Saturday 20 September 2014

samsung note 2 lcd repair

SAMSUNG NOTE 2  lcd လဲမယ်ဆိုရင်
ဖုန်းတွေကိုအတွင်းပိုင်းပြုပြင်မယ်ဆို၇င်စိတ်လောပြီးလုပ်လို့ မ၇ပါဘူး၊အထူးသဖြင့် PBC board နဲ့ အတူတွဲထားတဲ့ power button,volume up/down ,lcd connector ,rf cable ,screws ,touch connector အစရှိတဲ့ပစ္စည်းလေးတွေကိုဂရုစိုက်ပြီးကိုင်တွယ်တတ်ဖို့ လိုပါတယ်။ volume ကြိုးပြားလေးပြတ်သွားရင်တောင်ပြန်အစားထိုးရတာအချိန်ကုန်ပြီး၊အခက်အခဲလဲရှိတတ်ပါတယ်။ဒါကြောင့်တန်ဖိုးကြီးမှားတဲ့
samsung ဖုန်းတွေမှာအခက်အခဲမရှိအောင်ပုံလေးတွေနဲ့ တစ်ဆင့်ချင်းရှင်းပြထားပါတယ်။

ပုံမှာမြင်တွေ့ ရတဲ့ lcd ကွဲနေတဲ့ note2 ဖုန်းကိုခုလိုတစ်ဆင့်ချင်းဖြုတ်ကြရအောင်။

အရင်ဆုံးနောက်ဖုန်းနဲ့  battery ဖြုတ်ပါမယ်၊ပြီးရင်ပုံမှာပြထားတဲ့အတိုင်း screws တွေဖြုပ်ပါ။

ပြီးရင် lcd နဲ့ တွဲလျက် pbc board တစ်ခုလုံးကိုအသာမတင်ပေးလိုက်ပါ။

ဒီပုံအတိုင်းရပြီဆိုရင်ဖုန်းရဲ့အပေါ်ပိုင်းမှာအနီရောင်အကွင်းလေးပြထားတဲ့ screw လေးဖြုပ်လိုက်ပါ။နောက်အရေးကြီး
တဲ့တစ်ခုက power button လေးပါတဲ့ကြိုးပြားလေးပါ၊ဒီကောင်လေးခွာရင်အောက်မှာကော်ရှိတဲ့အတွက်ထိန်းပြီးခွါ
ပေးဖို့ လိုပါတယ်၊လိုအပ်ရင် သင်နာလေးနဲနဲဆွတ်ပေးပါ။ပြီးရင် lcd connector နဲ့ ear phone jack ပေါက်တို့ တစ်ဆင့်ချင်းဖြုတ်သွားပါ။

vibrator နဲ့  charging strip တို့ ဆက်ဖြုတ်ပါ။ front camera နဲ့ buzzer တို့ ဖြုတ်ပါ။


အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ကွဲနေတဲ့lcdကိုခွါပြီးအသစ်လဲရုံပါပဲ။ဈေးနှုန်းကတော့ 135000 ရှိပါတယ်။
အားလုံးပဲအဆင်ပြေကြပါစေ။

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...