Thursday, 16 October 2014

Bi မွန်းတည့်နေဂျာနယ်မှ သတင်းသမား ၅ဦး ထောင်ဒဏ် ၂နှစ်စီ ချမှတ်ခံရ

16 October 2014 12:09(+0630) (လွန်ခဲ့သော 3 နာရီ ခန့်က)

Bi မွန်းတည့်နေဂျာနယ်မှ တရားစွဲခံထားရသော သတင်းသမား ၅ဦးအား ယနေ့(အောက်တိုဘာ ၁၆ရက်) နံနက်ပိုင်းတွင် ပန်းပဲတန်းမြို့နယ် တရားရုံးက ထောင်ဒဏ် ၂နှစ်စီ ချမှတ်ခဲ့သည်။

ထောင်ဒဏ်ချမှတ်ခံခဲ့ရသူ ၅ဦးမှာ ဦးကျော်မင်းခိုင်(ထုတ်ဝေသူ)၊ ဦးယဉ်မင်းထွန်း(ထုတ်ဝေသူ)၊ ကျော်ဇောဟိန်း(ခ)မင်းဝဿန်(သတင်းထောက်)၊ ဦးဝင်းတင်(အမှုဆောင်အယ်ဒီတာ)၊ ဦးသူရအောင်(တာဝန်ခံအယ်ဒီတာ) တို့ဖြစ်သည်။

“များတယ်ဗျာ၊ အရမ်းများလွန်တယ်၊ ကျနော်တို့ နိုင်ငံရေးလုပ်တာမဟုတ်ပါဘူး၊ အများပြည်သူအတွက် သတင်းရေးသားဖော်ပြနေတဲ့ မီဒီယာသမားတွေကို အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်ချမှတ်ခံရတဲ့အတွက် မတရားဘူးလို့ ယူဆတယ်၊ အဲဒီအတွက် အယူခံဝင်သွားမယ်”ဟု ပြစ်ဒဏ်ချမှတ်ခံရသူတဦးဖြစ်သည် သတင်းထောက် ကိုမင်းဝဿန် က ပြောသည်။

ယင်းတို့ ၅ ဦးအား “ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားဒီမိုကရေစီအင်အားစုများကို ကြားဖြတ်အစိုးရအဖြစ် ပြည်သူများက တင်မြှောက်ကြောင်း MCDF ထုတ်ပြန်”ဆိုသော သတင်းရေးသားမှုကြောင့် ဇူလိုင်လ ၁၁ရက်နေ့က ဖမ်းဆီးခဲ့၍ ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ အမိန့်ချမှတ်ခံရပြီးနောက် ပြည်တွင်းသတင်းဌာနမှ သတင်းသမား ၃ဦးက “မီဒီယာဖိနှိပ်မှုရပ်”ဟု ရေးသားထားသော စာရွက်များ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

သူရမင်းဇော်

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal?fref=nf

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...