Saturday, 11 October 2014

ထိုင်းအလုပ်သမားများဓါးဖြင့်ထိုး၊ မြန်မာအလုပ်သမား (၄) ဦးဒဏ်ရာရ


ဘန်ကောက်မြို့(........)  မိုးပျံ ရထားလမ်း
တည်ဆောက်ရေးလုပ်ငန်းခွင်တစ်ခုမှာယမန်နေ့
ညဥ့်  ၉နာရီ ခွဲလောက်မှာ ထိုင်းအလုပ်သမား
အချင်းချင်း စကားများကြပါတယ်။အဲဒါကို
အတူတူလုပ်ကြတဲ့ အလုပ်သမားတွေဖြစ်
တာကြောင့် မြန်မာအလုပ်သမားအချို့က


ဝင်ရောက်ဖျန်းဖြေကြပါတယ်။

          ထိုင်းတွေက နားလည်မှုလွဲပြီး မြန်မာအလုပ်သမားတွေကို ဓါးတွေနဲ့ ဝိုင်းထိုးကြတယ်လို့ အလုပ် သမားတွေက ပြောပါတယ်။ ပဲခူး က အသက် ၂၅ နှစ်အရွယ် အောင်ကျော်သူ  က ယာဘက် ဗိုက်ကို ဓါးထိုးခံရတာကြောင့် တာဆင်ဆေးရုံကို အရေးပေါ်ပို့လိုက်ရပါတယ်။



         ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှ အသက် ၃၆နှစ်အရွယ် ကိုဇေါ်ဝင်းထွန်း က ဘယ်ဘက်လည်ပင်းက သွေးကြောကို ပြက်ရှသွားပါတယ်။  နေပြည်တော် တပ်ကုန် က အသက် ၂၅နှစ်အရွယ် ခင်မောင်လင်းက ကြောကုန်းမှာထိုးမိပါတယ်။ ဧရာဝတီတိုင်း ပန်းတနော်မြို့ ကအသက် ၂၆နှစ် အရွယ် ကိုမြင့်အောင် ကတော့ တတောင်ကွေ့မှာ ဓါးဒဏ်ရာရရှိသွားပါတယ်။



           ဒီအလုပ်သမားတွေဟာ မြန်မာနိုင်ငံက .................. ကုမ္ပဏီနဲ့ ထိုင်းဘက်က........ကုမ္ပဏီတို့ တင်သွင်းထားတဲ့ ဆောက်လုပ်ရေးအလုပ်သမား တွေဖြစ်ကြပါတယ်။ဒီလုပ်ငန်းခွင်မှာ MOU အလုပ်သမား ၇၀ဦးရှိတယ်လို့သိရပါတယ်။

         MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က" ထိုင်းတောင်ပိုင်း ကော့တောင်ကျွန်း ကလူသတ်မှု နဲ့ မြန်မာနဲ့ ထိုင်း စိတ်ဝမ်းမချမ်းမြေ့ဖြစ်နေချိန်မှာ သတင်းအတိအကျ ထုတ်ပြန်ဖို့ခက်ပါတယ်။ မိုးလင်းရင် အလုပ်သမားသံအရာရှိနဲ့ မြန်မာသံရုံးကို သတင်းပေးပို့သွားပါမယ်။အကောင်းဆုံးဖြစ်အောင်တော့ ကူညီပေးပါမယ်" ဟုပြောဆိုသွားသည်။


       
   အလုပ်သမားများ သတင်းပို့လာချိန်တွင် ညဥ့် ၁၂နာရီထိုးနေပြီးဖြစ်သည်။

ရွှေလုပ်သား

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...