို့လူတွေမှာတော့ ပြန့်ပွားမှုမြန်ပါတယ်။
တစ်ချို့မှာတော့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေခံရပြီးနောက်မှာ ဖြစ်ပွားလာတတ်ပါတယ်
သမင်ဖြူ ကုသခြင်းရဲ့ အဓိက ရည်မှန်းချက်ကတော့ အဖြူကွက်တွေနေရာမှ တဖြည်းဖြည်း အသွင်အပြင် တိုးတက်လာဖို့ပဲ ဖြစ်ပါတယ်။
ကုသမှုကတော့ ကြာမြင့်တတ်ပြီး ၆ လမှ တစ်နှစ်ခွဲ လောက်အထိ ကုသရပါတယ်။ အဖြူကွက် အရေအတွက်၊ တည်နေရာ၊ အရွယ်အစားနဲ့ ဘယ်လိုပျံ့နှံ့လဲဆိုတာပေါ်မှာ မူတည်ပြီး လူနာတစ်ဦးနှင့်တစ်ဦး ကုသမှုအပေါ် တုံ့ပြန်မှုခြင်း မတူညီသလို လူတိုင်းအတွက်လည်း ကုသမှု တစ်ခုတည်းနဲ့ မဖြစ်နိုင်ပါဘူး။ (ဥပမာ-ဖြစ်ပွားသော နေရာများအနက်မှ မျက်နှာနှင့် လည်ပင်းအထက်ကတော့ တိုးတက်မှု ပိုမိုမြန်ဆန်ပါတယ်။)

လေးစားရသောဆရာကြီးမှာရေးသားထားသည့်ရေးကို သိအောင်ပြန်ရေးပေးလိုက်ပါသည် …..
(ဒါပေမဲ့ ရိုးရိုးသားသားပြောရရင် ကုသနည်းတွေရဲ့ ထိရောက်မှုကိုမေးရင် ဖြေဘို့ခက်ပါတယ်။)

(၁) ဖရဲသီးအရည် ထမင်းစားဇွန်း ၂-၃ ဇွန်း၊ ဘရန်ဒီဝီစကီ ထမင်းစားဇွန်း တစ်ဇွန်း၊ ဆေးဖက်ဝင် သစ်ခေါက်ရည် ထမင်စားဇွန်း နှစ်ဇွန်း၊ ရေသန့်ထမင်းစားဇွန်း နှစ်ဇွန်း၊ အားလုံးကို စုပေါင်းပြီးမွှေပါ။ မျက်နှာကို အရင်ဆုံးသန့်စင်ထားပါ။ အဲဒီနောက် ရလာတဲ့ ဖရဲသီးတိုနာကို ဂွမ်းစနဲ့ တို့ယူပြီး မျက်နှာပေါ် ညင်သာစွာ ပွတ်လိမ်းပေးပါ။ မိနစ်အနည်းငယ်လောက်ထားပြီး ကြက်သီးနွေးရေနဲ့ မျက်နှာသစ်ပေးပါ။

(၂)ဖရဲသီးTonerရဲ့ပါဝင်ပစ္စည်းတွေအားလုံးကိုစုဖို့အခက်အခဲရှိတယ်ဆိုရင်တော့ဆေးဖက်ဝင်သစ်ခေါက်ရည် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းနဲ့ ရေသန့်အနည်းငယ်ရှိရုံနဲ့လည်း ပြုလုပ်နိုင်ပါတယ်။ ဖရဲသီးစိတ်လေးတွေကို အစေ့မဖယ်ဘဲ မွှေစက်ထဲမှာ သစ်ခေါက်ရည်နဲ့ ရေရောပြီးမွှေပါ။ ဖရဲစေ့မှာ Omega-6 နဲ့ Omega-9 မရှိမဖြစ် အဆီဓာတ်တွေ ပါဝင်ပြီး အဲဒီ အဆီဓာတ်တွေက အရေပြားရဲ့အတွင်းပိုင်းထိ အလွယ်တကူ ထိုးဖောက် ဝင်ရောက်နိုင်ပါတယ်။

(၃) သင့်မျက်နှာက အဆီပြန်တတ်ရင်တော့ ဖရဲသီးအရည်အနည်းငယ်၊ ဘရန်ဒီဝီစကီနဲ့ ရေ ထမင်းစားဇွန်း နှစ်ဇွန်းစီ ထည့်မွှေပြီး မျက်နှာပေါ် သုတ်လိမ်းပေးပါ။ မျက်နှာပေါ်က အဆီတွေကို ဖယ်ရှားပေးပါတယ်။

(၄) ဖရဲသီးအရည်တစ်မျိုးတည်းကို မျက်နှာပေါ် တိုက်ရိုက် သုတ်လိမ်းနိုင်ပါသေးတယ်။ ဖရဲသီး အရည်ကို ဂွမ်းစနဲ့ မျက်နှာပေါ်မှာ သုတ်လိမ်းပြီး ခြောက်အောင် ခဏထားပါ။ ပြီးနောက် မျက်နှာ သစ်ပါ။

(၅) ဖရဲသီးအရည်ကို သံပရာရည် အနည်းငယ်နဲ့ ရောပြီးလည်း မျက်နှာပေါ် ဂွမ်းစ အသုံးပြုကာ သုတ်လိမ်း နိုင်ပါတယ်။ ခဏထားပြီး ခြောက်သွားပါက သင်လက်ခံနိုင်ရုံ ရေနွေးနွေးနဲ့ ဆေးကြော ပေးပါ။

(၆) ဖရဲသီးအတွင်းသားကို ကြိတ်ခြေပြီးရလာတဲ့ အဖတ်တွေကို သင့်မျက်နှာနဲ့ လည်ပင်းတစ်လျှောက် ကပ်ပေးပါ။ ၁၅ မိနစ်လောက်ထားပြီး မျက်နှာသန့်စင်ပေးပါ။ သင့်အသားအရေကို အေးမြစေကာ၊ ကြည်လင်သန့်ရှင်းစေပြီး အရွယ်တင် နုပျိုစေပါတယ်။

(၇) သင့်မျက်နှာမှာ နေလောင် ဒဏ်ရာတွေပါ ရှိနေရင်တော့ ဖရဲသီး အတွင်းသားနဲ့ သခွားသီး အတွင်း သားတွေကို ဆတူရောပြီး ကြိတ်ခြေပါ။ ရလာတဲ့ အရောအနှော အဖတ်တွေကို မျက်နှာပေါ် သုတ်လိမ်းပြီး မိနစ် ၂၀ လောက်ထားပါ။ အဲဒီနောက် ရေနဲ့သန့်စင် ဆေးကြောပါ။ နေလောင် ဒဏ်ရာ တွေကို သက်သာစေပြီး အသားအရေ ဖြူဝင်းလှပ စေပါတယ်။ ဖုန်တွေနဲ့ မျက်နှာကထွက်တဲ့ အဆီ တွေ ရောပြီး ချွေးပေါက်ပိတ်တာကိုလည်း ကောင်းမွန် စေပါတယ်။

(၈) နောက်ဆုံးတစ်နည်းကတော့ ဖရဲသီး၊ ငှက်ပျောသီး၊သဘောင်္သီးနဲ့ကုံကုမံရွက်တွေကု ရောနှောပြီး ရလာတဲ့ အရောအနှော အဖတ်တွေကို လိမ်းပေးပါ။ အဲဒီနောက် မျက်နှာပေါ်ကို ပျားရည် သုတ်လိမ်းပြီး နာရီဝက် ကြာတဲ့အခါ မျက်နှာသန့်စင်ပေးပါ။ သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ ဂျုံမှုန့်ကို စက်ဝိုင်းပုံ သဏ္ဌာန် နှိပ်နယ်ပြီး သုတ်လိမ်းပေးပါ။

အဟဲ အသားအရည် လေးတွေ လှပစေဖို့ ဆေးနည်းလေး ပေးချင်ပါတယ်။ ဒါ့ကြောင့် Good Health ဂျာနယ်မှာ အလင်း(ဆေးဝါး)ရေးထားတာတွေ့လို့ သူငယ်ချင်းတို့အတွက် ကောက်နူတ်ပြီး မျှဝေ ပေးလိုက်ပါတယ်နော်

Credit - http://drayeminhtoo.blogspot.com/

Admin
Soe Lwin @ စိုးလွင်
Free Online Radio Media (Malaysia News)
Free Online Tv Website - www.nayzawlin.com
Free Media Website - www.malaysiaonlineradiomedia.com
Free Facebook Page - https://www.facebook.com/nayzawlin17
Photo: ခရုသင်း(သမင်ဖြူ) …………….
 
Credit - http://drayeminhtoo.blogspot.com

Admin
Soe Lwin @ စိုးလွင်
Free Online Radio Media (Malaysia News)
Free Online Tv Website - www.nayzawlin.com
Free Media Website - www.malaysiaonlineradiomedia.com
Free Facebook Page - https://www.facebook.com/nayzawlin17

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...