လသာမြို့နယ် သံဈေး တွင် အောက်တိုဘာ ၈ ရက် ည ၆ နာရီခွဲခန့်က ဆိုင်ခန်းမီးလောင်မှုတစ်ခုဖြစ်ပွားခဲ့သည်။
လသာမြို့နယ်၊ သံဈေး ပထမထပ်ရှိ ကြွေထည်ပစ္စည်း ရောင်းချသော ဆိုင်ခန်းတွင် မီး လောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီး လောင်မှုဖြစ်ပွားရခြင်းအကြောင်း ရင်းကို မီးသတ်ဌာနမှ စစ်ဆေးနေဆဲဖြစ်သည်။
‘‘၆ နာရီ ၄၀ မှာ ကိုယ်တို့ သတင်းရတယ်။ ၇ နာရီ ၁၅ မှာ ထိန်းနိုင်တယ်။ မီးလောင်တဲ့ ဆိုင် ခန်းက ဆိုင်ခန်းအမှတ် (၁၄)။ အဲဒီမှာ ရောင်းတဲ့ ပစ္စည်းက ကြွေထည်ပစ္စည်းတွေ၊ အလှပန်းအိုးတွေ၊ ရောင်းတဲ့ဆိုင်ကပြောရင် ခြောက်ပေပတ်လည်ဆိုင်။ ကြွေထည် ပစ္စည်းတွေကို ပတ်တဲ့ပါကင်ဘူးတွေ လောင်တာ။ လောင်ကျွမ်းတဲ့ ဟာတော့ စစ်ဆေးနေဆဲ ဖြစ်ပါတယ်’’ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ အောက်မြန်မာပြည် ညွှန်ကြားရေးမှူး ဦးအောင်ကြည်ညွန့်က ပြောသည်။
မီးလောင်မှုဖြစ်ပွားရာနေရာ သို့ မီးသတ်ယာဉ်အစီး ၂၀ နှင့် အုပ်ချုပ်ရေးမှူးယာဉ် သုံးစီးလာ ရောက်ခဲ့သည်။

No comments:
Post a Comment