Wednesday, 15 October 2014

IS အကြမ်းဖက်အဖွဲ့အစည်းနှင့် ပတ်သက်သည့် စာရွက်များ ရန်ကုန်-ညောင်ဦး-မန္တလေး-ဟဲဟိုး ခရီးစဉ်ပြေးဆွဲသည့် လေယာဉ်ပေါ်မှ သိမ်းဆည်းရမိ


ရန်ကုန်-ညောင်ဦး-မန္တလေး-ဟဲဟိုး ခရီး
စဉ်ပြေးဆွဲသည့် KBZ လေကြောင်းလိုင်းဖြင့်
 စီးနင်းလိုက်ပါလာသော နိုင်ငံခြားသား
ဧည့်သည် ကျန်ခဲ့သည့် IS အကြမ်းဖက်
အဖွဲ့အစည်းနှင့် ပတ်သက်သည့် စာရွက်များ


ယင်းလေယာဉ်ပေါ်မှ သိမ်းဆည်းရမိခဲ့သဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

   “မနက် ၈ နာရီလောက်က တံတားဦးလေဆိပ်မှာ လေယာဉ်သန့်ရှင်းရေးလုပ်ရင်း IS နဲ့ ပတ်သက်တဲ့ စာရွက်တွေတွေ့ရတာပါ။ အကြမ်းဖက်အဖွဲ့အစည်းရဲ့ လက်နက်အင်အား၊ နယ်မြေအခြေအနေ၊ ဘဏ္ဍာငွေတွေ၊ လူအင်အားစတာတွေ ရေးသားထားတာ။ ဒါပေမဲ့ ဒါတွေက အွန်လိုင်းမှာ ဒေါင်းလော့ဆွဲကြည့်လို့လည်းရတယ်။  တွေးကြည့်တာပါ။

အဲဒီစာရွက်တွေ သယ်ဆောင်လာပြီး နိုင်ငံခြားသားဆင်းနေခဲ့တဲ့ ညောင်ဦးကို စောင့်ကြည့်စုံစမ်းနေပါတယ်”ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိုင်းတပ်ဖွဲ့မှူး ရဲမှူးကြီး သက်နိုင်က ဆိုသည်။   အဆိုပါလေကြောင်းလိုင်းခရီးစဉ်တွင် နိုင်ငံခြားသား ၁၂ ဦးအုပ်စုပါဝင်ကာ နံနက် ၆ နာရီတွင် ညောင်ဦးလေဆိပ်၌ ဆင်းနေခဲ့ကြောင်းနှင့် နံနက် ၈ နာရီခန့်က မန္တလေးတံတားဦးလေဆိပ်တွင် လေယာဉ်စစ်ဆေးရင်းမှ သိရှိရပြီး လေကြောင်းရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

 အောက်တိုဘာ ၇ ရက် ညနေ ၅ နာရီ ခန့်က နောင်ချိုမြို့ စစ်ဆေးရေးဂိတ်တွင် နမ့်ခမ်း-မန်းခရီးသည်တင်ယာဉ်ဗင်ပေါ်မှ ဒီဗွီဒီစက်ဟောင်းအတွင်း ဒီတိုနေတာ ၂၉ လုံး (ဝိုင်ယာ ၂စပါ၊

ငါးမူးလုံးအရှည် ၁ ဒသမ ၅ လက်မ)၊ ဒစ်ဂျစ်တယ် တိုင်ဘာသုံးခု၊ ကိုး ဗို့ဓာတ်ခဲခြောက် ကိုးလုံးနှင့် ယမ်းကြိုးသုံးကိုက် သယ်ဆောင်လာမှုကို ဖမ်းဆီးရမိခဲ့သဖြင့် သက်ဆိုင်ရာကစစ်ဆေးနေပြီး လုံခြုံရေးတိုးမြှင့်ဆောင်ရွက်နေကြောင်းလည်း သိရသည်။

Eleven Media Group

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...