လွန်ခဲ့တဲ့ စက်တင်ဘာ ၁၅ရက်နေ့ က သတ်
ခံရတဲ့ နိုင်ငံခြားသားစုံတွဲနဲ့ ပတ်သက်လို့ 
၂၁-စက်တင်ဘာ-၂၀၁၄ တွင် မကြာခင်
အချိန်အတွင်းကပဲ မသင်္ကာစရာကောင်း
လောက်အောင် စိတ်ခြောက်ခြားနေသည့်ဟု
ယူဆရသည့် လူတစ်ဦးအား ဖမ်းဆီးမိကြောင်း
ဖငမ်းကျွန်းမှ တာဝန်ရှိရဲများထံမှ သတင်းရရှိခဲ့ပါတယ်။
နယ်မြေခံ ကာကီလူမျိုးများ၏ သတင်းပေးပို့ ချက်အရ အသက် ၂၃ နှစ်အရွယ် အမည်Le Phong wellness အား လွန်ခဲ့တဲ့ ရက်အနည်းငယ်တည်းက မျက်နှာစိမ်းလူတစ်ယောက် သည် ကာကီ လူမျိုးတို့ ၏ ရွာအတွင်း လာရောက် ပုန်းအောင်းနေပြီး စားသောက်ရန် ထမင်း၊ဟင်းများ တောင်းရမ်း စားသောက် လျှက်ရှိကြောင်း အကြောင်းကြားသဖြင့် သွားရောက်ဖမ်းစီးရာ ထိုသူမှာ ရဲများနှင့် ထိတ်တိုက် စတင်တွေ့ ဆုံစဉ်မှာပင် " နိုင်ငံခြားသားကို မရိုက်သတ် ရပါဖူး " ဟု ထိတ်လန့် စွာ ပြောဆိုနေပါသည်။ ယခုအခါ ရဲတပ်ဖွဲ့၏ ဖမ်းစီးစစ်ဆေးခြင်း ကို ခံနေရသည်။
စစ်ဆေးချက်အရ လောလော ဆယ်တွင် မူးယစ်ဆေးဝါး သုံးစွဲသူ အဖြစ်တွေ့ ရှိရပြီး လိပ်ကျွန်းလူသတ်မှုနှင့် စပ်စပ်မှု ရှိမရှိအား အသေးစိတ်ထပ်မံစစ်ဆေးနိုင် ရန် ထိန်းသိမ်းထားပြီး DNA စစ်ဆေးရေး လုပ်ဆောင်ချက်များကို ပြုလုပ်၍ သေဆုံးသူ အမျိုးသမီးကိုယ်တွင် တွေ့ ရသည့် DNA နှင့် ကိုက်ညီမှု ရှိ/မရှိအား ထပ်မံစစ်ဆေးမည်။
ထို့ အပြင် လိပ်ကျွန်းတွင် နိုင်ငံခြားသား စုံတွဲ အသတ်ခံရပြီးကာလ၊ နောက်ပိုင်းတွင် နခေါန်စီထမရမြို့ နယ် ပင်လယ်အတွင်းရှိ တငါများ၏ သတင်းပေးပို့ ချက်အရ အမည်မသိ ထိုင်းလူမျိုး ၁ဦးသည် Little Doug အမည်ရေးထိုးထားပြီး အဖြူ-လိမ္မော်-အနီရောင် စပ်ထားသော စပိဘုတ်ဖြင့် ဖငမ်းကျွန်းဖက်မှ တောင်ဖက် တည့်တည့်သို့ ဦးတည် မောင်းနှင်လာပြီး ၄င်းတို့ အား နခေါန်စီထမရနယ်အတွင်းရှိ ခနောမ် သို့ ဦးတည်ရမည့် လမ်းအား မေးမြန်းခဲ့ပြီး လမ်းညွှန်မှုအတိုင်း ဦးတည် မောင်းနှင်သွားသော်လဲ အရှေ့ တွင်ရှိသော နယ်မြေခံရဲတပ်ဖွဲ့ များ ၏လှည့်ကင်းများအား အဝေးမှ လှမ်းမြင်ပြီး တောင်ဖက်သို့ အလျှင်အမြန် ချိုးကွေ့ ၍ မောင်းနှင် ထွက်ခွာသွားခဲ့သည် ဟုတ် ထိုင်းရဲများအား သတင်းပို့ ခဲ့သည်။
ထိုင်းရဲများအနေဖြင့် မှုခင်းနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သည့် အပေါင်းပါများ ဖြစ်နိုင်ပြီး ကျွန်းပေါ်မှ ပျောက်သွားသော လူအချို့  ထဲမှ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။
ASTV Manager ภาคใต้ သတင်းဌာနဖော်ပြချက်အား Lu Gyi Minမှ ဘာသာပြန် ဖော်ပြလိုက်ပါသည်။
မူရင်းလင့်

No comments:
Post a Comment