Sunday, 19 October 2014

ဗာဂျီးနီးယားပြည်နယ်က ထိတ်လန့်ဖွယ်ရာ ပြန်ပေးဆွဲလူသတ်မှုကြီး


ကောလိပ်ကျောင်းသူ ဟန်နာဂရာဟမ် ပျောက်
ဆုံးသွားမှုက ဗာဂျီးနီးယားပြည်နယ်တစ်ဝိုက်
 မှာ ပြန်ပေးဆွဲအသတ်ခံရတဲ့ အမျိုးသမီးရှစ်
ဦးရဲ့အမှုကို ပြန်လည်အသက်သွင်းလို့
လာပါတယ်။



အထက်တန်း ကျောင်းဘောလုံးအသင်းနည်းပြဖြစ်သူ ဂျက်ဆီမက် သယူးကို ပြန်ပေးဆွဲသတ်ဖြတ်ခဲ့မှုအတွက် ဖမ်းဆီး အရေးယူထားချိန်မှာ ချီကာဂိုရဲတွေက အမျိုးသမီးငယ် ရှစ်ဦး ပြန်ပေးဆွဲသတ်ဖြတ်ခဲ့တဲ့ အမှုတွဲအားလုံးရဲ့ တရားခံဟာ တစ်ယောက်တည်းဖြစ်နိုင်တယ်လို့ ယူဆ လာကြပါတယ်။

အသက်၁၈နှစ်အရွယ် ဗာဂျီးနီး ယားတက္ကသိုလ်ကျောင်းသူကို ပြန်ပေးဆွဲ သတ်ဖြတ်ခဲ့တဲ့ ကျစ်ဆံမြီးဆံပင်နဲ့ မက်သ ယူးဟာ အရပ် ၆ပေ၂လက်မမြင့်ပြီး ကိုယ် အလေးချိန် ၂၇ဝရှိတဲ့အတွက် လူ့ဘီလူး ကြီးတစ်ယောက်လို့ ဆိုနိုင်ပါတယ်။

ဟန် နာဟာ ပါတီပွဲနှစ်ပွဲကို ညနက်တဲ့အထိတက် ရောက်ခဲ့ပြီး ဟန်နာကို နောက်ဆုံးမြင်တွေ့ ခဲ့တဲ့သူကလည်း မက်သယူးပါ။ ဒါကို ရဲ တပ်ဖွဲ့က စားသောက်ဆိုင်တစ်ခုရဲ့အပြင် ဘက်မှာ တပ်ဆင်ထားတဲ့ လုံခြုံရေးကင် မရာကတစ်ဆင့် ခြေရာခံနိုင်ခဲ့ခြင်း ဖြစ်ပါ တယ်။

မက်သယူးကို ရဲအဖွဲ့က တက္က ဆက်ကမ်းခြေမှာ စက်တင်ဘာ ၂၄ရက်က ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဟန်နာပျောက်ဆုံး ပြီး ၁၁ရက်အကြာမှာ မက်သယူးကို ဖမ်း ဆီးရမိခဲ့ပြီး နောက်မှာတော့ အလောင်း စစ်ဆေးတဲ့ဆရာဝန်တွေက တရားခံဟာ ၂ဝဝ၉ခုနှစ်မှာ ပြန်ပေးဆွဲအသတ်ခံခဲ့ရတဲ့ ဗာဂျီးနီးယားနည်းပညာတက္ကသိုလ်ကျောင်း သူ မော်ဂန်ဟာရင်တန်အမှုနဲ့လည်း ဆက်နွှယ်နေ တယ်လို့ ကြေညာခဲ့ပါတယ်။

မော်ဂန်ဟာ ၂ဝဝ၉ခုနှစ် အောက်တိုဘာ ၁၇ ရက်မှာ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး သူမရဲ့ကြွင်းကျန် တဲ့အလောင်းကို ပျောက်ဆုံးသွားပြီး လေးလအကြာ မှာ လယ်ကွင်းတစ်ခုထဲက ရှာတွေ့ခဲ့ကြပါတယ်။ ဗာ ဂျီးနီးယားရဲတွေက မက်သယူးကို မောဂန်အသတ်ခံ ရမှုအတွက် တရားစွဲဆိုခြင်းမရှိသေးပေမယ့် သက်သေ အထောက်အထားတွေကို ဆက်လက်ရှာဖွေနေတယ် လို့ ဆိုပါတယ်။

ဟန်နာနဲ့မော်ဂန်တို့နှစ်ဦးရဲ့အမှုဟာ ဆက် စပ်မှုရှိနေတယ်လို့ သတင်းထွက်ပေါ်လာချိန်မှာတော့ နှစ်ပေါင်းများစွာ သမီးကိုသတ်ခဲ့တဲ့တရားခံ ဘယ်သူ မှန်းမသိရှိခဲ့ရတဲ့ မော်ဂန်ရဲ့မိဘတွေအတွက် တုန်လှုပ် စရာ ဖြစ်ခဲ့ပါတယ်။

မော်ဂန်ရဲ့ဖခင်က သမီးဖြစ်သူရဲ့ အသတ်ခံရမှုဟာ ဆက်တိုက်ဖြစ်ပေါ်ခဲ့တဲ့ အမှုတွဲတွေ နဲ့ ဆက်စပ်မှုရှိနေမယ်လို့ ကနဦးကတည်းက ယုံကြည် ခဲ့တယ်လို့ ဆိုပါတယ်။

သက်သေအထောက်အထား မခိုင်လုံသေး ပေမယ့် အပြစ်မဲ့စွာ ပြန်ပေးဆွဲအသတ်ခံခဲ့ရတဲ့အမျိုး သမီးရှစ်ဦးကို ပြစ်မှုကျူးလွန်ခဲ့တဲ့တရားခံကို ရှာဖွေ ဖော်ထုတ်နိုင်ဖို့ ဟန်နာရဲ့အမှုက လမ်းစတစ်ခုရရှိလာ ခဲ့ပါပြီ။

မက်သယူးဟာ ပြန်ပေးဆွဲအသတ်ခံရတဲ့ အမျိုးသမီးအားလုံးကို ပြစ်မှုကျူးလွန်တယ်လို့ ယူဆ နိုင်တဲ့ အခြားအချက်တစ်ခုလည်းရှိနေပါတယ်။ ဒါက တော့ ၂ဝ၁၃ခုနှစ် သြဂုတ်၃ရက်မှာ ပျောက်ဆုံးသွားခဲ့ တဲ့ အဲလက်စ်မာဖီရဲ့အမှုဖြစ်ပါတယ်။

အဲလက်စ်မာဖီပျောက်ဆုံးစဉ်က နောက်ဆုံး တွေ့ခဲ့ရတာက ဂက်စ်ဆိုင်တစ်ခုမှာ ရန်ဒီတေလာဆိုသူ နဲ့ စကားပြောနေကြတာပါ။ အသက်၄၈ နှစ်ရှိပြီဖြစ်တဲ့ ရန်ဒီတေလာကို မာဖီရဲ့အမှု အတွက် ပြစ်မှုထင်ရှားလို့ တစ်သက်တစ် ကျွန်း ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

ရန်ဒီတေ လာကတော့ အမှုအတွက် လုံးဝဝန်မခံခဲ့ပါ ဘူး။ လူသတ်တရားခံအစစ်က အာဖရိက နွယ်ဖွား အမေရိကန်နိုင်ငံသား ကျစ်ဆံမြီး ကျစ်ထားတဲ့သူဖြစ်တယ်လို့သာ တဖွဖွပြော နေခဲ့ပါတယ်။

ရန်ဒီတေလာရဲ့စကားဟာ မက် သယူးနဲ့ အံဝင်ခွင်ကျဖြစ်နေတာကြောင့် ပြန်ပေးဆွဲအသတ်ခံခဲ့ကြရတဲ့ အမျိုးသမီး ငယ်ရှစ်ဦးကို ပြစ်မှုကျူးလွန်တဲ့သူဟာ တစ်ဦးတည်းဖြစ်နိုင်တဲ့အဆိုဟာ ပိုမိုနီးစပ် မှုရှိလာပါတယ်။ တာဝန်ရှိသူတွေက အမှု အတွက် သိပ္ပံနည်းကျ စမ်းသပ်စစ်ဆေးမှု တွေ ပြုလုပ်ဖို့လိုတယ်လို့ ဆိုပါတယ်။

မကြာခင်အချိန်အတွင်းမှာ ဗာ ဂျီးနီးယားက အမျိုးသမီးများ ပြန်ပေးဆွဲသတ် ဖြတ်ခံရတဲ့အမှုတွဲက တရားခံကို ဖော်ထုတ် နိုင်ဖို့ ကာယကံရှင်မိဘတွေက မျှော်လင့် လို့ နေကြပါတယ်။

Ref:GLOBE

The Flower News


No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...