Saturday, 11 October 2014

နှမနှင့်အမေကိုသတ်ပြီးအလောင်းကိုလိင်ဆက်ဆံတဲ့သားမိုက် ထောင်ဒဏ်တစ်သက်ကျခံရ


ခင်ပွန်းကြီး ဆယ်ပါးကို လုံးဝ မပြစ်မှားအပ်ဟု
 နီတိဆရာတို့က ဆိုခဲ့ကြသည်။ ယခုမူ ခင်ပွန်း
ကြီး ဆယ်ပါးတွင် ထိပ်ဆုံးမှ ပါဝင်နေသော
 မာတာမိခင်ကို စော်ကား ခဲ့သည့် သားမိုက်မှာ
 တရားရုံး၏ ဆုံးဖြတ်ချက်နှင့် အတူ ထောင်ဒဏ်
တစ်သက် ကျခံရတော့မည် ဖြစ်သည်။



လူမဆန်စွာ ဆိုးရွားလွန်လှသည့် အဆိုပါ ဖြစ်ရပ်မှာ အမေရိကန် နိုင်ငံ တက္ကဆက် ပြည်နယ်ရှိ ကောပက် ခရစ္စတီ မြို့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အသက် ၁၈ နှစ် အရွယ်ရှိ ကီဗင် ဂျာဇာရယ် ဆိုသူ လူငယ်က သူ၏ မွေးမိခင် အရင်းခေါက်ခေါက်ကို တူဖြင့် ထုသတ်ကာ အသက်မဲ့ ခန္ဓာကိုယ်အား အဓ္ဓမ ပြုကျင့်ခဲ့ခြင်း ဖြစ်သည်။ ကီဗင်သည် မိခင်အား တူဖြင့် အချက်နှစ်ဆယ် တိတိ ထုနှက်ကာ သတ်ပြစ် ခဲ့ခြင်း ဖြစ်ပြီး သူက ညီမအရင်း ဖြစ်သူ အပေါ်တွင်လည်း ကြမ်းတမ်းသည့် လိင်စိတ်များ ဖြစ်ပေါ် နေခဲ့ကြောင်း တရားခွင်တွင် ၀န်ခံခဲ့သည်။

"ကျွန်တော့် စိတ်တွေ ကယောင်ခြောက်ခြား ဖြစ်မနေပါဘူး။ ကျွန်တော်က ရူးနေတာ။ ကျွန်တော် ဘာလုပ်တယ် ဆိုတာကို ကျွန်တော် သိတယ်"ဟု တာဝန်ရှိသူများကို ကီဗင်က ပြောခဲ့သည်။

ကီဗင်၏ ညီမဖြစ်သူ ဒီစီရေးက ကီဗင်အပေါ် ပြစ်ဒဏ်ချမှတ် အပြီးတွင် ကီဗင်အနေဖြင့် သူ့အား ကာကွယ်ပေးမည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်အပေါ် ပြစ်ဒဏ်ကျူး လွန် ခဲ့ခြင်း ဖြစ်ကြောင်း ဆိုခဲ့ပြီး ယခုအခါ ကီဗင့်ဘက်တွင် မည်သူမျှ ရှိတော့မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

Ref: Metro
Mizzima News Daily
ဆက်စပ်သတင်းဖတ်ရန်



ထောင်ဒဏ် တစ်သက် ကျခံရတော့မည့် သားမိုက် ကီဗင်။ ဓာတ်ပုံ - Metro

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...