ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်ထဲက လိပ်ကျွန်း (ခေါ်)
ခိုတောင်ကျွန်းမှာ ဗြိတိသျှလူမျိုး ၂ ဦးသတ်ဖြတ်ခံရမှု ဖြစ်စဉ်ကို
စဉ်ဆက်မပြတ် လေ့လာနေပြီး မှန်ကန်တဲ့ လမ်းကြောင်းအတိုင်း ဖြစ်စေရမယ်လို့
ထိုင်းနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး Mark Kent က ပြောကြားလိုက်ပါတယ်။
လူသတ်မှု ကွင်းဆင်းအချက်လက် စုဆောင်းခဲ့တဲ့ ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက်အဖွဲ့ (MWRN)၊ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုး တက်ရေးဖောင်ဒေး ရှင်းအဖွဲ့ (HRDF) နဲ့ Cross Cultural Foundation (CrCF) အဖွဲ့ကိုယ်စားလှယ်တွေ နဲ့ အောက်တိုဘာလ ၈ ရက် ညနေပိုင်း ဘန်ကောက်မြို့ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။
သံအမတ်ကြီး Mark Kent ဟာ အောက်တိုဘာ ၂ ရက်နေ့က လူသတ်မှု စုံစမ်းဖော်ထုတ်ဖို့ နည်းပညာအကူအညီပေးလိုတယ်လို့ ထိုင်းရဲကို ကမ်းလှမ်းခဲ့ပါသေးတယ်။
ဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးအောင်ကျော်ကို ကိုအေးနိုင်က မေးမြန်းထားပါတယ်။
အသံဖိုင်နားဆင်ရန်
By အေးနိုင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/67304

No comments:
Post a Comment