ဘာလို့ ဒီလိုရေးလည်းဆိုတော့ အသုံးတည့်တယ် တတ်ထားသင့်တယ်လို့ ထင်တယ်
မြန်မာစာရေးမရဘူးလို့ ပြောလာတဲ့သူတွေမှာလည်း ဒီပြဿနာလေးကို တွေ့ ရလို့ ပါ
အဲ့မှာ Lenguage Bar လေး ပျောက်သွားတဲ့လူတွေ ပြန်ဖော်ဖို့  နည်းလေးတွေရယ်
တခြား ဘာသာစကား တစ်ခုခု ပြောင်းရိုက်မယ်ဆို ဒီစနစ်ကို မဖြစ်မနေ သုံးရမှာပါ
အခုလောလောဆယ် မြန်မာလိုရိုက်မယ် အင်္ဂလိပ်လိုရိုက်မယ် အဲ့ဆိုရင် Ctrl + Shift
ပြောင်းပြီး ရေးလို့ ရပါတယ် ။ တချို့ ကွန်ပျုတာတွေမှာ ကလိတာ လွန်သွားပြီးတော့
မြန်မာလိုပဲ ရိုက်ရတယ် ၊ အင်္ဂလိပ်လိုရေးမရ၊ ပြောင်းမရဖြစ်တတ်တယ် ။အလားတူပဲ
အင်္ဂလိပ်လိုရေးလို့ ရပြီး မြန်မာလိုရေးမရတာ ဖြစ်သွားတတ်ပါတယ် ။ အဲ့လိုအခါမှာ
မြန်မာစာကို ပြန်ထည့်ပေးရပါမယ် ။ ထည့်နည်းကတော့ Control Pennl ထဲကနေ
Regional Lenguage Option ဆိုတဲ့ setting ကို သုံးရပါမယ် ။ Window မှာဆိုရင်
Control Pennel =Regional and lenguages =Change Key boardကို တဆင့်စီ
နှိပ်ပါ လွယ်ပါတယ် ။ Window XP ကိုပြောရရင်.Control Pennel => Regionnal
and Lenguage Option => Lenguages => Details => Add => ကနေပြီးမှ
Keyboard Layout /IME ကို အမှန်ချစ်ပြီး လိုချင်တဲ့ ဘာသာစကားကို ရွေးထည့်
မြန်မာစာ ပျောက်သွားတဲ့သူက Alpha Zawgyi Keyboard ကိုပြန်ထည့်ရပါတယ်
အဲ့မှာ မြန်မာလိုပဲ ရေးရပြီး Ctrl + Shift နှိပ်လည်း အင်္ဂလိပ်လိုေ ရးမရတော့ရင်
US ကို ပြန်ရှာထည့်ပါ ။ နောက်တစ်ခုကတော့ ကိုယ်က တရုပ်လို ဂျပန်လိုရေးရင်
ဂျပန်စာ တရုပ်စာကိုထည့်ပါ ။ ဥပမာ ရုရှားလိုရေးချင်ရင် ရုရှားထည့် အင်စတော
လုပ်စရာမလိုပဲ မူလ၀င်းဒိုးမှာ ပါလာပြီးသား ဘာသာစကား အများကြီးပါ ။ မြန်မာ
ဘာသာစကားကို ရေးချင်လို့  ထပ်ပီးထည့်ရတာပါ ။ အင်စတော ထပ်ထည့်စရာ
မလိုတဲ့ ဘာသာတွေကိုလည်း ကိုယ်တိုင်လေ့လာကြည့်လိုက်ပါ သဘောတရားကို
နားလည်ထားနေရင် အခြားဘာသာ စကားတွေလည်း ကိုယ်တိုင် ထည့်တတ်မှာပါ
နောက်နားက ဒီမှာ နီပေါတွေ ပညာကိုသင်ပေးတော့ သူတို့ ဘာသာလိုရေးချင်တာ
ထည့်ပေးဖူးတာနဲ့  တခြားဘာသာတွေလည်း သုံးချင်ရင် ရေးချင်ရင်ဒီလိုပဲ လုပ်ဖို့ 
ဆိုတာကို သိစေချင်တာပါ ။ ပြီးတော့ အကြောင်းအမျိုးမျိုးကြောင့် Lenguage bar
ပျောက်သွားတဲ့ သူတွေကလည်း အပေါ်က setting အတိုင်းပါပဲ ။ ပုံကိုကြည့်ပါ
စောစော ဘသာစကားထပ်ထည့်တာ မလို့  Add ကနေသွားတာ အဲ့မှာ မလိုအပ်
ရင် ကိုယ်မလိုတဲ့ ဘာသာစကားကို Remove နဲ့ ထည့်ပါ ပြဿနာလေးတစ်ခုကို
ပြောပြရရင် ကျနော်တို့ နားက စက်ရုံတစ်ရုံရဲ့ သူဌေးဆီမှာ ကွန်ပျုတာတစ်လုံးကို
ပြဿနာတက်နေတာ အင်္ဂလိပ်လို ရေးမရတာ ကီးဘုတ်မှာ T ကို နှိပ်ရင် Tမလာ
ပဲ အီတလီ ဘာသာစကားတစ်ခု ၀င်နေတာ တွေ့ တယ် ပြန်မဖြုတ်တတ်တာရယ်
ကြောင့်ပြင်ဆိုင်ပို့ ရမဲ့ အခြေနေမှာ မြန်မာသူငယ်ချင်း အကူညီနဲ့ လာပြင်ပေးဖို့ 
ဆက်သွယ်လာပါတယ် ။ ပြင်ဆင်ခကို ကြားပွဲစားက မလေးရှားငွေ 50 ပေးဖို့ လဲ
သဘောတူကြတယ်ပေါ့ဗျာ ။ သူက ကျနော့ဆိုဒ်ကို ဒိုမိန်းဝယ်ပေးထားတဲ့သူပါပဲ
ဒီလိုနဲ့  Sunday မှာ ပြင်ပေးဖို့ သဘောတူလိုက်တယ် ။လာခေါ်တယ် ပြန်ပို့ တယ်
ကြွေးတယ် ပေါဗျာ ။ 50 ရတယ်ပေါ့ဗျာ ကျနော်တို့ စက်ရုံမှာ မနက်၈နာရီကနေပြီး
ည8နာရီအထိ 12နာရီလုပ်မှ 50ပဲရပါတယ် ။ အခု 15မိနစ်မကြာဘူး ပြင်တာက
ဒါပေမယ့် ပညာဆိုတာလွယ်လွယ်ပေးရင် တေးဖြစ်ဆို တဲ့ စကားပုံရှိနေလေတော့
ကျနော်သွား ကြည့်တယ် စာရေးမက ဒီလိုဒီလို ပြောတယ် ။ ပြဿနာတက်တယ်
ဘာညာပေါ့ ။ ရေးမရတဲ့ ပြဿနာကိုတာ့ Lenguage bar ထောက်ကြည့်လိုက်
သိလိုက်ပါပြီ ။ US လို့ ခေါ်တဲ့ အင်္ဂလိပ်ဖောင့် ပျောက်နေတယ် ။ လုပ်လိုက်ရင်
15မိနစ်မကြာဘူး သိပေမယ့် အနည်းငယ် စက်ကိုရှင်းလိုက်ပါတယ် ။ မြန်အောင်
သွက်အောင်လုပ်တယ် ။ ပြီးမှ အထဲမှာရောက်နေတဲ့ အီတလီ ဘာသာကို ဖြုတ်ပီး
US ဖောင့်ထည့်လိုက်တယ် ။ အဆင်ပြေသွားပါတယ်။ ဒီနေရာမှာ ပုံလေးတစ်ခု
ဖတ်မိပါတယ် ။ သမီးစံ မျှဝေတာပါ ။ လူတစ်ယောက်က ကားပျက်နေလို့ ကားပြင်
ဆိုင်ကို ဖုန်းခေါ်ပီး လာပြင်ခိုင်းလိုက်တယ်။ ပြင်တဲ့ဝပ်ရှော့ဆရာက ဖွင့်ပြီးတော့
ကားကို ဟိုခေါက် ဒီခေါက် လိုက်လုပ်တယ် ။ ပီးတော့ ကောင်းသွားတယ်ပေါ့ဗျာ
ကားပြင်ဆင်ခကိုေ ဒ်ါလာ100 လို့ ပြောတော့ ကားသမားက တင်းသွားပြီးတော့
ခင်းဗျားဗျာ ..ဟိုခေါက်ဒီခေါက်လေးနဲ့  ဒေါ်လာ 100 ယူရသလား.. စလစ်ရေးပေး
ဝပ်ရှော့ ပိုင်ရှင်ဆီတိုင်မယ် ဆိုတော့ ကားပြင်ဆရာက ဒီလိုရေးပေးလိုက်တယ်
ဟိုခေါက်သည်ခေါက်ခ 1ဒေါ်လာ ဘယ်နေရာကို ခေါက်ရမယ်သိတဲ့ ပညာခက
99ဒေါ်လာတဲ့ ။ စာပေဟောပြောပွဲတစ်ခုမှာ ပညာရဲ့အရေးပါပုံကို ပြောဟောတာ
ဖေ့ဘွတ်မှာ ဟိုနေ့ တွေ့ လို လမ်းကြုံထည့်ရေးလိုက်တာ ဆိုလိုချင်တာကတော့
ဒီပုံပြင်လးကို ဆိုဒ်ထဲမှာ စာလာဖတ်သူတွေကို ပညာလေးက သေးပေမယ့်လည်း
သိထား တတ်ထားသင့်တာကို ပြောချင်တာပါ ။ အဲ့တော့ လုပ်ကြည့်ပါ အဆင်မပြေ
လိုအပ်သည်ရှိသော် အီးမေးပို့ လိုက်ပါ ။ ကျနော် နားလည်းသလောက် ကူညီပါ့မယ်
အချိန်ရသလောက်ပေါ့ ။ ချက်တင်မှာ မမေးစေချင်တာက မသိလိုက် မဖြေလိုက်တာ
ရှိပါတယ် အကောင့်ကတော့ ဖွင့်ထားတယ်။စာတွေလည်းရောက်နေတယ် အလုပ်က
သူဌေးလာလို့  ပိတ်လိုက်တယ်ဆိုရင် ပို့ ထားတဲ့စာတွေမဖတ်ဖြစ် ပြန်ရှာမရတာတွေ
ဖြစ်ပါတယ် ။ ပြီးတော့ ပြန်ရှာရခက်ပါတယ်။ဒါကြောင့် မေးထဲကိုပဲ ပို့ ပေးစေချင်တာ
အီးမေးဆိုရင် ဖတ်ဖြစ်တယ်။စာပြန်တယ် မသိသေးတာ ရှာမတွေ့ သေးတာကိုတော့
မပြန်ဖြစ်ပါဘူး ။ ကဲစာလည်းရှည်ပါပြီ ။ ဆဲမှာလည်းစိုးရသေး လမ်းကြုံလို ၀င်ဖတ်မိ
ကြည့်မိသည်ရှိသော် ဘယ်နိုင်ငံသွားသွား မြန်မာဖောင့်ကို ထည့်တတ် ရေးတတ်
ဘယ်လူမျိုး ဘယ်နိုင်ငံ သူငယ်ချင်းက အကူညီတောင်းတောင်း ထည့်ပေးတတ်
ပြုပြင်ပေးတတ်ရင် ပညာတစ်ခု တိုးတာပါပဲ ။ ရုံးတွေမှာ လုပ်နေကြပီးတော့လည်း
Excel နဲ့  Work ကလွဲပြီး ဘာမှကိုမသိတဲ့ စာရေးမ ရုံးလုပ်သမားတွေ အများကြီး
ရှိနေသေးတယ် ။ ပြီးတော့ XP ကို အခြေခံ ရှင်းပြတာကလည်း Xp ကို လုံးဝကြီး
မပစ်ပယ်နိုင်သေးပါဘူး Window 7 ရဲ့ System Requirement က 2GB ပါလို့ 
ဆိုထားပါတယ် ။ အဲ့တော့ ရုံးတွေမှာကတော့ အဲ့လောက်မမြင့်တာတွေ အများကြီး
ရှိနေပါတယ်။ စက်တွေကလည်း Excel နဲ့  Word ပဲသုံးမှာဆိုတော့ တအားမမြင့်
အကောင်းစားတွေလည်း မဟုတ်ပါဘူး တခါတလေ ကျနော်မြန်မာဖောင့်ထည့်လို့ 
သူတို့ အလုပ်လုပ်နေရင်း Ctrl+shift နှိပ်မိလို့  အတုံးလေးတွေ ပေါ်လာတော့
မလုပ်တတ် မကိုင်တတ် ဖြစ်သွားပြီး Restart ပြန်ချလိုက်ရတာတွေ ရှိပါတယ်
နောက်ပြီး အခုကိုယ်က ဒီနည်းလေးကို နားလည်နေလို့  တခြားတယောက်ရဲ့
ကွန်ပျုတာကိုသွားပြီး အီတလီ ဘာသာထည့်ပေးပီး သိမသိ စမ်းကြည့်လိုက်ပါ
ကျနော်လည်း အခုဆရာဝန်တွေလိုပဲ အခေါင်းထဲရောက်သွားတဲ့ လူနာကိုတော့
ထည့်မပြောဘူး ပြင်လို့ ကောင်းတာပဲ နမူနပြတာ ပျက်သွားတာတွေ ပြင်မရတာ
တွေလည်း ကြုံရပါတယ် ပိုက်ဆံတစ်ကျပ်မှမရပဲ စားပီးသောက်ပီး ခြေသလုံးကြီး
ခရီးစဉ်တွေလည်း အများကြီးပါ ကဲ....ကြိုက်ရင် လေ့လာပေတော့................။
No comments:
Post a Comment