ဖြန့်ချိရေးဝန်ထမ်း သုံးဦးဟာ အောက်တို
ဘာလ ၁၀ ရက် နံနက် ၄ နာရီခွဲအချိန်မှာ
မြောက်ဥက္ကလာပမြို့နယ်မှာ ယာဉ်မတော်
နယ်မြေ ရဲစခန်းဆီကနေ စုံစမ်း သိရှိရပါတယ်။
သုဓမ္မာလမ်း၊ ည ရပ်ကွက်၊ ဧရာလမ်းထိပ် လမ်းဘေးမှာ ညအိပ်ရပ်နားထားတဲ့ ၁၅၇
ခရီးတင်ယာဉ်ကို သတင်းစာ ဖြန့်ချိတဲ့ မော်တော်ယာဉ်က ဝင်တိုက်မိရာကနေ
ယာဉ်မောင်း အပါအဝင် သတင်းစာ ဖြန့်ချိသူ သုံးဦးသေဆုံးတာလို့ အဲဒီစခန်းကနေ
သိရပါတယ်။ တစ်ဦးကတော့ ဒဏ်ရာ အပြင်းအထန် ရရှိသွားပါတယ်။
“သတင်းစာပို့တဲ့ ကားက အရှိန်နဲ့ မောင်းလာရင်း ကားကြီး ဖင်ပိုင်းကို
ဝင်တိုက်တာ၊ တိုက်တဲ့ အရှိန်ကြောင့် ကားကြီးက ပေ ၄၀ လောက် ရွေ့သွားတယ်”
အမှုစစ် ယာဉ်ထိန်းရဲအရာရှိ ရဲအုပ် ဇော်နိုင်ဦးက ပြောပါတယ်။
သတင်းစာပို့တဲ့ကားရဲ့ ခေါင်းခန်းတစ်ခုလုံး ကြေမွသွားပြီး ကားယာဉ်မောင်း နဲ့
နောက်ခန်းမှာ ပါတဲ့ ၂ ယောက် က နေရာမှာတင် ဆုံးသွားပြီးတော့ ဒရိုင်ဘာ ဘေးက
တစ်ယောက်ကလည်း အခြေအနေ မကောင်းဘူးလို့ သူက ဆက်ပြောပါတယ်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် အသက် ၄၀ အရွယ်ရှိ ယာဉ်မောင်း ကိုသိန်းလွင်၊ အသက်
၂၀ အရွယ်ရှိ ကိုဇင်ဝင်းထွန်းနဲ့ ကိုအေးမင်းထွန်းတို့ သေဆုံးသွားတယ်။
ထိခိုက်ဒဏ်ရာ အပြင်းအထန် ရထားသူကို ရန်ကုန် ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ်
ကုသနေရတယ်လို့ ဒီမိုကရေစီတူးဒေး သတင်းစာတိုက်ရဲ့ တာဝန်ရှိသူ တစ်ဦးက
ပြောပါတယ်။
“နေ့စဉ် မှာထားတဲ့ သတင်းစာတွေကို အချိန်မီရောက်ရှိအောင် ကြိုးစား
ပို့ဆောင်ပေးရာက သေဆုံးဒဏ်ရာ ရခဲ့တဲ့သူတွေ အတွက် အင်မတန်မှ စိတ်မကောင်းမှ
ဖြစ်မိပါတယ်၊ သတင်းစာတိုက်က တာဝန်ရှိ လူကြီးတွေက နစ်နာဆုံးရှုံးခဲ့သူ
တွေအတွက် အကောင်းဆုံး လုပ်ပေးနိုင်ဖို့အတွက် လတ်တလော တိုင်ပင်နေပါတယ်” လို့
သူက ဆိုပါတယ်။
ယာဉ်တိုက်မှုကို မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီနယ်မြေ ရဲစခန်းက ပုဒ်မ ၃၀၄-က/ ၃၃၈/ ၂၇၉ တွေနဲ့ အမှုဖွင့် ထားပါတယ်။
No comments:
Post a Comment