Friday, 17 October 2014

Van အစီး (၃၀)ရဲ့ ဘေးဘက်ခြမ်းက အမျိုးသမီးရင်သားပိုစတာကြောင့် ၂၄ နာရီအတွင်း ကားအစီး ၅၀၀ကျော် ယာဉ်တိုက်မှုဖြစ်ပွား


ရုရှားနိုင်ငံ မော်စကိုမြို့မှာ van ကားစီးရေပေါင်း
(၃၀) ရဲ့ ဘေးနံရံပေါ် ရင်သားနှစ်မွှာကို
လက်ခုပ်ခွက်အဝိုင်းပုံစံ အနေထားဖြင့်
 မလျက်ကိုင်နေတဲ့ အမျိုးသမီးတစ်ဦးပုံကို
 ကြော်ငြာပိုစတာအဖြစ် တင်ထားပါတယ်။

ကြော်ငြာမှာ ရိုးရိုးရှင်းရှင်း ရေးထားတဲ့စာတမ်းလေးက… “They attract” ပါ။

ဒါပေမဲ့ အဲဒီ van ကားတွေကို မြို့အနှံ့ မောင်းထွက်လာခဲ့အချိန်မှာတော့ အတန်းလိုက်မောင်းနင်လာတဲ့ ကားတွေ တစ်စီးနဲ့တစ်စီး စတင် တိုက်ကြတော့တာပါပဲ။ ပျှမ်းမျှအားဖြင့် ယာဉ်မတော်တဆဖြစ်ပွားမှု အရေအတွက်ပေါင်း (၅၁၇) လောက်ရှိခဲ့တယ်လို့ ယူဆထားပါတယ်။

အသက် ၃၅ နှစ် IIdar Yuriev ဆိုသူမှာ မတော်တဆဖြစ်ပွားခဲ့တဲ့ ယာဉ်မောင်းတွေထဲ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ သူက "ကျွန်တော့်ကို ကျော်တက်သွားတဲ့ ကားဘေးနံရံမှာ ရင်သားနှစ်မွှာပုံအကြီးကြီးနဲ့ ကားကို တွေ့လိုက်တဲ့အချိန်မှာ လုပ်ငန်းကိစ္စ အစည်းအဝေးတစ်ခု တက်ရောက်ဖို့သွားနေတဲ့ အချိန်ပေါ့။ နောက်တော့ ကားတစ်စီးက ကျွန်တော်ကားကို နောက်ကနေ လာတိုက်သွားပါတယ်"လို့ သူက ပြောပါတယ်။

အဲဒီက ကျွန်တော့်ကို ဒဏ်ရာအနာတရ မဖြစ်စေခဲ့ပေမယ့် အလုပ်ချိန်လည်းနောက်ကျစေသလို ကားကိုပါ ဂိုဒါင်ထဲ ထားခဲ့ရပါပြီ။ အာမခံရထားလို့ ဆုံးရှုံးမှုမရှိခဲ့ပေမဲ့ အိတ်ကပ်ထဲ ပိုက်ဆံမရှိတဲ့ အဖြစ်ကြုံရသေးတယ်။ "လို့ လည်း သူက ဆက်လက်ပြောကြားသွားတာပါ။

အဲဒီကြော်ငြာကို ရေးဆွဲတဲ့ Sarafan Advertising Agency ကုမ္ပဏီက တိုက်မိသွားတဲ့ ကားတွေ အားလုံးအတွက် လျော်ကြေးပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။ ကြောငြာဆိုတာ အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်တွေပေါ် ထားသင့်တဲ့ အရာမျိုးလို့ ယူဆတာကြောင့်ပါ။ ဈေးကွက်အတွင်း မိတ်ဆက်ပေးဖို့ ကြော်ငြာပုံစံအသစ်တစ်ခု ဆွဲဖို့ စီစဉ်နေပါတယ်။ ထရပ်ခ်ကားတွေရဲ့ဘေးနံရံပေါ် ကြော်ငြာတင်တာတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ အဲဒီကြော်ငြာကုမ္ပဏီရဲ့ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ်က ဆိုပါတယ်။

ကျွန်တော်တို့ ဒီစည်းရုံးလုပ်ရှားမှု ကြော်ငြာပုံစံသစ်နဲ့ လူတွေအာရုံကို ဖမ်းစားချင်ခဲ့တာပါ။ မတော်တဆဖြစ်ခဲ့တဲ့ ကားပိုင်ရှင်အားလုံးကိုတော့ ကျွန်တော်တို့ဆီက လျော်ပေးသွားမှာပါလို့လည်း သူက ပြောဆိုသွားပါတယ်။

Source: metro
Treand Myanmar

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...