Monday, 13 October 2014

အင်းလျားကန်အတွင်း အမျိုးသမီးအလောင်း တွေ့


အင်းလျားကန်အတွင်း ပိုင်ရှင်မပေါ်သော  အမျိုးသမီးအ လောင်းတစ်လောင်းတွေ့သဖြင့်  ပုံမှန်သေဆုံးမှုဟုတ်၊ မဟုတ်စစ် ဆေးနေကြောင်း  သတင်းရရှိ သည်။  ကမ္ဘာအေးဘုရားလမ်း၊လမ်းနီမှတ်တိုင်အနီးအင်းလျားကန်အတွင်း၌ အောက်တိုဘာ ၁၀ ရက် နံနက်က အမျိုးသမီးအ လောင်တစ်လောင်းကို မှောက် လျက်အနေအထားဖြင့် တွေ့ရှိခဲ့ ကြောင်းသတင်းရရှိသည်။
 အသက်(၄၅)နှစ်ခန့် ဟိန္ဒူအမျိုးသမီးဖြစ်ကာ အင်းလျား ကန်ပေါင်နှင့် ငါးပေခန့်အကွာ ရေပြင်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီးငွေစက္ကူ ၂၈၀၀ ကျပ်ကို ကိုင်လျက်သေဆုံးနေကြောင်း ရဲစခန်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

 အလောင်းကို ဓမ္မတာအ တိုင်းသေဆုံးခြင်းဟုတ်မဟုတ် စစ်ဆေးနေဆဲဖြစ်သည်။
 အင်းလျားကန်နှင့်ဆပ်စပ် နေသော အင်းလျားလေးကန်အ တွင်း ရေနစ်သေဆုံးမှုများမကြာ ခဏဖြစ်ပေါ်ပြီး အချို့သောသေ ဆုံးမှုများမှာ ပိုင်ရှင်မပေါ်သကဲ့သို့ အချို့မှာ လူသတ်မှုများဖြစ်နေ လေ့ရှိကြောင်း တာဝန်ရှိသူရဲအ ရာရှိတစ်ဦးကပြောသည်

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...