အောက်တိုဘာလ ၁ ရက်နေ့ ၂၀၁၄ တွင်
ထိုင်းနိုင်ငံအစိုးရမှ တရားဝင်ဖွင့်လှစ်ထားသော
အစိုးရထီ လွတ်တရီ (Lottery) ၂ စောင်တွဲ
ဘတ် ၄ သန်းနှင့် အပိုဆု ဘတ် ၂ သန်း
စုစုပေါင်း ဘတ် ၆ သန်းထီပေါက်
သွားသောမြန်မာအလုပ်သမားကို
ထိုင်းအလုပ်ရှင်သူဌေးက မြန်မာနိုင်ငံသားဖြစ် သောကြောင့်ဆုငွေထုတ်ယူရာမှာ ကိုယ်တိုင်ထုတ်ယူလို့မရဘူးဟုဆိုကာ ဘတ် ၄ သန်းပေါက်သော ထီလက်မှတ်ကိုသိမ်းသွားခဲ့ပြီး ၄င်းမှတဆင့်ဆုငွေကို ထုတ်ယူပေးကာ မိမိဘဏ်မှတဆင့် မြန်မာ ပြည်သို့လွှဲပေးမည်ဟုဆိုသည်။
ထိုအလုပ်သမားက ထိုင်းနိုင်ငံတွင် ပညာသင်ကြားနေသော ဆရာတော်ဦးတေဇအားအကူအညီ တောင်းခံရာ ဆရာတော်က MWRN သို့ဆက်သွယ်ပြီး ဆရာတော်နှင့်တကွဆုငွေလာရောက် ထုတ်ယူပေးရန်တိုင်ပင်လာသည်။
ထို့ကြောင့် သူဌေးဆိုသူကို 6.10.2014 ရက်နေ့တွင် နွန်ထဘူရီမြို့ရှိ လွတ်တ
ရီရုံးကြီးတွင် ချိန်းဆိုပြီး ထီလက်မှတ်ပြန်လည်တောင်းပေးပြီး ဆုငွေများအားထိုအလုပ်
သမားဘဏ်အကောင့်ထဲသို့အခါတည်းလွဲပြောင်းပေးခဲ့သည်။
မြန်မာရွှေပြောင်းလုပ်သားများအခွင့်အရေးကွန်ရက်
ကူညီပေးသူများနှင့် အမှတ်တရ ဓါတ်ပုံရိုက်ကာ အလုပ်သမား၏ ဆန္ဒအရ ပုံဖျက်ပေးထားသည်။

No comments:
Post a Comment