Sunday, 19 October 2014

DKBA နှင့် SSPP/SSA တို့အား အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက် နေမှုအပေါ် ကန့်ကွက် ရှုံ့ချကြောင်း ထုတ်ပြန်ကြေငြာချက်


ရက်စွဲ - ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ
 (၁၄) ရက်

   ၁။ ၂၀၁၄ ခုနှစ် အောက်တိုဘာလ (၂) ရက်နေ့
မှ စတင်ကာ၊ အစိုးရနှင့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ
 (၂၈) ရက်နေ့တွင် အပစ်အခတ်ရပ်စဲ ထားသော၊


ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ရှမ်းပြည်တပ်မတော် (SSA)အား မြန်မာ့တပ်မတော်မှ စစ်သည် လက်နက်အင်အား အလုံးအရင်းဖြင့် တဖန် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိခြင်း၊

၂။ ထို့အတူ ၂၀၁၄ ခုနှစ် အောက်တိုဘာလ (၁၀) ရက် နေ့မှစတင်ကာ၊ ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA) အားလည်းကောင်း အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိခြင်း၊

၃။ ထို့အပြင် အစိုးရနှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ပြုလုပ်နိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးမှုပြုလုပ် နေသော (NCCT) ၏အဖွဲ့ဝင်လည်း ဖြစ်သည့်၊ ဒိမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA) မှ ဗိုလ်မှူး စန်းအောင်အား ဖမ်းဝရမ်း ထုတ်ထားခြင်း၊

၎။ အထက်ပါ အကြောင်းအရာများ၊ အပြုအမှူများသည် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုဆိုင်ရာကိစ္စရပ်ကို များစွာ အနှောက် အယှက်၊ အဟန့်အတား ဖြစ်စေနိုင်သည်သာမက တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုများ နှင့် လက်ရှိအစိုးရကြား ယုံကြည်မှု တည်ဆောက်ခြင်းကို ပျက်စီးစေပါသည်။

၅။ ဤကဲ့သို့သော အပြုအမူများသည်၊ ပြည်ထောင်စုမြန်မာနိုင်ငံတွင် ငြိမ်းချမ်းမှုရှိပြီး အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်းအားစုများ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု ပြုလုပ်နိုင်ရန် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို ပျက်ပြားစေပါသည်။

၆။ အပစ်အခတ်ရပ်စဲထားသော ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ရှမ်းပြည်တပ်မတော် (SSA) နှင့် ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA) အား မြန်မာ့တပ်မတော်မှ  အင်အားသုံး ထိုးစစ်ဆင် တိုက်ခိုက်ခြင်း နှင့် ခေါင်းဆောင်များကို ဖမ်းဝရမ်းထုတ်ထားခြင်းသည် မြန်မာနိုင်ငံတော်အစိုးရမှ လုံးဝမလုပ်သင့်ကြောင်း မိမိတို့ ကချင်အမျိုးသားအစည်းအရုံး (KNO) မှရှုမြင်ပါသည်။

၇။ ထို့ကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံ အစိုးရ၊ သမ္မတမှ တိုင်းရင်းသား လူမျိုးများ၏ နေရာ ဒေသများသို့ အင်အားသုံး ထိုးစစ်ဆင် တိုက်ခိုက် ချေမှုန်းခြင်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များကို ဖမ်းဝရမ်းထုတ်ခြင်းကို ချက်ခြင်း ရပ်တန့်ရန် ထုတ်ပြန်ကြေငြာအပ်ပါသည။်

ဗဟိုကော်မတီ
ကချင်အမျိုးသားများအစည်းအရုံး (KNO)

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...