Monday 3 November 2014

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ကားနှင့် ဆိုင်ကယ်တိုက်မိ၍ သေဆုံး/ဒဏ်ရာရ

နေပြည်တော်၊ နိုဝင်ဘာ ၃

၂ဝ၁၄ ခုနှစ်၊ အောက်တိုဘာလ ၃ဝ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၄၉/၅) အနီး၌ ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ စကားအင်းအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။


စစ်ဆေးချက်အရ ရန်ကုန်မှ မန္တလေးသို့ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ တာမွေ(၄)ရပ်ကွက်နေ တရုတ်နိုင်ငံသား Mr. ZHU WEY DONG မောင်းနှင်လာသည့် ၃စ/**** တိုယိုတာကရောင်း အနက်ရောင်ယာဉ်နှင့်ယှဉ်၍ မြေသားလမ်းပေါ်မှ မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ရွှေတွင်းကုန်းရွာနေ မြင့်ကို(၃၉)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ ဦးပွကြီး(၄၈)နှစ်လိုက်ပါလာသော ၄ဝယ/***** ဂျာလင်းစူပါကပ် အစိမ်းရောင်ဆိုင်ကယ်သည် လမ်းလယ်ကျွန်းလမ်းဖြတ်သို့အရောက် ၃စ/**** တိုယိုတာကရောင်း အနက်ရောင်ယာဉ်၏ ရှေ့မှ ရုတ်တရက်ချိုးကွေစဉ် ကားက ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရှိရသည်။

ယာဉ်တိုက်မှုကြောင့် မြင့်ကိုတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီး ဦးပွကြီး၌ ယာချိုစောင်း၊ ဝဲမျက်ခုံးပေါက်ပြဲ၊ ယာတံတောင်ပွန်းပဲ့၊ ဝဲခြေသလုံးရိုးကျိုးဒဏ်ရာများရရှိခဲ့ သောကြောင့် မြင့်ကိုအား စကားအင်းအမြန်လမ်းရဲစခန်း ယာဉ်(ပ)၂၃/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃ဝ၄-က/ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia?fref=nf

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...