အသက် ၃၁ နှစ်အရွယ် Kim Jong-un ကို စက်တင်ဘာလ ၃ ရက် နေ့ မှာ နောက်ဆုံး တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။
ဇူလိုင်လ တုန်းကတော့ ခြေထောက်နာနေတဲ့ ပုံစံမျိုးနဲ့ မြောက်ကိုရီးယားနိုင်ငံ တည်ထောင်သူ အဖိုးဖြစ်သူကို ဂုဏ်ပြုတဲ့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့အတွက် ကျန်းမာရေး ဆိုးဝါး နေတာ ဖြစ်မယ် လို့လည်း သုံးသပ် နေကြပါတယ်။
အရင်တစ်လ နှောင်းပိုင်းမှာတော့ Kim Jong-un အနေနဲ့ မသက်မသာ မှုတွေနဲ့ ကြုံနေရတယ်လို့ မြောက်ကိုရီးယားသတင်းမှာ ဖော်ပြထားပေမယ့် ဘာအသေးစိတ်မှ ထည့်မထားပါဘူး။
နယ်သာလန်တက္ကသိုလ်က ကိုရီးယားအရေးကျွမ်းကျင်သူ ပါမောက္ခ Remco Breuker ကတော့ မြောက်ကိုရီးယားမှာ ခေါင်းဆောင် အပြောင်းအလဲ ဖြစ်ပြီး Kim Jong-un ကို နေအိမ်အကျယ်ချုပ်ထားလိုက်ကြတာ ဖြစ်နိုင်တယ်လို့ ပြောဆိုထားပါတယ်။
ကိုရီးယားမှာ ခေါင်းဆောင် အပြောင်းအလဲ ဖြစ်နေပါစေ စနစ်ကတော့ ပြောင်းလဲမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။
Kim Jong-un ကို ကိုရီးယားခေါင်းဆောင်အဖြစ်လို့သာ ပြောဆိုနေကြပေမယ့် အမှန်တကယ်ကတော့ တိုင်းပြည်ကို အုပ်ချုပ် ချယ်လှယ်နေတာက Kim Jong-un မဟုတ်ပဲ ကွယ်လွန်သူ Kim Jong-un ဖခင်ရဲ့ လုပ်ဖော်ကိုင်ဖက် လူဟောင်းတွေသာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
ဒါပေမဲ့ မြောက်ကိုရီးယားခေါင်းဆောင် ဘာကြောင့် လူရှေ့သူရှေ့ကနေ ပျောက်သွားသလဲ ဆိုတာကတော့ ဘယ်သူမှ မသိကြသေးပါဘူး။
ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-10-09/1377215
No comments:
Post a Comment