အောက်တိုဘာလ ၂ ရက်နေ့က အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလာပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမူနှင့် ဆက်စပ်ပြီး ဘင်္ဂလာဒေခ်ျ့မှ ဂျာမတ် အီစ္စလာမ်မီး အဖွဲ့ဝင် (၂) ဦးကို အိန္ဒိယရဲက ဖမ်းဆီးလိုက်သည်။
သူတို့နှစ်ဦးအား အဆိုပါ ဗုံးကွဲမူနှင့် ပတ်သက်ပြီး သံသယရှိရာမှ ယမန်နေ့က ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး ရမန် (၇) ရက် ယူထားကြောင်း အိန္ဒိယရဲက ထုတ်ဖေါ်ပြောကြားသည်။
အောက်တိုဘာလ ၂ ရက်နေ့ အနောက်ဘင်္ဂလာပြည်နယ် ဘာဒ၀န် Khayragarh ရှိ ဒေသအတွင်းမှ ကွန်ကရက် ခေါင်းဆောင် တစ်ဦး၏ အဌားနေအိမ်တွင် ဗုံးပေါက်ကွဲမူ ဖြစ်ပွားပြီး စစ်သွေးကြွ နှစ်ဦးသေဆုံးကာ တစ်ဦးကို ဒဏ်ရာဖြင့် ဖမ်းမိခဲ့သည်။
ယင်းဗုံးပေါက်ကွဲမူမှာ ဘင်္ဂလာဒေခ်ျ့ အစွန်းရောက်အဖွဲ့များ၏ လက်ချက်ဟု အိန္ဒိယ သတင်းစာများက ရေးသား ဖ်ါပြကြသည်။
သေဆုံးသွားသူ စစ်သွေးကြွများမှာ ချာကီးအာမတ်နှင့် ဆိုဗန် မန်ဒဲလ်တို့ဖြစ်ပြီး ဒဏ်ရာဖြင့် ဖမ်းမိသူမှာ ဟာဆန်ချာဟီးလ် ဖြစ်ကြောင်း၊ သူတို့မှာ ဘင်္ဂလာဒေခ်ျ့မှ စစ်သွေးကြွအဖွဲ့ဝင်များဖြစ်သည်ဟု အိန္ဒိယ သတင်းစာများတွင် ရေးသားကြသော်လည်း အိန္ဒိယရဲက အတည်မပြုနိုင်သေးကြောင်း သိရသည်။
ယင်းဗုံးပေါက်ကွဲမူနှင့် ဆက်စပ်ပြီး ဘင်္ဂလာဒေခ်ျ့ ဂျာမတ် အီးစ္စလာမ်မီးမှ ဖေါရစ်ဟူုစိန် ဆာဒါ (၃၂) နှစ်နှင့် ဆာဒန်ရှိတ် (၂၈) နှစ်တို့အား အနီးအနားရှိ ဘတ်စ်ကားဂိတ် တစ်ခုတွင် အိန္ဒိယ ရဲက ယမန်နေ့ နံနက် ဖမ်းဆီးလိုက်သည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ် ရှင်းလင်းမူ ပေးရန် ဘင်္ဂလာဒေခ်ျ့ အစိုးရမှ အိန္ဒိယ အစိုးရထံ တောင်းဆိုထားသည်ဟု သိရသည်။
(နိရဉ္စရာ- ၉ အောက်တိုဘာ ၂၀၁၄)
http://www.narinjara.com/burmese/?p=12195
No comments:
Post a Comment