တွင် PR (အချိုးကျကိုယ်စားပြု) စနစ်ကိုကျင့်သုံး
ရန် လက်မခံကြောင်း လှိုင်သာယာမြို့နယ်
ရှိ ပြည်သူ ၃ဝဝ ကျော်မှ အောက်တိုဘာ ၁၉
ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း သိရသည်။
ထိုသို့ လမ်းလျှောက်ဆန္ဒထုတ်ဖော်မှုကို လှိုင်သာယာမြို့နယ် (၂ဝ)
ရပ်ကွက်အနီးရှိ (၈၆) ဂိတ်ဟောင်းမှ ဆရာစံလမ်း၊ ဗိုလ်အောင်ကျော်လမ်း၊
ညောင်တုန်းလမ်းမကြီးမှတစ်ဆင့် အောင်မြေသာယာ ဘောလုံးကွင်းအထိ
ဗီနိုင်းများကိုင်ဆောင်ကာ စီတန်းလှည့်လည် ကြွေးကြော်ဆန္ဒပြခဲ့ကြခြင်း
ဖြစ်သည်။
အဆိုပါ ဆန္ဒပြရာတွင် “တရားမျှတမှု ရရှိရေး၊ အာဏာရှင်အဟောင်းအသစ် အလိုမရှိ၊
လူ့အခွင့်အရေး အပြည့်အဝ ရရှိရေး၊ PR စနစ် အလိုမရှိ၊
ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်မှန်သောဒီမိုကရေစီနည်းကျ ရေးဆွဲပြဋ္ဌာန်းပေးရေး”
စသည့်ကြွေးကြော်သံများဖြင့် လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့သည်။
ဆန္ဒပြရာတွင် ပါဝင်ခဲ့သူတစ်ဦးက “ပြည်သူတွေမလိုလားတဲ့ စနစ်ဆိုရင်
အစိုးရအနေနဲ့ ဖျက်သိမ်းပေးရမှာပါ။ ဒီစနစ်ကို ကျင့်သုံးမယ်ဆိုရင်
တိုင်းရင်းသားစည်းလုံးညီညွတ်မှုလည်း ပြိုကွဲသွားနိုင်တယ်။ ကျွန်တော်တို့
လုံးဝလက်မခံဘူး။ ကန့်ကွက်တယ်” ဟု ဆန္ဒပြနေစဉ်အတွင်း ပြောကြားခဲ့သည်။
လာမည့် အောက်တိုဘာ ၂၆ ရက်တွင်လည်း PR စနစ်ကို အလိုမရှိကြောင်း
ကန့်ကွက်ဆန္ဒပြမှုတစ်ရပ်ကို ရွှေပြည်သာမြို့နယ်တွင် ပြုလုပ်သွားမည်ဟု သိရသည်။
၂ဝ၁၄ ခုနှစ် ဇူလိုင် ၂၄ ရက်က ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းဝေးတွင်
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ၄၂ ဦးက
ကန့်ကွက်ခဲ့သော်လည်း အများစုက ထောက်ခံခဲ့၍ အချိုးကျကိုယ်စားပြုစနစ် (PR)
ကို လက်ခံဆွေးနွေးရန် အတည်ပြုခဲ့ပြီး တိုင်းရင်းသားလွှတ်တော်
ကိုယ်စာလှယ်များကလည်း လွှတ်တော်မတက်ဘဲ ပြည်သူ့လွှတ်တော်တွင် ပထမဦးဆုံး
ကန့်ကွက်ဆန္ဒပြခဲ့သည်။ ထို့ပြင် မြို့တော်ခန်းမရှေ့နှင့်
ပုဇွန်တောင်မြို့နယ်တို့တွင်လည်း PR စနစ်အား ကန့်ကွက်ကြောင်း
ဆန္ဒထုတ်ဖော်မှုများ ရှိခဲ့သည်။
PR စနစ်တွင် ပါတီကိုသာ မဲပေးရွေးချယ်ရသောစနစ်၊ ကိုယ်စားလှယ်လောင်းအား
တစ်ကြိမ်၊ ပါတီအားတစ်ကြိမ် မဲပေးရွေးချယ်ရသောစနစ်၊ ကိုယ်စားလှယ်လောင်းအား
တစ်ကြိမ်၊ ပါတီအားတစ်ကြိမ် မဲပေးရွေးချယ်ရမည် ဖြစ်သော်လည်း လူပုဂ္ဂိုလ်အား
နေရာအများစုပေးထားသော စနစ်နှင့် ကိုယ်စားလှယ်လောင်းများအနက်
နှစ်သက်ရာဦးစားပေး ၁၊ ၂၊ ၃၊ ၄ တပ်ပြီး ရွေးချယ်ရသောစနစ်
စသည့်လေးမျိုးရှိသည်ဟု သိရသည်။
Eleven Media Group
No comments:
Post a Comment