ဗိုက်နာသည့်အကြောင်းများစွာရှိသည့်ထဲ့မှ အူအတက်ရောင်ခြင်းကြောင့် ဗိုက်နာခြင်း တစ်မျိုးလည်းရှိပါသည် ။ အူအတက်ရောင်လျှင် ဗိုက်နာသည့်နေရာက ဝမ်းဗိုက်ညာဖက်အောက်ပိုင်းနေရာက နာတက်ပါသည် ။ ဗိုက်နာတယ် ဗိုက်နာတယ်ဆိုတိုင်းလည်း အူအတက်ရောင်သည့်လို့ စိုးရိမ်စိတ်များဖြစ်တက်ကြပါသည် သို့ သောလည်းဗိုက်နာတိုင်း အူအတက်ရောင်တယ်လို့ သတ်မှတ်လို့ မရနိုင်သည့်အတွက် စိုးရိမ်စရာမဖြစ်စေချင်ပါဘူး သို့ သော်လည်း အူအတက်ရောင်တာကို မိမိကိုယ်တိုင်မသိနိုင်သဖြင့် နီးစပ်ရာဆေးခန်း သို့ မဟုတ် ကျန်းမာရေးဝန်ထမ်းများကို အချိန်မိပြသစစ်ဆေးသင့်ပါသည် ။ စမ်းသက်ချက်ပြည့်စုံစွာ စစ်ဆေးပြီးလျှင် အူတက်ရောင်နေခဲ့ပါက အချိန်မိဆေးကုသခံယူဖို့ လိုအပ်ပါသည် ။
ဗိုက်နာခြင်းအကြောင်းများစွာကြောင့် သာမန်အစားအစာကြောင့် အစာမကြေခြင်း ဗိုက်နာခြင်း အနေအထားများဖြင့် ရောနှောတယ်လို့ ထင်ယူပြီး ဆေးသောက် ခြင်းနှင့် တိုင်းရင်းဆေးမြီးတိုများ သောက်သုံးနေခြင်းအတွက် အချိန်များစွာကုန်ပြီး မဖြစ်သင့်သည့် အနေအထားအရပ်ရပ်ကို ရောက်ရှိလာနိုင်ပါသည် ။
အူအတက်ရောင်ခြင်းဖြစ်နေသည့်ကို ကျန်းမာရေးဝန်ထမ်းများနဲ့ ပြသစစ်ဆေးခြင်းမလုပ်ခဲ့လျှင် နောက်ဆက်တွဲပြသနာများရှိပါသည် ။ အချိန်ကြာလာသောကြာင့် အူအတက်နေရာတွင် ပြည်တည်နိုင်ခြင်း ဖြစ်လာပြီး နောက်တွင် အူအတွက်ရောင်နေခြင်းလည်းဖြစ် ပြည်လည်တည်နေပြီး အူအတွက်ပေါက်သွားပြီး ဝမ်းဗိုက်နေရာများတွင် ဌင်းအူအတက်ပေါက်သောကြာင့် ဗိုင်းရပ်ပိုးများစွာ ပြန့် နှံပြီး အချိန်ကြာမြင့်လာပါက သွေးမှ တဆင့် တစ်ကိုယ်လုံး ပြန်နှံနိုင်ပါသည် ။ နောက်ကျနေခြင်းကြောင့် တစ်ကိုယ်လုံး ပြန့် နှံနေသည့်အချိန်ရောက်မှ ကုသမှု့ အတွက် ခွဲစိတ်ခြင်းလုပ်ဆောင်ပေမဲ့ အသက်အန္တရာယ်ရှိသည့်ကို အထူးသတိချပ်စေချင်ပါသည်
ပုံမှန်အားဖြင့်တော့ အူအတက်ရောင်ရောဂါကို အချိန်မှီသိရှိကုသနိုင်လျှင် စိုးရိမ်စရာမရှိပါဘူး ။
ဗိုက်နာခြင်းများ ရောနှောနေပေမဲ့ အူအတက်ရောင်ကြောင့်နာလာခြင်းလားလို့  သတိထားနိုင်စေအတွက် ဒီအူအတက်ရောင် ရောဂါစတင်နိုင်သည့် အခြေအနေ ပြောပြရရင် အူအတက်ရောင်ရောဂါစတင်ဖြစ်ပေါ်လာရခြင်းက ဦးစွာ ဗိုက်နာလာခြင်းက စတင်လာပါသည် ။ ဝမ်းဗိုက်အလယ် ချက်နေရာတစ်ဝိုက်က စနာလာပြီး နောက်ပိုင်းတွင် ညာဖက်အောက်ပိုင်းနေရာတွင် နာလာပါလိမ့်မည် ။ ဗိုက်နာနေခြင်းနှင့်အတူ တစ်ခြားလက္ခဏာတွေလည်းတွေ့ ရတက်ပါသည် ဝမ်းချုပ်ခြင်း ၊ ပျို့ အန်ခြင်း ၊ မူးဝေခြင်း နှင့်အတူ အဖျားပါဝင်ရောက်လာပြီး အဖျားတက်လာတက်ပါသည် ။
ဗိုက်နာခြင်းလည်း မသက်သာ အဖျားလည်းတက် လူလည်းပန်းနေသည့်အနေအထားရောက်နေလျှင် သင့်အနေဖြင့် နီးစပ်ရာ ဆေးရုံဆေးခန်းများသို့  ပြသကုသဖို့  လိုအပ်ပါသည် ။
အသက်ရာကျော်ရှည်ပါစေ
Credit - Mg Mandalay`s Facebook
No comments:
Post a Comment