Friday, 10 October 2014

သံလမ်းအားဖြတ်မောင်းသည့်ယာဉ် ရထားမှဝင်တိုက်၍ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်သေဆုံး

နေပြည်တော်၊ အောက်တိုဘာ ၁၀

၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၅ မိနစ်အချိန် မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ရမည်းသင်းဘူတာနှင့် အင်းကုန်းဘူတာကြား၊ မိုင်တိုင်အမှတ် (၂၇၁/၁၅-၁၆)ကြားတွင် အမှတ်(၁၂)အစုန် မန္တလေး-ရန်ကုန် အမြန်ရထားသည် ရထားသံလမ်းကူး (တရားမ၀င်လှည်းလမ်းကူး)အား ဖြတ်မောင်းသည့် ရမည်းသင်းမြို့နယ်၊ သာစည်ရွာမှ လက်ပန်ကုန်း ကျေးရွာသို့ မိတ်္ထီလာမြို့၊ ရန်မျိုးအောင်ရပ်ကွက်နေ ချစ်ကောင်း(ခ)ကောင်းထက်သာ(၃၀)နှစ် မောင်းနှင်ပြီး တစ်ရပ်ကွက်တည်းနေ ယာဉ်နောက်လိုက် ကျော်ဇင်လတ်(၂၇)နှစ်လိုက်ပါလာသည့် 4A/xxxx ဒိုင်နာယာဉ်အား တိုက်မိခဲ့သည်။

အခင်းဖြစ်နေရာသို့ ရမည်းသင်းခရိုင်ရဲတပ်ဖွဲ့မှူးနှင့် ရမည်းသင်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ ရထားရဲတပ်ဖွဲ့ခွဲ(၉)မှတပ်ဖွဲ့ဝင်များနှင့် ရထားလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ရောက်ရှိစစ်ဆေးခဲ့ရာ ရထားနှင့်တိုက်မိမှုကြောင့် 4A/xxxx ဒိုင်နာယာဉ်၏ခေါင်းပိုင်းနှင့် ကိုယ်ထည်ပိုင်းပြတ်ထွက်သွားပြီး ရထားပေါ်ပါခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ 4A/xxxx ဒိုင်နာယာဉ်မောင်း ချစ်ကောင်း(ခ)ကောင်းထက်သာနှင့် ယာဉ်နောက်လိုက် ကျော်ဇင်လတ်တို့တွင် ဒဏ်ရာများအသီးသီးရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း တွေ့ရှိရသဖြင့် သေဆုံးသူများ၏အလောင်းများကို ရမည်းသင်းဆေးရုံးသို့ပို့အပ်ခဲ့ပြီး ယာဉ်မဆင်မခြင်မောင်းနှင်သူ ချစ်ကောင်း(ခ) ကောင်းထက်သာအား ရမည်းသင်းမြို့မရဲစခန်း ယာဉ်(ပ)၄၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...