Saturday, 20 September 2014

ဖုန်းတစ်လုံးတွင်ပါဝင်သောအစိတ်အပိုင်းများ(၅)



 
ဒီနေ့ တော့ ကျွန်တော် ကျန်၇ှိနေသေးတဲ့ components လေးတွေကို စုစည်းပြီးတင်ပေး လိုက်ပါတယ်။ ဖုန်းတစ်လုံးမှာ အရေးပါတဲ့ R,C,D,L, အစရှိတဲ့ ပစ္စည်းလေးတွေ ကိုပြောပြခဲ့ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ အခုချိန်မှာ ဖုန်းဆားဗစ် လုပ်ငန်းမှာ
hardware ကဏ္ဍ ဟာ အရင်နှစ်တွေထက် သိသိသာသာ တိုးတက်လာပါတယ်။ ဖုန်းသုံး
စွဲသူ user တွေ များလာသလို ပျက်စီးမှုတွေကလဲ အရမ်းများလာပါတယ်၊ လိုအပ်ချက်တစ်ခု လိုဖြစ်လာတဲ့ ဖုန်းဆားဗစ်လောကမှာ အတတ်ပညာနဲ့ အသက်မွှေးဝမ်းကြောင်းကြတဲ့ ကျွန်တော့်
ညီလေးတွေ သိသင့်တတ်သင့် နားလည်ထားသင့်တဲ့ အကြောင်းအရာလေးတွေကို
ကျွန်တော်လေ့လာမိသလောက် ပြန်လည်မျှဝေပေးခြင်းပဲဖြစ်ပါတယ်။တကယ်တော့
ကျွန်တော်ဟာ သာမာန် လေ့လာနေတဲ့ အဆင့်ပဲ ရှိတဲ့ လူတစ်ယောက်ပါ။ သင်တန်း
ဆရာလဲမဟုတ်ပါဘူး၊ ကျွမ်းကျင်တဲ့ ပညာရှင်လဲ မဟုတ်ပါဘူး။ ဒါပေမယ့်သူများတွေ
သိတာကိုသိချင်တယ်၊ သူများတွေ တတ်တာကို တတ်ချင်တယ်။ သူများတွေပြောတာကို နားလည်ချင်တယ်။ 
အဲဒီစိတ် တွေရဲ့တွန်းအားပေးမှုကြောင့် လေ့လာရင်း ဒီအခြေအနေရောက်လာတာပါ။ 
ဒါကြောင့် ညီလေးတို့ လဲနည်းပညာကို လေ့လာကြပါသူများ pwmပြောလဲမသိ
သူများ RX- cell. TX- cell ပြောလဲနားမလည် မဖြစ်ရအောင်၊သူများနောက်မကျအောင်
ဖြစ်စေချင်လို့ အစပျိုးပေးတာပါ။ ကျွန်တော့်ထက်လေ့လာ အားကောင်းပြီးတော်သွား တတ်သွားမယ့် 
ညီငယ်လေးတွေများစွာ ပေါ်ထွန်းပါစေလို့ ဆ`န္ဒပြုလိုက်ပါတယ်။
components လေးတွေ ဆက်သွားရအောင်။
CRYSTAL
crystal လေးတွေဟာ၊ ပါဝါအိုင်စီ အတွင်းပိုင်း ပါဝင်တဲ့ လိုင်းထုပ်ပတ်လမ်း pwm အတွက် လိုအပ်တဲ့ ခုန်လိုင်းကို ထိန်းချုပ်ပေးပါတယ်။ crystal မကောင်းရင်ပါဝါမနိုး
တာတို့ ၊နိုးရခက် သွားတာတို့ ၊ဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံမှာ ပါဝါအိုင်စီကိုအပူ
ပေးရင်း crystal လေးအပူလွန်ပြီး ပျက်သွားတာမျိုးလဲ ရှိပါတယ်။crystal ကို capacitor
လေးနှစ်လုံးနဲ့ ဒီဇိုင်းထုပ်ထားတဲ့အတွက် ကောင်းမကောင်းမီတာနဲ့ တိုင်းလို့ မသိနိင်ပါဘူး။ 
FET
FET လေးတွေကလဲ ပါဝါပိုင်းအတွက်ရော charging ပိုင်းတွေမှာပါ အသုံးပြုကြပါတယ်။
fet ရဲ့သဘောကတော့ ခလုတ်နဲ့ ဆင်တူပါတယ်။ သူ့ မှာအ၀င်အထွက် ငုတ်နှစ်ခုရယ်၊
control လုပ်ပေးတဲ့ gate ဆိုတဲ့ ငုတ်တစ်ခု ပါဝင်ပါတယ်။ ဗို့ လမ်းကြောင်းကို switching
လုပ်နိင်သလို signal လိုင်းကို လဲချဲ့ ထွင်ပေးနိင်ပါတယ်။ fet လေးပျက်ရင်တော့
အ၀င်နဲ့ အထွက်ကို diode လေးတစ်လုံးနဲ့ခွပြီး အစားထိုးပေးနိင်ပါတယ်။ ဒါပေမယ့်လဲ
charging ပိုင်းပါ တွဲဖက်ထားရင်တော့ ရေရှည်မှာ battery အတွက်မကောင်းပါဘူး။
SENSOR
Sensorလေးတွေဟာ ဖုန်းတစ်လုံးအတွက် လိုအပ်တဲ့ နည်းပညာအထောက်အပန့် ပစ္စည်းလေးပါပဲ။ မော်ဒယ်မြင့် smart phone တွေမှာ
ဆင်ဆာလေးတွေ လေးလုံးကနေ ရှစ်လုံးထိ ပါဝင်လာပါတယ်။ အဓိကကြတဲ့ဆင်ဆာ
လေးတွေ ကတော့ proximity sensor ဖုန်းကိုနား နားကပ်လိုက်ရင် အလိုအလျှောက်
home screen ကိုပိတ်ပေးတဲ့ ဆင်ဆာပါ။ gyrosensor home screen ကိုလူနဲ့ အလိုက်သင့်အောင် အလျားလိုက်၊ ဒေါင်လိုက်တည့်မှတ်ပေးတဲ့ ဆင်ဆာပါ။
auto screen rotation လုပ်ပေးပါတယ်။ အခြားဆင်ဆာတွေကတော့ ဖုန်းတိုင်း မပါဝင်ပါဘူး၊ လေ့လာနိင်အောင်
တင်ပေးလိုက်ပါတယ်။
--list of sensors embedded in the Samsung Galaxy S4 : 
Temperature or humidity sensor, Placed in a small hole at the bottom, this sensor is used to display the optimum level of comfort for the user that is displayed through the S-Health applications.
Accelerometer, This is a common sensors used in smartphones. Galaxy S4 also has a barometer capable of measuring air pressure to calculate calorie burn while exercising the user according to the conditions and altitude atmospheric pressure.
RGB sensor, Placed on the top left of the screen, the sensor detects light from the environment to adjust the brightness and sharpness of the screen.
Distance ( proximity ) Sensor, Used to turn off the screen when the user’s face is near the smartphone. This prevents unwanted input when the user is wearing the Galaxy S4 to call.
Voice recognition,Technology voice recognition Galaxy S4 is used among others for feature translators s language Translator.Voice Drive also use this function, combined with GPS and geomagnetic sensor.
Gyrosensor, Combined with face recognition, sensors that detect the angle of the device allows scrollling screen simply by waving Galaxy S4 in the desired direction.
Optical Character Recognition, Used for read text and recognize caption-caption special such as pages web, numbers telephone and QR code.
Face recognition, many smartphone use this camera technology this time to detect face
Finger Hovering, technology who measure changes electrical currents when the finger the user were in near the screen.Users can view the e-mail, S-Planner, a photo gallery and video just with hover their finger over the icon
အားလုံးပဲအဆင်ပြေကြပါစေ။
ကိုအောင်
‎BEGINNING OF MOBILE HARDWARE AND SOFTWARE

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...