Sunday, 12 October 2014

အိုင်အက်စ် တားဆီးရေးနှင့်အီဘိုလာ ထိန်းချုပ်ရေး တကမ္ဘာလုံးလုပ်ရန် ကုလတိုက်တွန်း


ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ ဆွန်နီ စစ်သွေးကြွအုပ်စုကို တားဆီးဖို့ ကမ္ဘာလုံးက ကိုယ်လုပ်နိုင်တာကို လုပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ကိုဘာနီမြို့ သုံးပုံတပုံကို သူပုန်တွေက သိမ်းလိုက်တာဟာ အင်မတန် စိုးရိမ်စရာ အခြေအနေဖြစ်ပါတယ်။

ဒါကြောင့် ပြဿ     နာ စဖြစ်ကတည်းက နိုင်ငံတွေကို ကိုယ့်အစွမ်းအစ ရှိသလောက်၊ တတ်နိုင်တဲ့ နည်းလမ်းတွေကို သုံးပြီး တားဆီးကြဖို့ သတိပေးခဲ့တာပါလို့ တူနီးရှားနိုင်ငံမှာ ရောက်နေတဲ့ ဘန်ကီမွန်းက ပြောပါတယ်။

ဒီလိုပဲ ကမ္ဘာ့အဆိုးဆုံး ကပ်ဘေးတခုဖြစ်တဲ့ အီဘိုလာ ရောဂါကိုလည်း ထိန်းသိမ်းကြဖို့ ဘန်ကီမွန်းက တိုက်တွန်းလိုက်ပါတယ်။

စစ်သားတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာဝန်တွေ၊ အထောက်အပံ့တွေကို ပို့ပေးနိုင်တဲ့ နိုင်ငံတွေကလည်း ပို့ကြပါတယ်။ စီမံခန့်ခွဲမှုဆိုင်ရာ အထောက်အပံ့တွေကိုတော့ ပေးနေပါတယ်။

အခု လုပ်ရမယ့် ကိစ္စက လက်ရှိ အရင်းအမြစ်ကို အဆ ၂၀ တိုးရမယ်။ အရှိန်ကိုလည်း အဆ ၂၀ တိုးရမယ်၊ ဒါမှ အီဘိုလာ ရောဂါကို ထိန်းချုပ်နိုင်မယ်လို့ ပြောပါတယ်။

ဘန်ကီမွန်းဟာ တူနီးရှားမှာ လွှတ်တော် ရွေးကေက်ပွဲကျင်းပဖို့ နှစ်ပတ်အလိုမှာ ရောက်နေတာပါ၊

တူနီးရှားရဲ့ နိုင်ငံရေး အပြောင်းအလဲကို ထောက်ခံတဲ့အကြောင်းပြောလိုက်ပြီး မဲပေးကြဖို့ကိုလည်း ပြည်သူတွေကို တိုက်တွန်းလိုက်ပါတယ်။

တူနီးရှားမှာ အခြေအနေတွေ ထင်ရှားတဲ့ တိုးတက်နေမှုတွေ ရှိနေသလို ကုလသမဂကလည်း တူနီးရှားဘက်မှာ ရှိနေတယ်လို့ ပြောပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/67503

ဘန်ကီမွန်း

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...