လူတစ်ဦးရဲ့
တစ်သက်တာမှာ အသက်အရွယ် အပိုင်းအခြား အလိုက် ဇီဝကမ္မ အနေ အထား၊
ပတ်ဝန်းကျင်နဲ့ ဘဝနေကျင့် ပုံစံတွေဟာ ကွဲပြား ခြားနားလာကြတဲ့ အလျောက်
အဖြစ်လွယ်၊ အဖြစ်များတဲ့ ရောဂါချင်းလည်း မတူတတ်ကြပါ။ ဒါကို သိထားရင် စိတ်ထဲ
ရှင်းနေတော့ ကြိုတင်ကာကွယ်နိုင်သလို ကုသမှုကိုလည်း စောစီးစွာ
ခံယူနိုင်ပါလိမ့်မယ်။
အသက်၂၀-၃၀ အရွယ်
သွေးမတည့်၊ ဓာတ်မသင့်တာ ဖြစ်လွယ်လှပါတယ်။ အကြောင်းကတော့ လူငယ်ကာလမှာ ကိုယ်ခံအား မပြတ်မြင့်တက်နေဆဲမို့ တုံ့ပြန်အား အထူးပြင်းနေ၊ ထက်နေတဲ့ အတွက်ကြောင့်ပါပဲ။
အသက် ၃၁-၄၀ အရွယ်
အယောက် ၂၀ မှာ တစ်ယောက်ဟာ ခေါင်းကိုက်တတ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးများ ပိုဖြစ်တတ်တယ်။ ဒီလို ခေါင်းကိုက်ဝေဒနာ ဖြစ်ရတဲ့ အကြောင်းရင်း အလွန်များပါတယ်။
အရက်သောက်ခြင်း၊ သန္ဓေ တားဆေးသုံးစွဲခြင်း၊ အလုပ်ပင်ပန်းခြင်း၊ အလုပ်ဖီစီးမှုကြီးခြင်း စတာတွေ ကြောင့်ပါ။
အသက် ၄၁-၅၀ အရွယ်
အဖြစ်များဆုံး ကတော့ နှလုံးကြွက်သား သွေးငတ်၊ သွေးပြတ်နာပါပဲ။ (အထူးသဖြင့် အမျိုးသားတွေ အဖြစ်များတယ်။) အမျိုးသမီးတွေမှာတော့ သွေးဆုံးခါနီး အရွယ်ဖြစ်ရင် သွေးဆုံးကိုင်တဲ့ ဝေဒနာ ခံစားရတတ်ပါတယ်။ အစမှာ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ အားမရှိ ချည့်နဲ့ခြင်း၊ အိပ်မပျော်ခြင်း၊ ပျာယာခတ်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ ထိတ်လန့် ကြောက်ရွံ့ခြင်း ၊ ကိုယ်တစ်ချက်တစ်ချက်ပူခြင်း၊ ချွေးထွက်လွယ်ခြင်း၊ ကာမရာဂ စိတ်ဆန္ဒလျော့ပါးခြင်း၊ ခါးကိုက်ဗိုက်နာခြင်း၊ သားမြတ်တင်းခြင်း၊ ခြေလက်ထုံကျဉ်ခြင်း (သို့) ဖောရောင်ခြင်း၊ ဓမ္မတာမမှန်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။
အသက် (၅၀) ဝန်းကျင်မှာ ပခုံးပတ်လည် ရောင်ရမ်းတာလည်း သိပ်ဖြစ်လွယ်ပါတယ်။
အသက် ၅၁-၆၀ အရွယ်
အဖြစ်အများဆုံး ရောဂါကတော့ ကင်ဆာပါပဲ။ အဓိက အကြောင်းရင်းကတော့ ကိုယ်ခံအား ဆုတ်ယုတ်ကျဆင်း လာလို့ပါ။ အဓိက အကြောင်းရင်းကတော့ ကိုယ်ခံအား ဆုတ်ယုတ်ကျဆင်း လာလို့ပါ။ ဒါအပြင် ပတ်ဝန်းကျင် ညစ်ညမ်းမှု ၊ အစားအစာ ညီညွတ်မျှတခြင်း မရှိမှု၊ ဆေးလိပ်နဲ့ အရက်သောက်သုံးမှု၊ စိတ်ချမ်းသာအောင် မနေနိုင်မှု ဒဏ်တွေ ကာလကြာရှည် ခံစားလာခဲ့ရတာနဲ့လည်း ဆက်စပ်ပတ်သက်နေတတ်ပါတယ်။
အသက် ၆၀ နှစ်အထက်
အဖြစ်အများဆုံး ကတော့ အရိုးပွခြင်းပါပဲ။ အထူးသဖြင့် အမျိုးသမီးတွေမှာ ဖြစ်လွယ်ပါတယ်။
Source : မြန်မာတို့အတွက် မြန်မာ့ဆေးမြီးတို

No comments:
Post a Comment