- (၁) တစ်နေ့ထမင်းသုံးနပ် မှန်မှန်စားရပါမယ်။
- (၂) တစ်နေ့(၈)နာရီ မှန်မှန်အိပ်ရပါမယ်။
- (၃) တစ်နေ့ အားကစားနာရီဝက် မှန်မှန်လုပ်ရပါမယ်။
- (၄) စိတ်နှလုံးကျန်းမာဖို့ တစ်နေ့ နာရီဝက် ပြုံးရယ်ရပါမယ်။
- (၅) ဒါက ထူးခြားချက်ပါ။ နေ့တိုင်း အိမ်သာတက်ရပါမယ်။ လူတွေက အပေါ်ပေါက်အဝင်ခံပြီး အောက်ပေါက်က မထွက်ကြဘူး။ ဒါဟာ သဘာဝဖြစ်စဉ်ပါ။ အိမ်သာတက်ကိုတက်ရပါမယ်။
- (၆) ကိုယ်ချစ်တဲ့လူနဲ့ ပေါင်းသင်းဆက်ဆံရေးသင့်မြတ်ရပါမယ်။ သူ(သူမ)နှစ်သက်တဲ့ စကားသုံးခွန်းကိုပြောပေးပါ။ ယောက္ခမနဲ့လည်း ဆက်ဆံရေးကောင်းမွန်ရပါမယ်။
- (၇) အရက်၊ ဆေးလိပ် ဝေးဝေးရှောင်ရပါမယ်။
“စားနိုင်သောက်နိုင်တိုင်း မကျန်းမာဘူး၊ စားတတ်သောက်တာမှ ကျန်းမာတယ်။ လျှောက်စားလျှောက်သောက်ရင် ပိုဆိုးတယ်”
“ဗိုက်နဲ့အစားစားတာ ပြည့်ဝဖို့၊ ပါးစပ်နဲ့အစားစားတာ အရသာခံဖို့၊ ဦးနှောက်နဲ့အစားစာတာ ကျန်းမာဖို့”
“မနက်စာ ဘုရင်လိုစားပါ၊ နေ့လယ်စာ မှူးမတ်လိုစားပါ၊ ညစာ သူတောင်းစားလိုစားပါ
No comments:
Post a Comment