Friday, 10 October 2014

အမျိုးသမီးများထက် အမျိုးသားများ သက်တမ်းပိုတိုစေသော အကြောင်းရင်း(၆)ရပ်



အမျိုးသမီးများထက် အမျိုးသားများ သက်တမ်းပိုတိုစေသော အကြောင်းရင်း(၆)ရပ်

အသက်အရွယ်မရွေးမှာ လိုက်ကြည့်မယ်ဆိုရင် အမျိုးသားတွေဟာအမျိုးသမီးတွေထက် ပိုပြီး အသက်
တို ကြပါတယ်။ အယ်လ်ဇိုင်းမားရောဂါ ကလွဲလို့တကယ်သေနိုင်လောက်တဲ့ ရောဂါ ၁၅ မျိုးလောက်မှာ
ယောက်ျားတွေကပိုအဖြစ်များတာကို တွေ့ရပါတယ်။ ဒါကြောင့် ကမ္ဘာကြီးပေါ်မှာ ပျမ်းမျှယောက်ျားတွေ
က မိန်းမတွေထက် ၅နှစ်လောက်အသက်ပိုတိုတယ်လို့ စစ်တမ်းများအရတွေ့ရှိထားရတာ ဖြစ်ပါတယ်။
(အယ်လ်ဇိုင်းမားရောဂါ အကြောင်းကို-
မက်ဖန်ပရိသတ်များ ပြည့်စုံစွာ သိရှိအောင် ရေးသားဖော်ပြပေးဖို့
ရှိပါတယ်)။


ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အချက်တွေ ကွဲပြားမှု ရှိတာတွေကြောင့်လဲ ပါသလို နေထိုင်ပုံ Lifestyle ကလဲ
အဓိက လွှမ်းမိုးတဲ့ အချက်ဖြစ်ပါတယ်။ အမျိုးသားတွေဟာကျန်းမာရေးလိုက်စားဖို့နဲ့ ရောဂါ တစ်ခုခု
ဖြစ်လာခဲ့ရင် ဆေးကုသမှုစောစွာခံယူဖို့ အချိန်ဆွဲတတ်ကြတာ အဓိက အချက်ဖြစ်ပါတယ်လို့ ကမ္ဘာ
တစ်ဝန်းကျန်းမာရေးပညာရှင်များက တညီတညွတ်ထဲ အဆိုပြုကြပါတယ်။“အမျိုးသားတွေဟာ ကျန်း
မာရေးထက် တခြားအရေးတွေကို ပိုအာရုံစိုက်ကြတဲ့ သဘာဝ ရှိပါတယ်။ ဥပမာလူမှုရေး၊ စီးပွားရေး၊
နိုင်ငံရေး၊ အားကစား စသဖြင့် မိမိစိတ်ဝင်စားစရာတွေကိုပဲ လုပ်နေကြပါတယ်။ ဒီလို ကိုယ်လုပ်ချင်
တာတွေကိုလူ့အသိုင်းအ၀ိုင်းထဲမှာ လုပ်နေရရင်ပဲ သူတို့ကိုယ်သူတို့ ကျန်းမာတယ်လို့ထင်နေတတ်
ကြပါတယ်” လို့ ကျွန်တော့်ရဲ့ဆရာ အထူးကုဆရာဝန်ကြီးတစ်ဦးကပြောပြပါတယ်။


အမျိုးသားတွေဟာ ဆရာဝန်ဆီသွားဖို့ အမျိုးသမီးတွေလောက် လွယ်လွယ် မဆုံးဖြတ်ကြတဲ့အတွက်
တကယ်တမ်း ဆရာဝန်ဆီ မဖြစ်မနေ ရောက်ကြတဲ့အချိန်မှာ လွန်ကုန်ကြတဲ့ သဘောလဲ ရှိပါတယ်။
အမေရိကန်အမျိုးသားကျန်းမာရေး ဂျာနယ် ရဲ့ အယ်ဒီတာချုပ်ဖြစ်သူ Demetrius Porche ကလဲ “အ
မျိုးသားတွေဟာအလုပ်လုပ်နိုင်နေတယ်၊ စွမ်းဆောင်နိုင်တယ်လို့ သူတို့ကိုယ်သူတို့ယုံကြည်နေသမျှ
ကာလပတ်လုံး ကျန်းမာရေးအတွက် ခန္ဓာကိုယ်ကို ညှာဖို့စစ်ဆေးဖို့ ဘယ်တော့မှ အတွေးမ၀င်ကြပါ
ဘူး။ နောက်ပြီး ဆေးလိပ်အရက်၊မူးယစ်ဆေးဝါး စတာတွေကလဲ အမျိုးသားတွေက ပိုသုံးကြပါတယ်”
လို့ကောက်ချက်ချပါတယ်။


ဒီတော့ ကမ္ဘာတစ်ဝန်း အမျိုးသားတွေအားလုံးရဲ့ ကျန်းမာရေးကို အခြိမ်းခြောက်ဆုံး ရောဂါ (၆)မျိုး
အကြောင်းကိုမက်ဖန်ပရိသတ်များ အားလုံး ဆင်ခြင် ကာကွယ်ဖွယ် ဖော်ပြပေး လိုက်ပါတယ်။ကာ
ကွယ်နည်းများကတော့ ကျွန်တော် အရင်တင်ထားတဲ့ ဆောင်းပါးများမှာကြည့်ရှုနိုင်ပါတယ်။


(၁)နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများ

Cardiovascular Diseases လို့ခေါ်တဲ့ နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများဟာ ယောက်ျားတွေ
အသေအပျောက် အများဆုံးရောဂါ နံပတ်တစ် ဖြစ်ပါတယ်။ atherosclerosisလို့ခေါ်တဲ့ သွေးကြော
တွေ မာခဲပိတ်ဆို့လာလို့ သွေးမလျှောက်တော့တဲ့ ရောဂါများ ဖြစ်ပါတယ်။ အထူးသဖြင့် နှလုံးသွေး
ကြောပိတ် ရင်ဘတ်အောင့် ရောဂါ (Angina ) ဖြစ်ပါတယ်။ အခန့်မသင့်ရင် heart attack နဲ့ ပွဲချင်းပြီး
သေတတ်ပါတယ်။ကမ္ဘာတစ်ဝန်းမှာကိုက atherosclerosis ကြောင့် လေဖြတ်ခြင်းနဲ့ နှလုံးသွေးကြော
ပိတ်ခြင်းတွေဟာလူတွေ အသေအများဆုံး ရောဂါတွေ ဖြစ်ပါတယ်။ ကမ္ဘာ လုံးဆိုင်ရာ ပြဿနာကြီး
တစ်ခုတောင် ဖြစ်နေပါပြီ။ အဲလို atherosclerosis က ဘာလို့ဖြစ်ရသလဲဆိုတော့ သွေးတွင်းအဆီ
ဓာတ်တွေ များလွန်းလို့ သွေးကြောနံရံတွေ အပေါ် အဆီတွေ အနည်ကျပြီး ပိတ်ဆို့တာ ဖြစ်ပါတယ်။
ဒါကြောင့်အမျိုးသားတွေဟာ အသက် ၆၅ နှစ်ကျော်တာနဲ့ လူတိုင်း အဲဒီရောဂါတွေစတင်ခံစားရတော့
တာပါပဲ။ ငယ်ငယ်ကတည်းက မဆင်ခြင်ဘဲ သွေးတွင်း ကိုလက်စထရောများတဲ့ သူတွေကတော့
ဒီထက် စောတတ်ပါတယ်။ မြီးကောင်ပေါက် ဆယ်ကျော်သက်အရွယ်ချင်း ယှဉ်ရင်တောင် မိန်းက
လေးတွေရဲ့ သွေးကြောတွေကယောက်ျားလေး တွေထက် ပိုကောင်းပါတယ်။ နောက်တစ်ချက် အ
နေနဲ့ မိန်းကလေးတွေမှာသဘာဝအရကိုက ကျန်းမာရေးကို အထောက်အကူပြုတဲ့ HDL ခေါ် ကို
လက်စထရော တစ်မျိုးပိုပါပါတယ်။ ဒါကြောင့် အမျိုးသားများ အားလုံးကို အကြံပြုချင်တာက……..

(၁)အသက် ၂၅ နှစ်ကျော်ကတည်းက သွေးတွင်း ကိုလက်စထရော တိုင်းတာပါ။ အနည်းဆုံး ငါးနှစ်
တစ်ကြိမ် ဆက်တိုင်းပါ။

(၂)သွေးပေါင်ချိန်နဲ့ ကိုလက်စထရော များနေရင် ချပေးပါ။

(၃)ဆေးလိပ်ကို ရှောင်ပါ။

(၄)တစ်နေ့ကို အနည်းဆုံး လှုပ်လှုပ်ရှားရှားလုပ်ချိန် နာရီဝက်တော့ ရှိပါစေ။

(၅)ဟင်းသီးဟင်းရွက် အသီးအနှံများ တတ်နိုင်သမျှ စားပေးပါ။


(၂) အဆုတ်ကင်ဆာ

တကယ်ကို ကြောက်စရာကောင်းလှတဲ့ ကင်ဆာ ရောဂါဖြစ်ပါတယ်။ ရောဂါဒဏ်ခံရမှုအရမ်းဆိုးခြင်း၊
ရောဂါတိုးတက်မှု မြန်ခြင်း၊ ကင်ဆာဆဲလ်များ နေရာအနှံ့ပျံ့ခြင်းတွေမှာ တခြားကင်ဆာတွေထက်ကို
ဆိုးပါတယ်။ ဘယ်လောက်မြန်သလဲ ဆိုရင်ရောဂါလက္ခဏာတစ်ခုခု မပေါ်ခင်အချိန်၊ စစ်ဆေးတွေ့ရှိမှု
မရှိသေးခင် စဖြစ်တဲ့အချိန် ကတည်းကကို စပျံ့ နေပြီ ဖြစ်ပါတယ်။ တွေ့ပြီဆိုရင်နောက်ကျနေပြီလို့ကို
တစ်ထစ်ချ ပြောနိုင်တဲ့အထိ ကြောက်စရာကောင်း ပါတယ်။




ကမ္ဘာပေါ်မှာ ရှိရှိသမျှသော အဆုတ်ကင်ဆာတွေ အားလုံးရဲ့ ၉၀% ကျော်ဟာ ဆေးလိပ်ကြောင့်ဖြစ်
ရတာ အသေအချာပါပဲ။ CT scan ကလွဲလို့ ကြိုစစ်နိုင်တဲ့ ဆေးစစ်ချက်မျိုးလဲမရှိသေးပါဘူး။လက်ရှိ
စွဲပြီးနေတာ ကြာခဲ့ပြီ ဖြစ်လို့ ငါကတော့ နောက်ကျနေပါပြီ မထူးတော့ပါဘူးလို့ မထင်ပါနဲ့တဲ့။ ဆေးလိပ်
ကိုဘယ်အသက်အရွယ်မှာ ဖြတ်ဖြတ် နောက်မကျသေးဘဲ အဆုတ်ကင်ဆာနဲ့ အခြားရောဂါတွေဖြစ်
စေနိုင်တဲ့ ဆိုးကျိုးများစွာ လျော့နည်းမှာ သေချပါတယ်လို့ ပညာရှင်များကအဆိုပြုထားပါတယ်။




(၃)ဆီးကျိတ်ကင်ဆာ

ဆီးကျိတ်က မိန်းမတွေမှာ မရှိဘဲ ယောက်ျားတွေမှာသာ ရှိလို့ ယောက်ျားတွေပဲဆီးကျိတ်ကင်ဆာ
ဖြစ်ကြပါတယ်။ အမျိုးသား ၆ယောက်မှာ တစ်ယောက်နှုန်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲလိုဖြစ်တဲ့သူ
တွေထဲက ကုသမယ်ဆိုရင် ၃၅ယောက်မှာတစ်ယောက်သာသေနိုင်တာမို့ တော်သေးတာပေါ့ လို့ပဲဆို
ရမှာပဲ။


(၄)စိတ်ကျရောဂါနှင့် ကိုယ့်ကိုယ်ကို သတ်သေခြင်း

စိတ်ဓာတ်ကျဆင်းခြင်းဟာ ကျန်းမာရေးအပေါ် သိသိသာသာ ဆိုးဝါးစေပါတယ်။ စိတ်ထောင်းလို့ ကိုယ်
ကြေတယ် လို့ပြောရမှာပေါ့။ စိတ်ကျရောဂါရဲ့ ဒဏ်ကို စိတ်မာပါတယ်ဆိုတဲ့ ယောက်ျားတွေကမိန်းမများ
လောက်တောင် မခံနိုင်တာ အံ့သြဖွယ်ရာ တွေ့ရပါတယ်။ ဒါကြောင့်လဲကိုယ့်ကိုယ်ကို သတ်သေမှုများ
ရဲ့ ၇၀% နီးပါးဟာ ယောက်ျားတွေ ဖြစ်နေတာပါ။နောက်ပြီး စိတ်ကျရောဂါ (depression) ၀င်နေတဲ့သူ
ဟာ နံပတ်(၁)မှာ ပြောခဲ့တဲ့နှလုံးသွေးကြော ရောဂါများ ဖြစ်နိုင်ဖို့ အခွင့်အလမ်းလဲ ပိုများပါတယ်။မိန်းမ
တွေဟာ ယောက်ျားတွေလောက် စိတ်ဓာတ်မကျတတ်တာ မဟုတ်ပါဘူး။ တူတူပါပဲ။ ဒါပေမယ့်မိန်းမ
တွေက ဒီလို စိတ်ညစ်ရမှုကို မျက်ရည်တို့ ဘာတို့နဲ့ဖြေဖျောက်လို့ရပြီး စိတ်ဓာတ်ကြံ့ခိုင်သူများလို့ကိုယ့်
ကိုယ်ကိုယ်သတ်မှတ်ထားတဲ့ အမျိုးသားများကတော့ ၀မ်းနည်းမှုကို မျက်ရည်အစား ဒေါသတွေပေါက်
ကွဲမှုတွေ နဲ့ပဲ ထွက်ပေါက်ပေးတော့ ကြာတော့ ပိုဆိုးလာတာဖြစ်ပါတယ်။(ငိုရင် ပေါ့သွားတယ်ဆိုတာ
ဒါဖြစ်မယ်)

နောက်တစ်ချက်က အဆုံးစီရင်ဖို့ ကြိုးစားကြတဲ့ အကြိမ်အရေအတွက်ကတော့ မိန်းမနဲ့ယောက်ျား
မကွာလှဘူးလို့သိရပါတယ်။ ဒါပေမယ့် ဘာလုပ်လုပ် အောင်မြင်အောင် လုပ်တတ်တဲ့ ယောက်ျားတို့
ကလုပ်တိုင်းနီးပါး အောင်မြင်ကြလို့ ပိုသေကြပါသတဲ့။အသိဥာဏ် ဆင်ခြင်တုံတရား မြဲတဲ့ သူများက
တော့ မိမိတို့ရဲ့ စိတ်ဓာတ်ကျဆင်းမှုကိုmeditation ဆိုတဲ့ တရားထိုင်ခြင်း၊ ဆေးကုသခြင်း စတာတွေ
နဲ့ ကုသပြီးအောင်မြင်မှုကို ပြန်လည်ရယူတတ်ကြပါတယ်။


(၅)ဆီးချိုရောဂါ

တဖြည်းဖြည်းချင်း လုံးဝမသိသာအောင် စလာတတ်တဲ့ ရောဂါမို့ နှစ်ပေါင်းများစွာ ကြာတတ်ပြီးကာ
ကွယ်ဖို့ မေ့နေတတ်တဲ့ ရောဂါဖြစ်ပါတယ်။ ဆီးချိုရောဂါဟာ စဖြစ်ပြီဆိုတာနဲ့ပိုလျှံနေတဲ့ သွေးတွင်း
သကြားဓာတ်တွေဟာ သွေးကြောတွေနဲ့ အာရုံကြောတွေအတွက်အဆိပ်အတောက်များ အဖြစ် နေ
ရာ ယူလာကြပါတယ်။ နှလုံးသွေးကြောကျဉ်း၊လေဖြတ်ရောဂါ၊ မျက်စိကွယ်ခြင်း၊ ကျောက်ကပ်အလုပ်
မလုပ်နိုင်တော့ခြင်းနဲ့ခြေလက်တွေ ဖြတ်ရခြင်းတွေအထိ ဖြစ်နိုင်လို့ တကယ့် ကြောက်စရာ ရောဂါပါပဲ။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်နဲ့ ကိုယ်လက်လှုပ်ရှားမှုများဟာ သင့်ကို ဆီးချိုရောဂါက

နေ ရာသက်ပန် ကာကွယ်ပေးနိုင်ပါတယ်။


(၆)ပန်းသေပန်းညှိုးခြင်း

ဒါဟာ အသက်အန္တရာယ် မရှိပေမယ့် အမျိုးသားတိုင်းနီးပါး ဖြစ်တဲ့ ကျန်းမာရေး ပြဿနာတစ်ရပ် ဖြစ်
ပါတယ်။ အလွယ်မှတ်ရရင် အသက်၄၀ ပြည့်ပြီးသား အျမိုးသားတိုင်းရဲ့၄၀% ဟာ ဒီပြဿနာ ခံစားနေ
ရပါတယ်။ ဒီလိုဖြစ်လာရင် နံပတ်(၄)မှာ ပြောခဲ့တဲ့စိတ်ဓာတ်ကျဆင်းခြင်းကို ထိရောက်စွာ အားပေးရာ
ရောက်လို့ ကာကွယ်သင့်လှပါတယ်။နောက်ပြီး ပန်းသေပန်းညှိုး ဖြစ်ရတဲ့ အကြောင်းရင်းတွေ အများ
ကြီး ရှိတဲ့အထဲက atherosclerosis သွေးကြောမှာ အဆီခဲတွေ ပိတ်ခြင်းကြောင့်လဲ ဖြစ်နိုင်တာမို့ဒါ
ကြောင့်သာ အမျိုးသားသဘာဝ မလာတော့ဘူးဆိုရင် နှလုံးသွေးကြောပိတ် လေဖြတ်စတဲ့ ရောဂါတွေ
လဲ တွဲဖြစ်နေပြီလို့ ယူဆလို့ရပါတယ်။ ဒါကြောင့် ဆရာဝန်များကပန်းသေပန်းညှိုးခြင်းကို နှလုံးနဲ့ သွေး
ကြောဆိုင်ရာ ရောဂါများရဲ့ရှေ့ပြေးသတိပေး လက္ခဏာ တစ်ရပ် အဖြစ် ထည့်သွင်းစဉ်းစား ကြပါတယ်။
ဒီတော့ ဆိုလိုချင်တာက ပန်းသေပန်းညှိုးကို ကုသလို့ရတဲ့ ဆေးဝါးတွေ၊ ကုထုံးတွေအများကြီးရှိပေ
မယ့် ဒါတွေဟာ ဒီကိစ္စကိုပဲကုသလို့ရပြီး နောက်ခံအကြောင်းတရားဖြစ်တဲ့ သွေးကြောဆိုင်ရာ ပြဿ
နာများကို မကုသ မကာကွယ်နိုင်တဲ့အတွက် အမျိုးသားများ ဒီလို ခံစားလာရပြီဆိုရင် ဆေးစစ်သင့်ပြီ
လို့အကြံပြုချင်ပါတယ်။ဒီကမ္ဘာလောကကြီးမှာ ယောက်ျားတွေဟာ မိန်းမတွေထက် ပိုအရေးကြီးတဲ့
တာဝန်တွေကို ယူထားကြရသူတွေ ဖြစ်ပါတယ်။ ဒီတော့ အသက်တိုလို့မဖြစ်ပါဘူး။ လူသားတိုင်းအနေ
နဲ့ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ဘ၀မှာပျော်ရွှင် တာဝန်ကျေစွာ နေနိုင်ဖို့၊ မိမိဆန္ဒရှိတာလေးတွေ လုပ်
နိုင်ဖို့ကျန်းမာအသက်ရှည်ရန် လိုအပ်လှတာမို့ ကျန်းမာရေးကို ဂရုစိုက်ကြပါလို့မှာချင်ပါတယ်။

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...