Monday, 13 October 2014

မြန်မာနိုင်ငံတွင်.စားသုံးရန်မသင့်သော အမှတ်တံဆိပ် ၁၉ မျိုး ကြေညာ




အများပြည်သူ စားသုံးဖို့ မသင့်တဲ့ အစားအသောက် အမှတ်တံဆိပ် ၁၉ မျိုးကို ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဈေးနဲ့ ကျောင်းတွေ မှာ ရောင်းချနေတဲ့ အစားအသောက်တွေကို ၀ယ်ယူစစ်ဆေးရာမှာ သုံးစွဲဖို့မသင့်တဲ့ ဆိုးဆေးတွေပါဝင်တာ တွေ့ရလို့ အခုလို တားမြစ်ချက် ထုတ်တာလို့ ဆိုပါတယ်။

စားသုံးဖို့ မသင့်တဲ့ အစားအသောက်တွေကတော့ အမှတ်တံဆိပ် မပါတဲ့ ဝေဖာချောင်း၊ ၀င်းသန်းက ထုတ်လုပ်တဲ့ ငါးပိ၊ ၀မ်းဝမ်းက ထုတ်လုပ်တဲ့ ချိုချဉ်ပြားအမျိုးမျိုးအပါအ၀င် ဘုရင်တံဆိပ် ငရုတ်သီးအရောင်တင်မှုန့် စတာတွေအပါအ၀င် ၁၉ မျိုး ဖြစ်ပါတယ်။

အစားအသောက် ထုတ်လုပ်ရာမှာ ကျန်းမာရေးဝန်ကြီးဌာနက တားမြစ်ထားတဲ့ ဓာတုဆိုးဆေးများ လုံးဝ အသုံးမပြုဖို့နဲ့ မလိုက်နာပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈(က)အရ တရားစွဲဆိုအရေးယူ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/67651

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...